Back

HR Digital Transformation

Marketing 4.0 ဆိုပြီး ပေါ်ထွက်လာပြီးတဲ့နောက် Moving from Traditional to Digital ဆိုပြီး ပြောင်းလဲ လာတဲ့ နည်းပညာကြောင့် ခေတ်ရဲ့ အရွေ့ကို ညဏ်ရှိသူတို့က ကျော်လွှားလာကြတာကို တွေ့မြင်ရပါတယ် ။

လုပ်ငန်းခွင်ထဲမှာ နည်းပညာထွန်းကားလာမှုကြောင့် မဖြစ်မနေ အသုံးပြုလာရတဲ့ Software Systems တွေက လုပ်ငန်းတာ၀န်တွေကိုလည်း ပိုပြီး အားကောင်းလာအောင် ထောက်ပံ့လာတယ် ဆိုတာ အသေအချာပါပဲ ။ ပုံမှန်လုပ်နေကြ ရုံးလုပ်ငန်းတွေမှာ ကွန်ပျူတာ အသုံးပြုပြီး Software တွေ အသုံးပြုလာကြတာကို ငွေစာရင်းဌာန အရောင်းဌာန တွေမှာ လောက်ပဲတွေ့မြင်နိုင် နေရာက နေ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု အားလုံးမှာ တစ်ဖြည်းဖြည်း နေရာယူလာတာကို တွေ့ခြင်းအားဖြင့် Digital ဆိုတဲ့ စကားရပ်က အရေးပါလာတဲ့ နေရာမှာ ရှိနေတာကို မေ့လို့ မရပါဘူး

ကျွန်တော်တို့ HR တွေ အနေနဲ့ကော Digital ကို ဘယ်လောက်ထိ လိုက်နိုင်နေပြီလဲ ? လစာကို Excel နဲ့တွက်နေတုန်းပဲလား ၊ ခွင့်တိုင်တာတွေ ၊ ရုံးဆင်းရုံးတတ်မှတ်တမ်း ၊ အချိန်ပို အလုပ်ဆင်းတာတွေ ၊ သတင်းအချက် အလက်မျှဝေ တာတွေ မှာ စာရွက်တွေ စာရင်းတွေ နဲ့ နေ့စဉ် ဆောင်ရွက် နေကြရတုန်းပဲလား ? ခေတ်နဲ့အမီ နောင်ကာလ အတွက် HR Digital Transformation ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ။

<<< What is HR digital transformation? >>>

HR digital Transformation ဆိုတာဘာလဲ ?

Process of changing operational HR processes to become automated and data-driven လို့ ဆိုထားပါတယ် ။ HR ရဲ့ Operation Process နဲ့ အချက်အလက်တွေကို အလိုအလျောက်မောင်းနှင်နေဖို့ ဆောင်ရွက်ထားတဲ့ ဖြစ်စဉ်ကို ပြောင်းလဲဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ် ။

ဆိုလိုတာက HR လုပ်တဲ့ အလုပ်တစ်ချို့ ကို Software Systems တွေက အလုပ်လုပ်လို့ရအောင်ပြင်ဆင်ထားတာဖြစ်ပါတယ် ။ ဒါကြောင့် လစာတွက်တတ်ယုံ ၊ ခွင့်မှတ်တမ်း ၊ ရုံးဆင်းရုံးတတ် မှတ်တမ်းတင်တာတွေ ၊ OT အစရှိတဲ့ HR Operation Process တွေက Digital ပေါ်ပါသွားရင် ပုံမှန်ရုံးလုပ်ငန်းလုပ်နေတဲ့ HR တွေ လုပ်ငန်းစဉ် တော်တော်များများ လျော့သွားပါမယ်။

တစ်ချို့ ပြောကြပါတယ် အလုပ်တွေ နည်းသွားတော့ သက်သာတာပေါ့တဲ့ …. စိုးရိမ်စရာပါ ။ ပုံမှန် HR ၀န်ထမ်း (၂) ယောက်လုပ်ရမယ့် Operation လုပ်ငန်းတွေကို လူတစ်ယောက်နဲ့ ပုံမှန်လည်ပတ်နိုင်မှာပေါ့ အလုပ်ရှင်က လူတွေ အများကြီး ဆက်ထားပါ့မလားဆိုတာကို တွေးမိရင် HR Operation တွေနဲ့ တိုင်ပတ်နေတဲ့ HR တွေအနေနဲ့ ကြိုတင်ပြင်ဆင်စရာတွေကို မြင်ဖို့လိုလာပါပြီ။

