Back

Corporate Downsizing

ခေတ်တွေကမကောင်း ၊ အလုပ်တွေက လုပ်ရပိုခက်လာ ၊ ကျန်းမာရေးရော စီးပွားရေးအရပါ ကျဆင်း လာတဲ့ အခြေအနေမှာ လုပ်ငန်းတွေအနေနဲ့ ရှင်သန်ရတာခက်လာတယ် ၊ ပိတ်တဲ့ လုပ်ငန်း၊ စက်ရုံ ၊အလုပ်ရုံ တွေကမနည်းပါဘူး ။ ဝန်ထမ်းတွေလည်း ကျဆင်းလာတဲ့ စီးပွားရေးကြောင့် အလုပ်နားလိုက်ရတာတွေ ပတ်ဝန်း ကျင်မှာ အများကြီးဖြစ်လာတယ် ။

အစကတည်းက စနစ်တကျ ပြင်ဆင်ထားတဲ့ လုပ်ငန်းတွေကလွှဲရင် ဒီအချိန်မှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ လုပ်ငန်းတွေ များလာတာကြောင့် အလုပ်မှာ အရင်ဆုံး ဝန်ထမ်းလျော့ချတာ ၊ လုပ်ငန်းပိတ်သိမ်းလို့ အလုပ်နား လိုက်ရတဲ့ ဝန်ထမ်းများ ရှိလာကြမှာပဲ ။ ဒီတော့ မိမိလုပ်ငန်းကို စနစ်တကျ Corporate Downsizing လုပ်မလဲ ဆိုတာကို သေချာစွာ​ဆောင်ရွက်နိုင်ဖို့လိုပါတယ် ။

အရင်ဆုံးစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဦးစွာ ခိုင်မာတဲ့ စီးပွားရေးဆိုင်ရာ ဦးတည်ချက်တွေကို သတ်မှတ် ထားဖို့လိုပါတယ် ။ ကျွန်တော်တို့ဆီက လုပ်ငန်းတော်တော်များများရဲ့ပြသာနာက ဒီအပိုင်းမှာအားနည်းနေတာပါ ။

တော်တော်များများက စီးပွားရေးလုပ်ရင် အကျိုးအမြတ်အတွက် လို့ပဲ ယေဘုယျဆန်ဆန် သတ်မှတ်ထားပေ မယ့် ဒါက အရမ်းအခြေခံဆန်လွန်းပါတယ်။

တကယ်လိုအပ်တာက မိမိလုပ်ငန်းအတွက် သေချာစွာ ပြင်ဆင် ထားရမယ့် Strategic planning ရှိဖို့လိုတာပါ ။ လုပ်ငန်းရဲ့ မဟာဗျူဟာကျတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိမှ HR Planning နဲ့ Corporate Downsizing ကို တိတိကျကျလုပ်ဆောင်ရမှာဖြစ်ပါတယ် ။

ဒီတော့ နားလည်လွယ်မယ့် အကျဉ်းချုပ်လုပ်ငန်းစဉ်လေးတွေကို တစ်ဆင့်ချင်းတင်ပြချင်ပါတယ် ။

Corporate Goals and Analysis

လုပ်ငန်းတွေအနေနဲ့ ကာလရှည် ၊ ကာလတို ပန်းတိုင်တစ်ခုခု ပြတ်ပြတ်သား သားထားဖို့လိုပါတယ် ။ ဒီကာလမှာ စီးပွားရေးအရ အကျိုးအမြတ် ရှိနိုင်မယ့် လုပ်ငန်းမျိုး ဟုတ်မဟုတ်ဆိုတာကို PESTEL Analysis မျိုးနဲ့ သုံးသပ်ဖို့လိုပါတယ် ။

ရေရှည်မှာ အလားအလာ ရှိနိုင်မယ့်စီးပွာရေး မျိုးလား ၊ ဒါမှမဟုတ် ခဏ ရပ်ထားရမယ့် အလုပ်မျိုးလား ဆိုတာကို သေချာစွာ သုံးသပ်ဖို့လိုပါတယ် ။ စျေးကွက်ကတော့ရှိသေးတယ် ဆက်လုပ်လို့ရသေးတယ် ၊ ဒါမှမဟုတ် ရှေ (၁) နှစ်လောက်ထိ နလန်ပြန် မထူနိုင်မယ့် လုပ်ငန်းမျိုးလားဆိုတာကို သုံးသပ်ရပါမယ် ။

နိုင်ငံရေး ၊ စီးပွားရေး ၊စျေးကွက် အခြေအနေနဲ့ ဘယ်လို သွားရမလဲ ဆိုတာကို သေချာစွာ သိဖို့လိုပါတယ် ။ ဒါဆိုရင်တော့ ဆက်လုပ်ရမလား ? ခဏနားရမလား ? အပြီးပိတ်ရမှာလားဆိုတာကို ပိုပြီးသေသေချာချာသိလာရမှာပါ ။

