
Employer Engagement
၀န်ထမ်းတွေကို ဆက်ဆံရေး ကောင်းအောင် ၊ထိတွေ့ဆက်ဆံရေး အမြဲ ရှိနေရမယ် ဆိုတာက HR ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် ၊ ဒီတော့ Employee Engagement ဖြစ်အောင် တော်တော်များများ ဆောင်ရွက်နေကြရတာ တွေ့ရပါတယ်။ ဒါကတော့ HR တော်တော်များများ လုပ်ကိုင်ဆောင်ရွက်နေကြတာ တွေ့ရပါတယ် ။
တစ်ခြားတစ်ဖက်က ပြန်ကြည့်ရင် Employee Engagement နည်းတူ Employer Engagement ဆိုတာလည်း ရှိနေပါတယ်။ စီမံခန့်ခွဲမှုတာ၀န်တွေကို ယူထားရတဲ့ သူတွေက ဒီအချက်ကို မကိုင်တွယ်လို့မရတော့ပါဘူး ။
အခြေအတည် တကျရှိတဲ့ MNC လုပ်ငန်းမျိုးတွေမှာ Guideline တွေကို လိုက်ပါ အကောင်အထည် ဖော်ဆောင် ရွက်ရတာ ဖြစ်တာကြောင့် ဒီအပိုင်းကို ကိုင်တွယ်ရတာ နည်းပါးပါ လိမ့်မယ် ။
ပြည်တွင်းလုပ်ငန်းရှင် တော်တော်များများ အတွက်ကတော့ ဒီအပိုင်းကို ဦးတည်လုပ်ဆောင်ရဖို့ များပါလိမ့်မယ် ။ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်းကို ဦးဆောင်နေရတဲ့အခါ ကိုင်တွယ်ဆောင်ရွက်ရတာတွေ အများကြီးရှိပါတယ် ၊ ငွေကြေး၊ ထုတ်လုပ်မှု ၊၀န်ဆောင်မှု တွေအတွက်အရေးကြီးဆုံးသော ဆုံးဖြတ်ချက် တွေကို ချမှတ်ဖို့ အချိန်နှင့်အမျှ စဉ်းစားနေကြရပါတယ် ။
ဒီလို များပြားလှတဲ့ လုပ်ငန်းတာ၀န်တွေမှာ Organization ရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့ Human Resources Management ရဲ့ အရေးပါတဲ့ အခန်းကဏ္ဏကို မီးမောင်းထိုးပြနိုင်ဖို့ လိုသလို ၊ တကယ်လို အပ်ကြောင်းနှင့်အရေးပါကြောင်းကို ထင်ရှားပေါ်လွင်အောင် ပြသနိုင်ဖို့လိုပါတယ် ။ လွန်ခဲ့သော (၅) နှစ်ထက်က စာရင် မြန်မာနိုင်ငံမှာ HR ပိုင်းနဲ့ပတ်သတ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ပိုပြီး အလေးထား လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ။
လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ Human Resources ရဲ့ အရေးပါမှုကို ပိုပြီး အလေးထားလာတာကိုက Employer Engagement ပိုင်းတွေ အားကောင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ ဒါကလည်းဆရာကြီး ဒေါက်တာ အောင်ထွန်းသက်တို့လို ဆရာများရဲ့ အစဉ်တစိုက် ထောက်ပြမှုကို ကျေးဇူတင်ရမှာပါ ။
HR ဌာန တစ်ခုကို တာ၀န်ယူဆောင်ရွက်ရတဲ့အခါ မိမိ ကျွမ်းကျင်ရာနယ်ပယ်အလိုက် ၊ အတွေ့အကြုံပညာအရ လုပ်ဆောင်နိုင်မယ့် HR Function တွေများစွာ ရှိကြပါလိမ့်မယ် ၊ မိမိ လုပ်ဆောင်နိုင်မယ့် ၀န်ထမ်းရေးရာ ဆောင် ရွက်ချက်တွေ ၊ စွမ်းဆောင်ရည်ဆိုင်ရာ စီမံခန့်ခွဲခြင်းတွေ ၊ ပေါ်လစီ တွေကို ၀န်ထမ်းတွေ နားလည်ယုံနဲ့မဟုတ်ပဲ ဒီဆောင်ရွက်ချက်တွေက အဖွဲ့အစည်းကို ဘယ်လောက်ထိ ကောင်းမွန်အောင် ဆောင်ရွက်နိုင် ကြောင်း သိရှိစေဖို့လိုပါတယ် ။ ဒီတော့ Employer Engagement ပိုင်းကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ် ။
Organization Partner – ဖြစ်ကြောင်းပြသပါ ။
သင်က ၀န်ထမ်းတစ်ဦးအနေနဲ့ မဟုတ်ပဲ အဖွဲ့အစည်းအတွက် လက်တွဲ လုပ်ဆောင်နေရတဲ့ သူဖြစ်ကြောင်း ပြသဖို့လိုပါတယ် ။ သင်က အဖွဲ့အစည်းကို ကူညီဆောင်ရွက် ပေးနိုင်တဲ့ သူဖြစ်ကြောင်း ပြသပါ။ လတ်တလောမှာ တွေ့နေရတဲ့ HR Business Partner ပိုင်းကို ခေါ်ယူတာတွေ တွေ့နေရမှာပါ ။ အဖွဲ့အစည်းရဲ့ ကောင်းကျိုး ဆိုးကျိူးဟာ သင်နဲ့ သက်ဆိုင်ကြောင်း ဖော်ထုတ် ပြသဖို့လိုပါတယ် ။ (အလွန်အကျူး အဖွဲ့အစည်းအတွက် ကောင်းမွန်အောင် ဘယ်လို ကြိုးစားလုပ်ဆောင်နေပါတယ်လို့ ပြောဆိုတာ မဟုတ်ဖို့လိုပါတယ်)
Employer Relationship
သင်လုပ်ဆောင်ချင်တာ ကို ဖော်ထုတ်ပြဖို့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့လိုပါတယ် ။ သင့်အပေါ်မှာ ယုံကြည်လေးစားမှု မရခင် ၊ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုဖြစ် စေဖို့ ချဉ်းကပ် ရပါတယ် ၊သူတို့နဲ့အမြဲတွေ့ဖြစ်တာ ၊ စကားပြောတာ ၊လုပ်ငန်းအခြေအနေတွေကို တင်ပြတာတွေကို မကြာခဏ ပြုလုပ်ပေးပါ ။ သူတို့ နဲ့ ရင်းနှီးတဲ့ သူတွေက တစ်ဆင့် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့လည်း လိုပါတယ် ။
အလုပ်ရှင်ရဲ့ လိုအပ်ချက် ၊ ဖြစ်ချင်တာ
ဒီအချက်က သင်မေ့လို့ မရတဲ့အချက်ပါ ။ သူတို့ရဲ့ ဖြစ်ချင်တာတွေ ၊ လိုအပ်ချက်တွေကို သိထားဖို့လိုသလို ၊ အတတ်နိ်ုင်ဆုံး ဆောင်ရွက်ပေး နိုင်ဖို့ လိုပါတယ် ။ ဒီလိုအပ်ချက် တွေက အဖွဲ့အစည်းရဲ့ ပန်းတိုင်နဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့လိုပါတယ် ။
ဘာကြောင့် လုပ်ဆောင်နေရတာလဲ
သင်လုပ်ဆောင်ချက်တွေဟာ ဘာကြောင့်လုပ်ဆောင်ရတယ်ဆိုတာကို မျိုးကို တိကျသေချာမှု ရှိတဲ့ အကြောင်းပြချက် ကောင်းကောင်းလိုပါတယ် ။ စာအုပ်ထဲက သဘောတရားတွေကို ပြောဆိုတာမျိုးမဟုတ်ပဲ လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ ယေဘုယျကျတဲ့ ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်းတွေကို ရှင်းလင်းပြောကြားနိုင်ဖို့ပါ ။
အကျိုးရလာဒ်
ဒီအပိုင်းက ကာလတို ၊ ကာလရှည်ဆိုပြီး သတ်မှတ်ထားရပါတယ် ၊ တော်တော်များများ ကတော့ Result တစ်ခုကို အတိုဆုံးအချိန်နဲ့ လိုချင်ကြတာပါပဲ ။ အကျိုးရလာဒ် ပိုင်းမှာ သိတာထင်ရှားတဲ့ ရလာဒ်တစ်ခုဖြစ်စေဖို့ သင့်ရဲ့ တာ၀န်ခံမှုကို ဖော်ထုတ်ပါ ၊ ဒါက ယုံကြည်မှုကို ပိုကောင်းလာစေပါတယ် ။
တိုးတတ်မှု နှိုင်းယှဉ်
သင်လုပ်ဆောင်ချက်က ဘာတွေ တိုးတတ်မှု ရှိသလဲ ဆိုတာကို သင့်အလုပ်ရှင်ကို ပြသဖို့လိုပါတယ် ၊ သင်ချမှတ်အကောင်ထည်ဖော်လိုက်တဲ့ လုပ်ဆောင်ချက်တွေက ဘာတွေတိုးတတ်မှု ရှိလာသလဲ၊လုပ်ငန်းခွင်အတွင်းမှာ သက်သာလျော့ပါး သွားတာက ဘာတွေဖြစ်မလဲ ဆိုတာကိုလက်တွေ့ကျကျ သိရှိ အောင် နှိုင်းယှဉ်ပြသနိုင်ဖို့လိုပါတယ် ။ ကာတို အောင်မြင်မှု တစ်ခုခုကို သင့်အလုပ်ရှင်လက်ခံလာအောင် ပြသနိုင်ဖို့လိုပါတယ် ။
အဆင်ပြေနိုင်ကြပါစေ …….
ရေးသားသူ – Htain Lin Kyaw (HR)



