Back
Showing 1-20 of 38 results

ရာထူး တိုးပေးဖို့ စဉ်းစားတော့မယ် ဆိုရင် ……

October 16, 2023
12

အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ၊လုပ်သက်ရင့်ဝန်ထမ်တွေ နဲ့ အလားအလာရှိတဲ့ ဝန်ထမ်းတွေကို ရာထူးတိုးမြှင့်ပေးတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ ? ဒိထက်ပိုပြီး ကြီးလေးတဲ့ တာဝန်တွေ ၊တာဝန်ယူ တာဝန်ခံတတ်မှုတွေနဲ့ အဆင့်အလိုက်တာဝန်ခွဲဝေ ဆောင်ရွက်တတ်စေဖို့ ဖြစ်ပါတယ်။ ရာထူးနေရာဆိုတာ တကယ်တမ်းတော့ တာဝန်ပါပဲ။ရာထူးနေရာ ပိုကြီးလာလေလေ တာဝန်ခံမှုတာဝန်ယူမှုအပိုင်းက ပိုပြီးများလာလေလေပါပဲ ။ ဒီနေရာမှာ ရာထူးတိုးမြှင့်ရေးနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ရမှာ သိသင့်တဲ့ အခြေခံအချက်အလက်လေးတွေကို တင်ပြချင်ပါတယ်။ ကိုယ်က ရာထူးတိုးမြှင့်ပေးရမယ့် နေရာမှာ ရှိနေခဲ့ပြီဆိုရင်တော့ ဒါကအခြေခံ အချက်အလက်ပါ၊ဒါကို သိထားမှ ပိုပြီးအဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ …

HR Digital Transformation

October 16, 2023
10

Marketing 4.0 ဆိုပြီး ပေါ်ထွက်လာပြီးတဲ့နောက် Moving from Traditional to Digital ဆိုပြီး ပြောင်းလဲ လာတဲ့ နည်းပညာကြောင့် ခေတ်ရဲ့ အရွေ့ကို ညဏ်ရှိသူတို့က ကျော်လွှားလာကြတာကို တွေ့မြင်ရပါတယ် ။ လုပ်ငန်းခွင်ထဲမှာ နည်းပညာထွန်းကားလာမှုကြောင့် မဖြစ်မနေ အသုံးပြုလာရတဲ့ Software Systems တွေက လုပ်ငန်းတာ၀န်တွေကိုလည်း ပိုပြီး အားကောင်းလာအောင် ထောက်ပံ့လာတယ် ဆိုတာ အသေအချာပါပဲ ။ ပုံမှန်လုပ်နေကြ ရုံးလုပ်ငန်းတွေမှာ ကွန်ပျူတာ အသုံးပြုပြီး Software တွေ အသုံးပြုလာကြတာကို …

ကြွက်ထောင်ချောက်နှင့် အဖွဲ့အစည်းသံသရာ

October 16, 2023
4

အဖွဲ့အစည်းတွေမှာ အမြဲတွေ့နေရတဲ့ အကြောင်းအရာတစ်ခုက ဒီကိစ္စ ငါနဲ့ မဆိုင်ဘူးဆိုတာပါပဲ ။ အလုပ်မှာ ၀န်ထမ်းတစ်ယောက် မသမာမှု လုပ်တယ် ၊ ငါနဲ့ မဆိုင်ပါဘူး ဆိုပြီး သက်ဆိုင်ရာတာ၀န်ရှိသူကို မပြောဘူး ၊ ဖောက်သည်တစ်ယောက်စျေး၀ယ်လာလို့ ကိုယ့်ဆိုင် ကိုယ့်၀န်းထဲ ရောက်လာရင် အရောင်းတာ၀န်ရှိသူက လွဲလို့ တစ်ခြားဌာနက ၀န်ထမ်းတွေက ငါနဲ့ မဆိုင်ဘူးဆိုပြီးနေတတ်တဲ့ အလေ့အကျင့်တွေ၊ အဖွဲ့အစည်းမှာ အရိုးစွဲလာရင် ဒီပုံပြင်လေးကို ဖတ်ကြည့်ပါ ။ တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမာတစ်ဦးရဲ့အိမ်မှာနေသတဲ့။ တစ်နေ့ လယ်သမားက ကြွက်ထောင်ချောက် တစ်ခု့ဝယ်လာတာကို …

Skill Gap ကိုဘယ်လိုဖြည့်မလဲ ?