Analyze departments and internal functions

နောက်တစ်ချက်က Internal SWOT လုပ်ရမယ့် အချက်ပါပဲ ။ ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ လူသားအရင်းအမြစ်နဲ့အခြား Resources တွေကို အားနည်းချက် ၊ အားသာချက် သေချာစွာ သိဖို့လိုပါတယ် ။ ဌာနအလိုက် ရှိနေတဲ့ လုပ်ဆောင်ချက်တွေကို Day to Day Functions တွေ အလိုက် လုပ်ငန်း လုပ်ဆောင်ချက်တွေကို job Analysis လုပ်ဖို့လိုပါတယ် ။ ဒီအပိုင်းမှာလည်း Business Objectives နဲ့ ချိတ်ဆက်ထားရမှာဖြစ်ပါတယ် ။ ဒါကို ချိတ်ဆက်ထားနိုင်ပြီဆိုရင်တော့ ဌာနအလိုက် ဘယ်ဝန်ထမ်းတွေကို လျော့ချရမလဲ ဆိုတာကို ပိုပြီးရှင်းရှင်းလင်းလင်း သိလာမှာဖြစ်ပါတယ် ။

Workforce reduction methods

ဘယ်လိုပုံစံမျိုးနဲ့ လျော့ချမလဲ ဆိုတာလည်း ပြင်ဆင်ထားဖို့လိုပါတယ် ။ အခြေခံပြောရရင် ( Performance reduction ) လုပ်ငန်းစွမ်းဆောင်ရည် နည်းပါးတဲ့ ဝန်ထမ်းတွေကို လျော့ချတာ ၊ လုပ်ငန်းပိတ်သိမ်းမယ့် စာရင်းထဲပါမယ့် ဝန်ထမ်းများ ၊ ယာယီရပ်နားထားမယ့် လုပ်ငန်းများ တွင်ပါဝင်မည့် ဝန်ထမ်းများ ၊ အသက်အရွယ်အရ စောလျင်စွာ အနားပေးရ မယ့် ဝန်ထမ်းများ ၊ လစာမဲ့ခွင်ဖြင့် ယာယီရပ်နား ထားမယ့် ဝန်ထမ်းများ ကို ရွေးချယ်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ တစ်ခု မဖြစ်မနေပြောချင်တာ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့လိုပါတယ် ။ တကယ်လို့ လုပ်ငန်းဘက်က အခက်အခဲရှိရင် လည်း ကာယကံရှင်ဝန်ထမ်းများနဲ့ မဖြစ်မနေ ဆွေးနွေးဖို့လိုမယ်ဆိုတာကို မမေ့သင့်ပါဘူး ။ ဒါကလည်း လုပ်ငန်းရဲ့ ဂုဏ်သတင်းနဲ့ ရေရှည် ရပ်တည်မှုကို မထိခိုက်စေမှာပါ ။

Retaining and Motivation

ဆက်ပြီးစဉ်းစားထားရမှာက ကျန်ရှိတဲ့ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကို ထည့်စဉ်းစားဖို့လိုပါတယ် ။ လုပ်ငန်းတွေ အနေနဲ့ ဝန်ထမ်းတွေလျော့ချတဲ့အခါ ကျန်ရှိတဲ့ ဝန်ထမ်းတွေ အနေနဲ့ အလုပ်အကိုင်ဆိုင်ရာ စိတ်ချလုံခြုံမှု မရှိတာမျိုးဖြစ်တတ်ပါတယ် ။ ဒါကြောင့် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ထိန်းသိမ်းတာ ၊ စိတ်ခွန်အားပေးတာနဲ့ အလုပ်အပေါ်မှာ ပိုမိုကြိုးစားချင် စိတ်ဖြစ်အောင်မျိုး ၊ လစာကိစ္စဆိုင်ရာများကို အာမခံချက်ပေးတာမျိုးကို ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ် ။ ဒီအဆင့်ကလည်းအရေးကြီးတဲ့အချက်ဖြစ်တာကြောင့်မမေ့သင့်ပါဘူး ။

Communication with all employees and retraining

နောက်ဆုံးမဖြစ်မနေ လုပ်ရမှာကတော့ ဘာကြောင့် Corporate Downsizing ကို လုပ်ဆောင်ရတာလဲ ဆိုတာရယ်၊ အဖွဲ့အစည်းရဲ့ အနာဂတ်ကာလ ကာလတို ၊ ကာလရှည် ရည်မှန်းချက်တွေကို ဆက်လက်လက်တွဲမယ့် ဝန်ထမ်းများကို သေချာစွာ ရှင်းပြပေးဖို့ မဖြစ်မနေဆောင်ရွက်ရပါမယ် ။ လူနည်းသွားတဲ့အတွက် ပိုပြီးတိတိကျကျ လုပ်ရမှာတွေ အရည်အချင်း ပြည့်၀မှုတွေ ရှိမှ ဖြစ်တာကြောင့် လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေကိုလည်း စီစဉ်ပေးဖို့လိုပါတယ်။

ဒီအချက်တွေက မိမိလုပ်ငန်းအဖွဲ့အစည်းတစ်ခု Downsizing လုပ်ဖို့စဉ်းစားတဲ့အခါ ဆောင်ရွက်ဖို့လိုအပ်တဲ့ အချက်အလက်တစ်ချို့ လည်းဖြစ်ပါတယ် ။ ဒီကာလတွေမှာ လုပ်ငန်းတစ်ခုဟာ စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲလာတဲ့အခါ လုပ်ငန်းတွေရပ်နားတာ ၊ လူလျော့ချတာမျိုးတွေလုပ်ဆောင်လာကြပါတယ် ။

ဒါပေမဲ့ စနစ်တကျ လုပ်ဆောင်မှု မရှိတဲ့အခါ အဖွဲ့အစည်းအတွက်ရော ဝန်ထမ်းတွေအတွက်ပါ နစ်နာမှုတွေဖြစ်လာတာကြောင့် အခုတင်ပြခဲ့တာတွေကို မမေ့သင့်ပါဘူး ။

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply