
မန်နေဂျာကောင်း တစ်ယောက်ဖြစ်တာသေချာပြီလား ?
သင် … တိုင်းတာနိုင်မယ့် အချက် (၁၃) ချက်
စီမံခန့်ခွဲမှုနယ်ပယ်က ကျယ်ဝန်းပါတယ်။သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက်၊ဌာနအလိုက်အမူအကျင့်တွေ ကွဲပြားကောင်း ကွဲပြားနေပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်နဲ့ သက်ဆိုင်တဲ့ ဌာနေ ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်းကတော့ ဘယ်နယ်ပယ်မှာမဆိုတူညီနေမှာပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်က စီမံခန့်ခွဲတဲ့သူဖြစ်လာတဲ့အခါ တနည်းအားဖြင့် မန်နေဂျာ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မန်နေဂျာတစ်ယောက်ရဲ့ စီမံခန့်ခွဲခြင်းတွေကို လုပ်ဆောင်ရတဲ့အခါမျိုးမှာတော့ မန်နေဂျာကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေပြည့်ဝစေဖို့လိုပါတယ်။
ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ မန်နေဂျာတစ်ယောက်ရဲ့ အရည်အချင်း လိုက်နာရမယ့် နည်းနာနိသရတွေ ဖော်ပြမှာတော့မဟုတ်ပါဘူး၊
အခုဖော်ပြပေးမယ့်အချက်အလက်တွေကမန်နေဂျာကောင်းတစ်ယောက်ဖြစ် ဖို့လိုအပ်နေသေးတယ် ဆိုတဲ့ အချက်အလက်များကို သာဖော်ပြပေးမှာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် မန်နေဂျာ ကောင်းမဖြစ် သေးတဲ့ အားနည်းချက်တွေကိုတင်ပြပေးသွားမှာပါ။
<<< Warranting signs (You need to be better Manager) >>>
1.You’re never ever wrong.
လူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး၊မမှားဘူးတဲ့လူလည်းမရှိဘူး။လုပ်ငန်းနဲ့ပတ်သတ်လာလို့ အမှားခံလို့မရတာတွေ ရှိကောင်းရှိမယ် ၊ဒါပေမဲ့ စီမံခန့်ခွဲသူ တစ်ယောက်အနေနဲ့မိမိမှားယွင်းတဲ့ အခါဝန်ခံရဲတတ်တဲ့စိတ်ကလေးလည်းရှိတတ်စေဖို့လိုပါတယ်။ တာ၀န်ခံမှုတွေ ရှိတဲ့ နေရာတစ်ခုကို ရလာပြီဆိုတာနဲ့ တာ၀န်ခံမှု တာ၀န်ယူမှု ထိပ်ဆုံးကပါ လာပါပြီး အလုပ် လုပ်လာတဲ့ သက်တမ်း တစ်လျှောက် ဘယ်တော့မှ မမှားဘူးသေးဘူးလို့ ကြွေးကြော်မိရင် တော့ သင်က မန်နေဂျာကောင်းဖြစ်ဖို့လိုအပ်နေပါသေးတယ်။
2. You over –Promise
ကတိတွေ လွယ်လွယ်ပေးသလို ၊မျှော်လင့်ချက်တွေပေးတာ ၊ကျော်လွန်တဲ့ ကတိစကားတွေ ပေးတတ်နေတုန်းပဲဆိုရင် သင်မန်နေဂျာကောင်းဖြစ်ဖို့လိုအပ်နေပါသေးတယ်။အဖွဲ့အစည်းအတွင်းမှာ ဝန်ထမ်းတွေက မျှော်လင့်ချက်ကိုယ်စီနဲ့ ရောက်လာကြတာပါ။ဒါကို ကိုယ်က လုပ်ငန်းနဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ်၊ ရာထူး၊လစာ ၊တာဝန်တွေကို ပေးမယ်လို့ ကျော်လွန်တဲ့ ကတိစကားဆိုခဲ့မိရင်တော့နောက်ပိုင်း ပိုမိုများပြားတဲ့ ပြသာနာတွေဖြစ်လာနိုင်ပါတယ်။ ဒိကနေတဆင့် အဖွဲ့အစည်းပါ ထိခိုက်နိုင်တဲ့အထိ ဖြစ်လာစေတတ်ပါတယ်။ ဒါကလည်း မန်နေဂျာကောင်းတစ်ယောက်အတွက် အရေးကြီးတဲ့အချက်ပါပဲ ။
3.You expect your employees to be just like you.
လူတိုင်းက မတူညီမှုတွေများစွာကနေ ရောက်လာကြတာပါ ၊ဒီတော့ လူတိုင်းကိုယ်လို အယူအဆ အတွေးအခေါ် ရှမြင်ပုံနဲ့လုပ်ဆောင်ချက်တွေ ကွဲပြားနေမှာပါ။မတူညီတာတွေကို ကိုယ်ဖြစ်စေချင်သလို မျှော်လင့်ချက်ထားခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်ပါပဲ။ ဝန်ထမ်းတိုင်းက ကိုယ့်လိုချင်တဲ့ပုံစံဖြစ်နေဖို့၊ကိုယ်လိုဖြစ်နေဖို့ တွေးနေမယ် ဆိုရင်တော့ သင်မန်နေဂျာဖြစ်ဖို့ လိုအပ်နေတဲ့အချက်တစ်ချက်ပါပဲ။ သူတို့တွေရဲ့ မတူညီတဲ့ အရည်အချင်းကနေ အဖွဲ့အစည်းအတွက် တိုးတတ်အောင်မြင်အောင် ဘယ်လို ဖန်တီး ယူမလဲ ဆိုတာကို စဉ်းစားဖို့လိုပါတယ် ။ အတွေး အခေါ်တွေ လုပ်ငန်းလုပ်ဆောင်ချက်တွေက မတူညီနေဘူးဆိုတာကို သင်လက်ခံ ထားရမှာဖြစ်ပါတယ် ။
4.You have a pesky habit of calling employees on their day off.
ကိုယ်က ဝန်ထမ်းတွေရဲ့ ပိတ်ရက်တွေ၊အနားယူနေတဲ့ အချိန်တွေမှာ မလိုအပ်ပဲ အလုပ်ကိစ္စတွေမေးမြန်း ဆောင် ရွက်ခိုင်းတာအရေးမကြီးတဲ့ ကိစ္စတွေကို အရေးတကြီး လုပ်ဆောင်ခိုင်းတာတွေက သင့်အပေါ် ဝန်ထမ်းတွေရဲ့ လေးစားအားကိုးမှု လျော့နည်းစေပါတယ်။ပိတ်ရက်တွေ ၊အနားယူချိန်မှာ အနှောင့်အယှက်ပေးတတ်လို့ သင့်အ ပေါ်တောင် စိတ်ပျက်လာတတ်သလို ၊အရေးတကြီး ကိစ္စရှိခဲ့လာရင်တောင်အလေးထား ဆောင်ရွက်မှု အားနည်းသွားတတ်ပါတယ်။ဒီလိုအမူအကျင့်မျိုးရှိရင်တော့ ပြုပြင်ဖို့လိုပါတယ်။ ဒါမှလည်း မန်နေဂျာကောင်းတစ်ယောက်ဖြစ်စေမှာ ဖြစ်ပါတယ်။
5.You’re a Micro manager
အသေးစိတ်ကအစ အရာအရာ လိုက်ကြည့်နေတတ်တဲ့ အထက်လူကြီးမျိုးကို ဝန်ထမ်းအများစုက မကြိုက်ကြပါဘူး။ ကိုယ့်ရဲ့ အဆင့်အတန်း တနည်းအားဖြင့် Manager Role အရ ဝန်ထမ်းတွေကို ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ဘယ်လိုအားပေးအားမြှောက်ပြုရမယ်ဆိုတာမျိုးနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပေးရမယ့်နေရာပါ။ Day to Day process တွေမှာ အသေးစိတ်ကအစမလိုအပ်ပဲ ဝင်မပါသင့်ပါဘူး ။ခုချိန်ထိ သင်ကဒါကိုလုပ် ဆောင်နေ သေးတယ်ဆိုရင်တော့ မန်နေဂျာကောင်းဖြစ်ဖို့ လိုအပ်နေပါ သေးတယ်။
6.You don’t want to hear your employee’s view point
တစ်ခါတစ်လေမှာ အလုပ်နဲ့ပတ်သတ်ပြီး ကိုယ်မြင်တာကတစ်မျိုး ဖြစ်ပေမဲ့ ၊ဝန်ထမ်းရဲ့ အမြင်က လည်း တစ်မျိုး တစ်ဖုံကွဲပြားစေနိုင်ပါတယ်။ အလုပ်ထဲမှာ အောက်လူပေးတဲ့ အကြံညာဏ်ကို မယူချင်ကြတာ တော်တော်များများတွေ့လာရပြန်ပါတယ်။ဒီတော့ ဝန်ထမ်းတွေက အရေးကြီးတဲ့ အချက်အလက်တွေ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး အကြံပြုစကားတွေ ကြားရတော့မှာ မဟုတ်တော့ပါဘူး။ ဒါကို သေချာစွာပြင်ဆင်နိုင်ဖို့လိုပါတယ် ။
7.Your feedback isn’t relevant
ကိုယ့်အောက်က ဝန်ထမ်းကအလုပ်တစ်ခုလုပ်ပြီးလို့ပဲဖြစ်ဖြစ်၊ လုပ်နေဆဲပဲဖြစ်ဖြစ် သင်ကတစ်ခုခုပြန်လည်တုံပြန်ပြောဆိုပေးရတော့ မယ်ဆိုရင် သင့်ရဲ့ ပြောဆိုချက်က သက်ဆိုင်သင့်လျော်မှုရှိဖို့လိုပါတယ်။ feedback တွေက တကယ်တမ်း ဝန်ထမ်းတွေနဲ့ ဆက်ဆံတဲ့ အခါ Effective ဖြစ်စေဖို့ လိုပါတယ်။ ပြီးပြီးရော ပြောလိုက်တာမျိုး တွေ ၊ဘာလာလာ ဒါပဲပြောတတ်တာတွေကို ကိုယ်ရဲ့ လိုအပ်ချက်ကို ပြသနေတာပဲဖြစ်စေတတ်ပါတယ်။ သူတို့ အတွက် တိကျတဲ့ ညွန်ကြားချက် ၊ လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ဖြစ်နိုင်ချေ ရှိတာတွေကို ပြောပြပေးနိုင်ဖို့လိုပါတယ် ။
8.you’re passive aggressive or ignore employees.
၀န်ထမ်းတွေရဲ့ လေးစားမှုကို ရရှိဖို့ကလည်း မန်နေဂျာ တစ်ယောက်အတွက်အရေးကြီးတဲ့ အချက်ပါပဲ။ကျွန်တော်တို့ဆီမှာကလေးစားမှုကို အကြောက်တရားနဲ့တည်ဆောက်ချင်ကြတယ်။ ဝန်ထမ်းက အထက်လူကြီးကို ကြောက် နေမှ ခိုင်းတာလုပ်မယ်ဆိုတဲ့ အစွဲအလန်းတွေကြောင့်လားမသိပါဘူး။ ဒါပေမဲ့ လေးစားမှုကတော့ မရှိမဖြစ်လိုအပ်ပါတယ်၊မဟုတ်ရင် ဝန်ထမ်းက ကိုယ့်အပေါ်လစ်လျူရှလာတတ်တယ် ၊အလုပ်ခိုင်းရင် တာဝန်ပေးရင် တလေးတစားမဆောင်ရွက်ချင်တော့ဘူး ။ဒါတွေက ကိုယ်စီမံခန့်ခွဲတဲ့ အလုပ်အတွက် အရေးပါတဲ့ အချက်အလက်တွေပါပဲ ။ သင့်လက်အောက်ဝန်ထမ်းတွေ ဒါမျိုးတွေဖြစ်နေရင်တော့ သတိထားကိုင်တွယ်ဖို့ စီမံဆောင်ရွက်ထားပါလို့ အကြုံပြုချင်ပါတယ်။
9.you hog the limelight
အလုပ်ခွင်ထဲမှာ အောင်မြင်မှုတွေရလာခဲ့ရင် ဒါဟာဝန်ထမ်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကိုကိုယ်တစ်ယောက် တည်း မောင်ပိုင်စီး၊လက်ဝါးကြီးအုပ်ထားရင်တော့ စီမံခန့်ခွဲမှုရှထောင်အနေနဲ့ ပြောရင်ကျင့်ဝတ်မရှိဘူးလို့တောင် စွပ်စွဲလို့ရပါတယ်။ကိုယ့်ရဲ့ ပြုမူဆောင်ရွက်ချက်တွေထဲမှာ ဒီအချက်က အဆိုးဝါးဆုံးအခြေအနေဖြစ်စေနိုင်ပါတယ်။အောင်မြင်မှုကို ခွဲဝေတတ်အောင်အသုံးချပါ။
10.You constantly change your mind
စိတ်အပြောင်းအလဲများတဲ့၊အပြောင်းအလဲမြန်တဲ့အထက်လူကြီးတွေကို လက်အောက်ငယ်သားဝန်ထမ်းတွေကစိတ်ပျက်ကြတတ်ပါတယ်။ အခုဒါလုပ် ၊ခဏနေ မလုပ်နဲ့ ၊တအောင်နေတော့ ဒါပြန်လုပ်နဲ့ ခဏခဏစိတ်အပြောင်း အလဲမြန်တဲ့ အထက်လူကြီးတွေကို အားကိုးဖို့ရာ သင်ကိုယ်တိုင်ရော ယုံကြည်လို့ရပါ့မလားဆိုတာ တွေးဖူးပါရဲ့လား။ ဦးတည်ချက်ကဘာမှန်းမသိရင်လုပ်ဆောင်ချက်ပါဝေးဝါးလာတတ်ပါ တယ်။ ဒီအချက်သင်မှာ ရှိနေရင်တော့ မန်နေဂျာကောင်း မဖြစ်သေးပါဘူး။
11.You’re quick to blame employees for mistakes ,but rarely express gratitude when they succeed.
၀န်ထမ်းတစ်ယောက် လုပ်ငန်းလုပ်ဆောင်ရာမှာ အမှားတွေအတွက် အလျင်အမြန်အပြစ်တင်မယ်၊ အောင်မြင်ခဲ့ရင်တော့ မရှိသလောက်ကျေးဇူးကို အကျယ်တဝင့်ဖော်ပြတတ်ခြင်း ဟာလည်း မန်နေဂျာကောင်း ဖြစ်စေဖို့ ဟန့် တားနေတဲ့ အချက်အလက်တနည်းဆိုရရင် (သတိပေးနေတဲ့ လက္ခာတစ်ရပ်) ပဲဖြစ်ပါတယ်။ အမှားအယွင်းအ တွက် တာဝန်ယူမှုအကြောင်းပြောရရင် ကိုယ်ကအရင်ဆုံးတာဝန်အရှိဆုံးဆိုတာကလက်ခံထားစေချင်ပါတယ်အဆင်ပြေမှငါဘယ်လို သွန်သင်ပြသလမ်းညွန်မှုပေးခဲ့တာဆိုတာမျိုးကတော့ တာဝန်ခံမှု နည်းပါးနေတာပါပဲ။ ဒီအချက်က ကျွန်တော်တို့ဆီက အဖွဲ့အစည်းတော်တော်များများမှာ ရှိနေကြပါတယ်။
12.You don’t discuss your employees’ future
လူတိုင်းမှာအနာဂတ်မျှော်လင့်ချက်တွေ၊မျှော်မှန်းချက်တွေကိုယ်စီ ရှိနေကြတာပါ။ကျွန်တော်တို့ ဝန်ထမ်းတွေကကော ဘဝအတွက်အလုပ်အတွက် ၊မိသားစုအတွက် မျှော်လင့်ချက်ကိုယ်စီရှိကြပြန်တော့ ကိုယ့်ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်အတွက် သူတို့နဲ့ မကြာခဏဆိုသလို ဆွေးနွေးပေးဖို့လိုအပ်ပါတယ်။ အနာဂတ်ကာလအတွက်ကြိုတင်ပြင်ဆင်စရာတွေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ပြင်ဆင်ဖို့ ဆွေး နွေးစီစဉ်ပေးရပါမယ်။ဒီအချက်တွေကို မလုပ်မိသေးဘူးဆိုရင်လည်း အဖွဲ့အစည်းအတွက်ကော ဝန်ထမ်းအတွက်ပါ မန်နေဂျာကောင်း တစ်ယောက်မဖြစ်သေးပါဘူး။
13.You throw tantrums easily
စိတ်မထင်သလို စိတ်ဆိုး ဒေါသထွက် ၊ဝိုင်းဒိုင်းကြဲခြင်းကလည်း စီမံခန့်ခွဲမှုတာဝန်ယူထားတဲ့ သူတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အပြုအမူလို့ပဲ ယူဆပါတယ်။ခုထက်ထိ ဒီအပြုအမူမျိုး ရှိနေဦးမယ်ဆိုရင်တော့ မန်နေဂျာကောင်းဖြစ်ဖို့ မလွယ်သေးပါဘူး။
ဒီအချက်တွေသင်မှာအနည်းငယ်ပဲဖြစ်ဖြစ်ရှိနေခဲ့ရင်တောင် ပြင်ဆင်ဖို့ စတင်ဆောင် ရွက်သင့်ပါပြီ။ဖော်ပြခဲ့တဲ့ အချက်အလက်တွေ အနည်းငယ်သာ ရှိနေခဲ့ရင်ပြသာနာကြီးကြီးမားမားမရှိနိုင်ပေမဲ့ အချက်အလက်တွေများနေခဲ့ ရင်တော့သင်ကိုယ်သင်ပြန်မေးပြီး သုံးသပ်သင့်တဲ့အချိန်ရောက်ပြီလိုပြောချင်ပါတယ်။
ရေးသားသူ – Htain Lin Kyaw (HR)