October 16, 2023
0

လုပ်ငန်းခွင်ထဲမှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြသာနာက Skill Gap ဖြစ်တာပဲ၊ လွယ်လွယ်ကူကူပြောရရင် လုပ်ရမယ့် အလုပ်အတွက် အလုပ်လျှောက်တဲ့ သူတွေမှာပါလာတဲ့ အရည်အချင်းကကိုက်ညီမှု နည်းတာမရှိတာပဲ ။ ပိုနေတာတွေလည်းရှိသလို ၊ လိုနေတာတွေလည်းရှိတတ်တယ် ။ ဒီတော့ လူမှန်နေရာမှန် အံ၀င်ခွင်ကျဖြစ်မယ့် အလုပ်တွေအတွက် ၀န်ထမ်းရွေးချယ်ရတာ ခေါင်းစားလာတယ် ။ ခေတ်ကိုကလည်း War for Talent လို့ဆိုသလိုအရည်အချင်းအတွက် ပြိုင်ဆိုင်နေရတဲ့ခေတ်။ ၀န်ထမ်းရွေးတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရတာက Person – Job Fit / Person …

ဝန်ထမ်းက ရှာရလွယ်တယ်။ တော်တဲ့ လူတော့ ရဖို့ ခက်တယ်

October 16, 2023
0

၀န်ထမ်းတွေ ထွက်ကြတော့ သူတို့နေရာအစားထိုးဖို့ ၀န်ထမ်းအသစ်တွေ ထပ်ရှာရပြန်ပါတယ် ။ သွားတဲ့သူက သွားကြပြီး လာမယ့်သူကို ရှာနေရတဲ့ ၀န်ထမ်းရွေးချယ်ခြင်း လုပ်ငန်းစဉ်ကို ပြန်စကြတာပေါ့ ။ ၀န်ထမ်းအသစ်လိုအပ်တဲ့ သက်ဆိုင်ရာ ဌာနတွေက ၀န်ထမ်းလိုအပ်ချက် တောင်းခံလွှာ တင်ပြီးတာနဲ့ သူတို့ တာ၀န်ပြီးပြီ လိုတဲ့သူကို HR က ရှာပေးဆိုတဲ့ ယူဆချက်မျိုးရှိတယ် ထင်ပါတယ်။ ခက်တာက ၀န်ထမ်းရွေးချယ်ရေးအတွက် စစ်ဆေးခန့်အပ်ခြင်းတွေမှာ သူတို့ပါ၀င်ရတာကို မေ့နေကြတယ် ထင်တယ်။ Right Man ၊Right Position ၊Right Place …

Professional ကို လက်မခံချင်တဲ့ အဖွဲ့အစည်း

September 2, 2023
0

လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ ၊ သစ္စာရှိတဲ့ ၀န်ထမ်းတွေ ရှိနေယုံနဲ့ မိမိ အဖွဲ့အစည်းမှာ တိုးတတ် ဖွံ့ ဖြိုးနိုင်လိမ့်မယ်လို့ တထစ်ချ သတ်မှတ်ထားလိုက်တဲ့ လုပ်ငန်းဟာ အောင်မြင်ဖို့ အလားအလာ နည်းသွားတယ် ဆိုတာ အသေအချာပါပဲ ။ ဒီဘက်ခေတ်မှာ လိုအပ်လာတာက သစ္စာရှိမှုထက် အရည်အချင်းရှိပြီး မိမိအလုပ်အပေါ် တိကျကျေပွန်စွာ ဆောင် ရွက်နိုင်တဲ့ ၀န်ထမ်းမျိုးတွေကိုပဲ အဖွဲ့အစည်းတွေ အတွက် အမှန်တကယ် လိုအပ်တာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဆီမှာကတော်တေ်များများ ပြည်တွင်းလုပ်ငန်းကိုအခြေတကျလုပ်ကိုင်ရင်းတိုးတတ်ဖွံ့ဖြိုးလာတာများပါတယ် ။ …

Corporate Downsizing

September 2, 2023
0

ခေတ်တွေကမကောင်း ၊ အလုပ်တွေက လုပ်ရပိုခက်လာ ၊ ကျန်းမာရေးရော စီးပွားရေးအရပါ ကျဆင်း လာတဲ့ အခြေအနေမှာ လုပ်ငန်းတွေအနေနဲ့ ရှင်သန်ရတာခက်လာတယ် ၊ ပိတ်တဲ့ လုပ်ငန်း၊ စက်ရုံ ၊အလုပ်ရုံ တွေကမနည်းပါဘူး ။ ဝန်ထမ်းတွေလည်း ကျဆင်းလာတဲ့ စီးပွားရေးကြောင့် အလုပ်နားလိုက်ရတာတွေ ပတ်ဝန်း ကျင်မှာ အများကြီးဖြစ်လာတယ် ။ အစကတည်းက စနစ်တကျ ပြင်ဆင်ထားတဲ့ လုပ်ငန်းတွေကလွှဲရင် ဒီအချိန်မှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ လုပ်ငန်းတွေ များလာတာကြောင့် အလုပ်မှာ အရင်ဆုံး ဝန်ထမ်းလျော့ချတာ ၊ လုပ်ငန်းပိတ်သိမ်းလို့ …

လူတော်တွေကို ထိန်းနိုင်ဖို့ ထိန်းတဲ့လူကတော်ဖို့လိုပါတယ် …..

September 2, 2023
0

လုပ်ငန်းခွင်ထဲမှာ အတော်ဆုံးဝန်ထမ်းတွေ ရှိနေတာက ကိုယ့်အတွက် အကောင်းဆုံးအခြေအနေလို့ယူဆပါသလား? ဒါမှမဟုတ်ယှဉ်ပြိုင်ဖက်တွေထက် သာလွန်တဲ့ အနေအထား တစ်ခု ရှိနေတယ်လို့ ထင်မြင်မလား ။ တစ်ခါတစ်လေ လူတော်တွေကိုထိန်းချုပ်ရတာခက်ခဲပါတယ်။ ကိုယ့်အဖွဲ့အစည်းက ကြီးမားတဲ့အနေအထားမှာဆိုရင် လူတော်တွေ ပိုပြီးလိုအပ်ပါတယ်။ပိုပြီးလိုအပ်လို့ ပိုပြီးရှိလာလေလေလူတော် များတဲ့ အဖွဲ့အစည်းက ထိန်းကောင်းရခက်လေပါပဲ။ ဒီနေရာမှာ တစ်ခုတင်ပြချင်တာက လူတော်တိုင်း လူကောင်းဖြစ်ပါ့မလားဆိုတာ ကိုလည်း တွေးဖို့လိုပါတယ်။ တော်တယ် မကောင်းဘူး ၊ကောင်းတယ်မတော်ဘူး ဆိုတဲ့ စရိုက်ပုံစံကွဲပြားခြင်းကို တော့ ကွဲပြားစွာနားလည် လက်ခံထားဖို့လိုပါတယ်။ ယူဆချက်ကြားဖူးတာလေး တစ်ခုတော့ရှိပါတယ်။ တကယ်တော်ရင် ကောင်းကိုကောင်းရမယ်ဆိုတဲ့ …

STAR Team တစ်ခု တည်ဆောက်ခြင်း

September 2, 2023
0

အဖွဲ့အစည်းတစ်ခုအတွင်းမှာ အသင်းအဖွဲ့လေးတွေနဲ့ အများကြီးနဲ့ တည်ဆောက် ထားကြပါတယ် ၊ ဒီတော့ Team တစ်ခုချင်းစီအလိုက် ပိုပြီးကောင်းမွန်းတဲ့ အသင်းအဖွဲ့လေး တွေဖြစ်စေဖို့ ဘယ်လို တည်ဆောက်မလဲဆိုတာ အရေးကြီးပါတယ် ။ မိမိ အဖွဲ့အစည်းမှာ ပိုမိုကောင်းမွန်တဲ့ Teamwork ရှိစေဖို့ Team တစ်ခုကို ဦးဆောင်နေတဲ့ သူတွေအနေနဲ့ မဖြစ်မနေ ဆောင်ရွက်ရမယ့် အရာဖြစ်သလို အဖွဲ့အစည်းတစ်ခုအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ် ။ ဒါကြောင့် Teamwork Theories The STAR Team Model လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် …

Skill လား ? Talent လား ?

August 30, 2023
0

ဒီတစ်ပတ်အတွက်တော့ Skill နဲ့ Talent အကြောင်းလေးကို အနည်းငယ်ကွဲပြားအောင် တင်ပြချင်ပါတယ် ။ ဒီတလော Talent ဆိုတဲ့ အသုံးအနှုန်းလေးလည်း တော်တော် သုံးလာကြတော့ တွေ့တော့ တူသလိုလိုနဲ့ ကွဲပြားတဲ့ Skill နဲ့ Talent အကြောင်းကို တင်ပြချင်ပါတယ်။ လုပ်ငန်းတွေမှာ အရင်တုန်းက သုံးခဲ့ကြတဲ့ Skillful Employee ဆိုတာထက် Talent Employee ဆိုတာကို ပိုပြီး လိုအပ်လာကြသလို ၊တကယ်လည်း Talent Management & Talent Development ပိုင်းကို …

မန်နေဂျာကောင်း တစ်ယောက်ဖြစ်တာသေချာပြီလား ?

August 30, 2023
0

သင် … တိုင်းတာနိုင်မယ့် အချက် (၁၃) ချက် စီမံခန့်ခွဲမှုနယ်ပယ်က ကျယ်ဝန်းပါတယ်။သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက်၊ဌာနအလိုက်အမူအကျင့်တွေ ကွဲပြားကောင်း ကွဲပြားနေပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်နဲ့ သက်ဆိုင်တဲ့ ဌာနေ ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်းကတော့ ဘယ်နယ်ပယ်မှာမဆိုတူညီနေမှာပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်က စီမံခန့်ခွဲတဲ့သူဖြစ်လာတဲ့အခါ တနည်းအားဖြင့် မန်နေဂျာ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မန်နေဂျာတစ်ယောက်ရဲ့ စီမံခန့်ခွဲခြင်းတွေကို လုပ်ဆောင်ရတဲ့အခါမျိုးမှာတော့ မန်နေဂျာကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေပြည့်ဝစေဖို့လိုပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ မန်နေဂျာတစ်ယောက်ရဲ့ အရည်အချင်း လိုက်နာရမယ့် နည်းနာနိသရတွေ ဖော်ပြမှာတော့မဟုတ်ပါဘူး၊ အခုဖော်ပြပေးမယ့်အချက်အလက်တွေကမန်နေဂျာကောင်းတစ်ယောက်ဖြစ် ဖို့လိုအပ်နေသေးတယ် ဆိုတဲ့ …

လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိလာတဲ့အခါ သင်ဘယ်လိုကိုင်တွယ်မှာလဲ ?

August 30, 2023
0

လုပ်ငန်းခွင်ထဲက များစွာလှသော ပြသာနာတွေကို ရှင်းလင်းရတဲ့အခါ သတိထားမိလာတာ တစ်ခုကိုရှိပါတယ်။တစ်ချို့သော ပြသာနာတွေက ၀န်ထမ်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို တိုက်ရိုက် ဖောက် ဖျက်ကျူးလွန်တာ တွေကို အရေးယူဆောင်ရွက်လို့ရတာ ရှိပေမဲ့ ၀န်ထမ်းအချင်းချင်း ခွဲခြားဆက်ဆံတာ ၊ မမှန်စကား ပြောတာ အစရှိတာတွေက သိပေမဲ့ ဖြေရှင်း ဆောင်ရွက်ရခက်ခဲတဲ့ အပိုင်းဖြစ်ပါတယ် ။လုပ်ငန်းခွင်ထဲမှာ မတူညီတဲ့ ပညာအရည်အချင်း ၊ သင်ယူလေ့လာမှု ၊ ကျွမ်းကျင်တတ်မြောက်မှုတွေက မတူညီတဲ့ လုပ်ငန်းတာ၀န် ၊ ရာထူးတာ၀န်တွေအဖြစ် ခွဲဝေ သတ်မှတ်ထားခြင်းခံရစေပါတယ် …

Knowledge Management

August 30, 2023
0

“Knowledge is a treasure, but practice is the key to it.” ဆိုတာနဲ့ စရအောင်ပါ ၊ အသိပညာဆိုတာ ရတနာ တစ်ပါး ဖြစ်ပြီး ၊ အဲ့တာကို အသုံးချနိုင်မှသာလျှင် တန်ဖိုးရှိတယ်လို့ ဆိုရမှာပါ ။ လူတိုင်းမှာ အသိပညာ လေ့လာမှု ဆိုတာ အမြဲအစဉ်တစ်ဆက်ပြုလုပ်ရပြီး မှန်ကုန်တဲ့ Knowledge ဖြစ်ဖို့အတွက် မဖြစ်မနေသိထားရမယ့် အဆင့်တွေကို တင်ပြချင်ပါတယ် ။ ကနဦးကျွန်တော်တို့ဆီမှာ Data ဆိုတဲ့အချက်အလက်တွေ ရှိပါတယ် …

Employer Engagement

August 17, 2023
0

၀န်ထမ်းတွေကို ဆက်ဆံရေး ကောင်းအောင် ၊ထိတွေ့ဆက်ဆံရေး အမြဲ ရှိနေရမယ် ဆိုတာက HR ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် ၊ ဒီတော့ Employee Engagement ဖြစ်အောင် တော်တော်များများ ဆောင်ရွက်နေကြရတာ တွေ့ရပါတယ်။ ဒါကတော့ HR တော်တော်များများ လုပ်ကိုင်ဆောင်ရွက်နေကြတာ တွေ့ရပါတယ် ။ တစ်ခြားတစ်ဖက်က ပြန်ကြည့်ရင် Employee Engagement နည်းတူ Employer Engagement ဆိုတာလည်း ရှိနေပါတယ်။ စီမံခန့်ခွဲမှုတာ၀န်တွေကို ယူထားရတဲ့ သူတွေက ဒီအချက်ကို မကိုင်တွယ်လို့မရတော့ပါဘူး ။ အခြေအတည် …

Human Resource Succession Planning

August 17, 2023
0

ဒီတစ်ပတ်တော့ HR နဲ့ပတ်သတ်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ရေးဖို့ စဉ်းစားမိတဲ့အခါ HR တွေ အတွက် ရေးဖို့ သတိရမိတာက succession Planning အကြောင်းပါ ။ အဖွဲ့အစည်းတစ်ခု ၊ လုပ်ငန်းတစ်ခုက အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ ကြိုးစားမှု အပေါ်မူတည်ပြီး ဖြစ်နိုင်တာ ရှိပါတယ် ။ ဒါပေမဲ့ ရေရှည်မှာ ဒီအဖွဲ့အစည်းတစ်ခုက ကာလတစ်ခုအထိ တည်မြဲနေစေဖို့ စီမံဆောင်ရွက်ရတဲ့အပိုင်းက သာ ခက်ခဲတာပါ ။ နိုင်ငံတကာ လုပ်ငန်းစုတွေ နှစ်ပေါင်းများစွာ သားစဉ်မြေးဆက် တည်မြဲအောင် ဆောင်ရွက်နိုင်ဖို့ သူတို့ …

အလုပ်ပြောင်းရင် ဘာတွေပြင်ဆင်သင့်သလဲ…..

August 17, 2023
0

တစ်လောက လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်ပြောင်းဖို့လာတိုင်ပင်တယ်၊ အလုပ်အသစ်တစ်ခုမှာ နေရာကျပါ့မလား? အဆင်ပြေချောမွေ့ပါ့မလားဆိုပြီး တော့ စိုးရိပ်စိတ်ကလေးလည်း ပါတာပေါ့ ။ ကိုယ်တိုင်ကလည်း အလုပ်ပြောင်းထားတာ မကြာသေးတော့ အတတ်နိုင်ဆုံးအကြံညဏ်ပေးလိုက်ပါတယ်။ အ ကောင်းဆုံးလို့ထင်မြင်ယူဆရင် ပြောင်းပါလို့၊ ဒီတော့ ဆက်မေးတာက ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲတဲ့ ?ဒါကလည်း တစ်ကယ်ခန့်မှန်းရခက်တဲ့ အရာပါပဲ ၊ကိုယ်အသစ်ရောက်ရှိမယ့် အဖွဲ့အစည်းမှာ အသားကျဖို့ပြင်ဆင်ရာမှာလည်း အဆင်မပြေမှုတွေ အများကြီးရှိနေမှာပါ။ ဒီလိုအခြေအနေတွေမှာ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ? ကိုယ့်အနေနဲ့အကောင်းဆုံး အခြေအနေ တစ်ခုအဖြစ် ကြိုတင်ပြင်ဆင်သင့်တာတွေက အများကြီးရှိနေမှာပါ။ ဒီတော့ အရေးကြီးတဲ့အပိုင်းလေးတွေကို အရင်ဆုံးတင်ပြချင်ပါတယ်။ ကိုယ်ရောက်နေတဲ့ …

အချိန်ပို ဆင်းနေရပြီလား?

August 17, 2023
0

အလုပ်တွေများလို့နေ့တိုင်းလိုလို Over Time အချိန်ပိုဆင်းနေရပြီလား ? သူများတွေ ရုံးပြန်တိုင်း ကိုယ်က နောက်ကျပြီးမှ မကြာခဏ ပြန်နေရပြီလား ? ဒါဆိုရင် မိမိ အလုပ်မှာ အချိန်ကို စီမံခန့်ခွဲနိုင်မှု အားနည်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့် အချိန်ပိုအလုပ်ဆင်းနေရတယ် ၊ ရုံးပြန်အမြဲလိုလို နောက်ကျနေတယ် ဆိုရင် စီမံခန့်ခွဲသူများအနေနဲ့ ဘာကြောင့်ဆိုတဲ့ အဖြေမျိုးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အချိန်ပို ဆင်းနေရတယ် ဆိုတာ အလုပ်ရှင်အနေနဲ့ကလည်း အချိန်ပိုလုပ်ခ ပေးရတာဖြစ်သလို ၊၀န်ထမ်းနေနဲ့လည်း မိမိ ကိုယ်ပိုင်အချိန်ထဲက အလုပ်အတွက် ထုတ်နုတ်ရတာဖြစ်လို့ …

လုပ်ငန်းခွင် အကျဉ်းသား

August 17, 2023
0

ဒီစာသားလေးကို တကယ်တော့ သုံးတာ ခပ်တော့လန့်လန့်ပဲ ။ ကိုယ်က ဆရာမင်းသိင်္ခ ပရိတ်သတ်ဆိုတော့ မနေ့ညက မြင်းကပါအကျဉ်းသား ပြန်ဖတ်ရင်း ဒီခေါင်းစဉ်ပေးလိုက်တာ ၊ ခေါင်းစဉ်ပဲဖတ်ပြီး အလုပ်ထဲက လူတွေ ကို အကျဉ်းကျနေတယ် လို့ ပြောတယ် ထင်မှာလည်း စိုးမိသေးတယ် ။ ဒီတော့ သေချာလေး ဖတ်စေချင်ပါတယ်။ အလုပ်ဆိုတာ အသက်မွေးဝမ်းကြောင်းအရကော ၊ ဘ၀ရှင် သန်ရပ် တည်ဖို့အတွက်ကော မဖြစ်မနေ ကိုယ်ပိုင်ဖြစ်ဖြစ် ၊ ဝန်ထမ်းဖြစ်ဖြစ် လုပ်ကို လုပ်ရမယ့် အရာပဲဖြစ်ပါတယ် ။ …

သင်ယူလေ့လာခြင်းအတွက် သော့ချက်

August 17, 2023
0

အလုပ်တစ်ခုလုပ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတာကိုသိစေဖို့ လေ့ကျင့်သင်ကြားပေးခြင်းကို လုပ်ကိုင်ကြပါတယ်။ ခက်တာက သင်တော့သင်ပေးလိုက်တယ် အရည်အချင်းကတက်မလာတဲ့၀န်ထမ်းမျိုးတွေကို လုပ်ငန်းခွင်တွေထဲမှာတွေ့ရမှာသေချာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သင်ပေးလိုက်ရတဲ့အချိန်ကာလ ကုန်ကျမှုရင်းနှီးမြှပ်နှံခြင်းတွေက အဖွဲ့အစည်းဘက်ကဆုံးရှုံးသွားတာတော့အသေအချာပါပဲ… ဒါနဲ့ဆန့်ကျင်ဘက်အဖြစ် တစ်ချို့၀န်ထမ်းတွေက သင်လွယ်တတ်လွယ်မှု ရှိပြီး လေ့လာသင်ယူလိုစိတ်ပြင်းပြသူ ပြန်လည်အသုံးချသည်အထိ ဆောင်ရွက်နိုင်သည့် ၀န်ထမ်းများကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိတဲ့၀န်ထမ်းမျိုးအတွက် သင်ကြားမျှဝေသူကော လက်ခံသူပါ အပြင်အဖွဲ့အစည်းအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ လေ့လာသင်ယူပြုလုပ်သူဟာ ပိုမိုကောင်းမွန်တဲ့ ကြိုးစားမှုနဲ့ ရလဒ်ကိုဆောင်ရွက်နိုင်မယ်ဆိုတာ အငြင်းပွားဖွယ် ရာဖြစ်မယ်မထင်ပါဘူး ။ ဒီလိုမျိုးဖြစ်လာဖို့အတွက်လည်း လုပ်ငန်းခွင်တွေမှာလေ့ကျင့်သင်ကြားပေးမှုတွေကို ဦး တည်ဆောင်ရွက်ကြတာပါ။ ပညာရပ်တစ်ခု၊ နည်းပညာတစ်ခုအတွက်လေ့လာ သင်ယူတဲ့အခါ …

လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရရင် သင်ဘာလုပ်ရမလဲ။

August 13, 2023
0

ကျွန်တော်တို့တွေ အလုပ်လုပ်ကိုင်ရာနယ်ပယ် အသီးသီးမှာ အခက်အခဲများစွာ ရှိကြပါတယ်။ အဲ့ဒိအခက်အခဲများကို မ‌‌ဖြေရှင်းဘူး ဒါမှမဟုတ် ဘယ်လိုဖြေရှင်းရမလဲမသိဘူးဆိုရင် ကျွန်တော်တို့အတွက် ထိခိုက်စရာတွေအများရှိလာနိုင်ပါတယ်။ ဥပမာ – စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်လာမှုတွေ၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရာတွင် စွမ်း‌ဆောင်ရည်ကျဆင်းလာမှုတွေ၊ Motivation ကျလာတာတွေ အစရှိတဲ့ ဆိုးကျိုးတွေက ကို့အတွက် အများကြီးဖြစ်လာနိုင်ပါတယ်။ ထိုအခက်အခဲအများကြီးထဲကမှ ကျွန်တော်မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရရင် သင်ဘာလုပ်ရမလဲ။ ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံနေရပြီးဆိုလျှင် အမြန်ဆုံး‌ဖြေရှင်းဖို့ တိုက်တွန်းချင်ပါတယ်။ ‌ဖြေရှင်းဖို့နည်းလမ်းများစွာထဲက အောက်ပါနည်းလမ်းများကို မျှဝေလိုက်ပါတယ်။ လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခံရပါက၊ …