၀န်ထမ်းရွေးချယ်ခန့်အပ်တာတောင် Digital ခေတ်မှာ Email နဲ့ ပို့ ၊ Email နဲ့ အင်တာဗျူးချိန်း ၊ အင်တာဗျူးမှာ ပြင်ဆင်ထားတဲ့ မေးခွန်းတွေကို ကွန်ပျူတာနဲ့ တစ်ခါတည်းဖြေခိုင်းလိုက် ၊ IT Skill တောင် ချိန်ဆလို့ရပါတယ် ။ မဖြစ်မနေ စစ်ဆေးရမယ့် လုပ်ငန်းတွေ လောက်က လွဲရင် ကျန်တာတွေ အတွက် အချိန်တွေ လျော့သွားမှာပါ ။

ဆိုလိုတာက သုံးလို့ရနိုင်မယ့် နည်းတွေ အများကြီးရှိတယ်ဆိုတာကို သိစေချင်တာပါ ။ လစာတွက်တာက စလို့ သင်တန်းပေးတာကစလို့ Digital ခေတ်မှာ တစ်ချို့သော HR လုပ်ငန်းတွေ Systems ကလုပ်ဆောင်နေပါပြီ ။ ဒါဆိုရင် အခုလုပ်နေတဲ့ Operation လုပ်ငန်းတွေကို မလုပ်ရတော့ဘူးလားလို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ပြင်ဆင်သင့်တာပါ ။

ဥပမာ တစ်ခုအနေနဲ့ ပြရရင် – လုပ်ငန်းခွင်မှာ တစ်ခုပေးမယ် ဆိုပါစို့ … ၀န်ထမ်းအားလုံးအတွက် TNA လုပ်လို့ရတဲ့ သင်တန်းတွေကို Systems ကနေ သက်ဆိုင်ရာ၀န်ထမ်းကို အကြောင်းကြားမယ် .. Line Manager ကို သင်တန်းတတ်ရောက်ဖို့ Approve လုပ်ဖို့လည်း Systems ကသက်ဆိုင်ရာ line Manager ဆီကို အကြောင်းကြားပေးမယ် ။ Training Information ကို အသေးစိတ်ပါအောင် ထည့်ထား လို့ရတယ် ။ သင်မယ့်ဆရာ ၊ သင်တန်းအကြောင်းအရာ အပါအ၀င် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေက အစ ( ကွန်ပျူ တာတို့ ဘာတို့ပေါ့) ကြိုတင်လေ့လာလို့ရမယ့် စာအုပ်လင့်တွေက အစထည့်ပေးလို့ရတယ် ။

သင်တန်းပေးပြီးရင် အကဲဖြတ်တာတို့ ၊ အရည်အချင်းစစ်တာတို့က အစ Systems မှာ အကုန်လုပ်လို့ ရတယ်။ သင်တန်းပြီးလို့ တတ်ရောက်ပြီးသူ ၀န်ထမ်းရဲ့ ကိုယ်ရေးဖိုင်မှာ အလိုအလျောက် ဖြည့်သွင်းခြင်းစနစ်ပါ ထည့်ပေးထားလို့ရတယ် ။ တစ်နှစ်အတွင်း တတ်ရောက်ရမယ့် Training Hours KPI တွေ ရှိရင် သူ့ အလိုလို ပြည့်မမပြည့်မှတ်တမ်းတင်ပေးလိမ့်မယ် ။ တကယ်လို့ အဲ့ ၀န်ထမ်းကို ရာထူးတိုးဖို့ စဉ်းစားမယ့်ဆိုရင်တောင် PMS မှာ Training နဲ့ ပတ်သတ်တဲ့ Score ကို အလိုအလျောက်ထည့်သွင်း တွက်ချက်စဉ်းစားပေးဦးမှာပါ ။

Facebook သုံးသလို မွေးနေ့ရောက်ရင် Notifications တတ်တာတွေ ၊ အလုပ်၀င်တာ (၁) နှစ်ပြည့် (၂) နှစ်ပြည့်တာတွေက အစ ၀န်ထမ်းကို သိစေချင်တာတွေ ကအစ အသိပေးလို့ရတယ် ။ ခွင့်တိုင်တာတွေ ၊ OT Form တင်ရတာတွေ ၊ Finger Print တွေ သုံးတာက အစ ကိုယ့်ဖုန်းကနေ လုပ်လို့ရတဲ့ အခြေအနေ ပါ ။ HR Software ရောင်းတဲ့ သူတွေက ပိုပြီးပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ပါတယ် ။ ( မ၀ယ်လည်း ကြည့်ချင်တယ် ကြိုက်ရင် ၀ယ်မယ် ပြောပြိး ဗဟုသုတ ရအောင် ခေါ်ပြီး ရှင်းပြခိုင်းပေါ့ ) ။

တကယ်တော့ Systems ကနေပြီး Record Keeping and Data Analysis လုပ်ပေးတာဖြစ်ပြီး Reporting Flow ကို ကိုင်တွယ် ပေးတာဖြစ်ပါတယ် ။ Report ဆိုလည်း သေချာစွာ ကိုယ်လိုချင်တဲ့ အပိုင်းကို လိုသလို ရပါတယ် ။

ကျွန်တော် တို့ ပြောပြောနေတဲ့ HRIS ( Human Resource Information Systems ) ဆိုတာကို တကယ်သာ အသုံးချနိုင်ရင် ………. ဖြစ်လာနိုင်တာတွေကိုမြင်နိုင်ဖို့ လိုပါတယ် ။ အပြောင်းအလဲက အစဉ် အမြဲဖြစ် နေမှာပါ ။ အပြောင်းအလဲမှာလိုက်မပါနိုင်ရင် ကျန်ခဲ့သူက ကိုယ်ပဲ ဖြစ်မှာမို့ သေချာစွာ ပြင်ဆင်ထားဖို့လိုပါတယ် ။

ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ ?

၁။ အရေးအကြီးတာက အပြောင်းအလဲကို လက်ခံနိုင်တဲ့စိတ်ပါ။ ငါတို့ တစ်သက်လုံး ဒီလိုလုပ်လာ အဆင်ပြေနေတာပဲ ဆိုတဲ့ အတွေးမျိုးကို မထားနိုင်ဖို့လိုပါတယ်။

၂။ နည်းပညာနဲ့ပတ်သတ်ပြီး ဝေးဝေး မနေပါနဲ့ ကျွန်တော်တို့ သုံးနေတဲ့ Facebook ဆိုတာကြီးတောင် အသုံးပြုဖို့ ရက်ပိုင်းလောက်ပဲ သင်ရတာပါ ။ User တွေ အတွက်ဆို အဲ့လောက်မခက်ပါဘူး ။

၃။ ကွန်ပျူတာ နဲ့ အင်တာနက် ဆိုရှယ်မီဒီယာ အသုံးပြုမှု တွေကို နားလည် ကျွမ်း၀င်နေပါစေ ၊ Systems က အဲ့လောက်မခက်ခဲပါဘူး ။

၄။ Establish a clear goal – ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ထားရှိပေးပါ ။ ဘာကြောင့် Digital ကို အသုံးပြုရသလဲ ? ဘယ် အပိုင်းတွေကို အဓိကာထားပြီးအသုံးပြုမှာ လဲ ဆိုတာကို သေချာစွာ ရှင်းလင်းစွာ ရှိနေဖို့လိုပါတယ် ။

၅။ ၀န်ထမ်းတွေကို Systems ရဲ့အားသားချက် နဲ့ ထိရောက်လျင်မြန်မှုကို နားလည် သဘောပေါက်အောင် ကြိုတင်ပြင်ဆင်ထားစေဖို့ လိုပါတယ် ။ ရှုပ်ထွေးတာတွေ end User အသုံးပြုသူတွေ အနေနဲ့ လွယ်ကူ လျင်မြန်စွာ အသုံးပြုနိုင်ကြောင်း သိထားအောင် လုပ်ထားရမှာပါ ။ Culture is important လို့ ဆိုရမှာ ဖြစ်ပါတယ် ။

Digital technology alone is not enough for an HR transformation ဖြစ်ပါတယ် ။ HR တစ်ယောက်တည်း ပြောင်းလဲနေဖို့ မကြိုးစာပါနဲ့ အဖွဲ့အစည်းတစ်ခုလုံး ပြောင်းလဲမှုကို လိုက်ပါ ဆောင်ရွက်နိုင်ဖို့ လိုပါတယ် ။

အပြောင်းအလဲမှာ ကျွန်တော်တို့ ဘာဆက်လုပ်မလဲ ?………….

ကျန်ခဲ့မယ့် ကိုယ့်လူတို့ နောက်(၅) နှစ်မှာ ဖြစ်လာနိုင်တာတွေ အတွက် Talent Management , PMS , Organizational Development တို့ ဘက်လည်း လှည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref : : HR Digital Transformation: Everything you Need to Know ( Neelie Verlinden)

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply