Back

STAR Team တစ်ခု တည်ဆောက်ခြင်း

အဖွဲ့အစည်းတစ်ခုအတွင်းမှာ အသင်းအဖွဲ့လေးတွေနဲ့ အများကြီးနဲ့ တည်ဆောက် ထားကြပါတယ် ၊ ဒီတော့ Team တစ်ခုချင်းစီအလိုက် ပိုပြီးကောင်းမွန်းတဲ့ အသင်းအဖွဲ့လေး တွေဖြစ်စေဖို့ ဘယ်လို တည်ဆောက်မလဲဆိုတာ အရေးကြီးပါတယ် ။ မိမိ အဖွဲ့အစည်းမှာ ပိုမိုကောင်းမွန်တဲ့ Teamwork ရှိစေဖို့ Team တစ်ခုကို ဦးဆောင်နေတဲ့ သူတွေအနေနဲ့ မဖြစ်မနေ ဆောင်ရွက်ရမယ့် အရာဖြစ်သလို အဖွဲ့အစည်းတစ်ခုအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်

ဒါကြောင့် Teamwork Theories

The STAR Team Model လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။

မိမိ Team ကို ဘယ်လို ဖွံ့ဖြိုးတိုးတတ်အောင်လုပ်မလဲ?

ဘယ်အရာတွေအပေါ်မှာပိုပြီးအလေးထားဆောင်ရွက်ရမလဲ ?

ဒီလိုတွေးတော နေတဲ့ခေါင်းဆောင်တဲ့ သူတွေအနေနဲ့ သေချာစွာ သိရှိထားဖို့လိုပါတယ်။ STAR Team Model ကို မန်နေဂျာတွေ ၊Team တစ်ခုကို ဦးဆောင်နေရတဲ့ သူတွေကို မိမိအဖွဲ့အစည်းအတွင်း အာရုံစိုက်ရမယ့် အရာတွေကို ပိုပြီးရှင်းလင်းစွာ သိရှိစေမှာဖြစ်ပါတယ် ။

❗Strengths (Focusing on individual Strengths)

မိမိအဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့အားသာချက်ကို သေချာစွာ သိရှိစေဖို့လိုပါတယ် ။အဲ့ အားသာချက်တွေကို သုံးသပ်ပြီး လုပ်ငန်းတာ၀န်ခွဲဝေတာ ၊ ပန်းတိုင်ချမှတ်ပြီးအကောင်အထည် ဖော်ဆောင်ရွက်တာမျိုးကို အသုံးပြုရမှာဖြစ်သလို ၊ အဖွဲ့၀င်တစ်ယောက်ချင်းစီတိုင်းကိုလည်း မိမိ အားသာချက် လုပ်ဆောင်နိုင်မှုအတွက် တာ၀န်ပေးချင်က သူတို့အတွက် လုပ်ငန်းမှာ ပိုပြီးပျော်ရွင်ကျေနပ်စေပါတယ် ။

❗Teamwork Concept

လူတွေအားလုံးပေါင်းလုပ်နေတဲ့နေရာမှာ မတူညီတာတွေရှိတတ်ကြပါတယ် ၊ခေါင်းဆောင်တစ်ယောက် အနေနဲ့ မိမိ Team အတွင်းမှာ Teamwork Concept တွေ နားလည်လာအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းက ပိုမို အကျိုးဖြစ်ထွန်းစေကြောင်း ဆောင်ရွက်ထားရမှာဖြစ်ပါတယ် ။ မိမိ Team အတွင်းမှာ ရှိတဲ့ လူတိုင်းလူတိုင်းကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စေဖို့အတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် အရင်ဆုံး တည်ဆောင်ပေးဖို့လိုပါတယ် ။ ဒီကတဆင့် Teamwork Concept ကို နားလည်စေအောင် ဆောင်ရွက်ရပါမယ် ။

❗Alignment (Aligning individual strengths with teamwork)

သတ်မှတ်ထားတဲ့ ရလာဒ်တွေ ၊အောင်မြင်မှုတွေ ကို ရရှိစေဖို့ အဖွဲ့၀င်တစ်ယောက်ချင်းစီရဲ့ အားသာချက်ကို Teamwork အဖြစ် ချိတ်ဆက်ဆောင်ရွက်ပေးရတာဖြစ်ပါတယ် ၊ တစ်ယောက်ချင်းစီမှာရှိ နေတဲ့ အားသာချက် တွေကို တာ၀န်ယူစေပြီး Result ရရှိစေအတွက် အဖွဲ့နဲအတူ လုပ်ဆောင်နိုင်ဖို့ တည် ဆောက်ရပါတယ် ။

❗Results (Achieve meaningful Results)

နောက်တစ်ခုကတော့ ရလာဒ်တွေကို အဓိကထားဆောင်ရွက်ဖို့ပါ ၊ မိမိအဖွဲ့အစည်းအတွင်းက လိုချင်တဲ့ ရလာဒ်တွေ က ဘာတွေဖြစ်မလဲ ၊ အရေးကြီးတဲ့ အရာတွေကို သတ်မှတ်ထားဖို့လိုပါတယ် ။ ဒါမှလည်း မိမိ Team က ဘယ်ကိုသွားချင်တာလဲ ဆိုတာ သိမှာဖြစ်ပြီး အဖွဲ့၀င်တစ်ယောက်ချင်းစီရဲ့အားသာချက်န့ ချိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ် ။

အောင်မြင်တဲ့ Team တစ်ခု တည်ဆောက်ရတာ မလွယ်ကူလှပါဘူး ၊ အဆင့်ဆင့် ဖြတ်သန်းရင်း တည်ဆောက်ရတာဖြစ်ပါတယ် ။ Team ဆိုတာ T – Together E –Everyone A – Achieve M – More ပါ ။ ပိုပြီးကောင်းအောင် မိမိအဖွဲ့အစည်းအတွက်လိုချင်တဲ့ အောင်မြင်မှုတွေကို ရအောင် အတူတကွ ဆောင်ရွက် ရပါတယ်။ အဲ့လိုဆောင်ရွက်တဲ့အခါ Teamwork Theories: the STAR Team Model လေးကို သင့် အဖွဲ့အတွက် STAR Team ဖြစ်စေမယ်လို့ ယူဆပါတယ်။

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply