၀န်ထမ်းတွေကို ဆက်ဆံရေး ကောင်းအောင် ၊ထိတွေ့ဆက်ဆံရေး အမြဲ ရှိနေရမယ် ဆိုတာက HR ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် ၊ ဒီတော့ Employee Engagement ဖြစ်အောင် တော်တော်များများ ဆောင်ရွက်နေကြရတာ တွေ့ရပါတယ်။ ဒါကတော့ HR တော်တော်များများ လုပ်ကိုင်ဆောင်ရွက်နေကြတာ တွေ့ရပါတယ် ။ တစ်ခြားတစ်ဖက်က ပြန်ကြည့်ရင် Employee Engagement နည်းတူ Employer Engagement ဆိုတာလည်း ရှိနေပါတယ်။ စီမံခန့်ခွဲမှုတာ၀န်တွေကို ယူထားရတဲ့ သူတွေက ဒီအချက်ကို မကိုင်တွယ်လို့မရတော့ပါဘူး ။ အခြေအတည် …
ဒီတစ်ပတ်တော့ HR နဲ့ပတ်သတ်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ရေးဖို့ စဉ်းစားမိတဲ့အခါ HR တွေ အတွက် ရေးဖို့ သတိရမိတာက succession Planning အကြောင်းပါ ။ အဖွဲ့အစည်းတစ်ခု ၊ လုပ်ငန်းတစ်ခုက အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ ကြိုးစားမှု အပေါ်မူတည်ပြီး ဖြစ်နိုင်တာ ရှိပါတယ် ။ ဒါပေမဲ့ ရေရှည်မှာ ဒီအဖွဲ့အစည်းတစ်ခုက ကာလတစ်ခုအထိ တည်မြဲနေစေဖို့ စီမံဆောင်ရွက်ရတဲ့အပိုင်းက သာ ခက်ခဲတာပါ ။ နိုင်ငံတကာ လုပ်ငန်းစုတွေ နှစ်ပေါင်းများစွာ သားစဉ်မြေးဆက် တည်မြဲအောင် ဆောင်ရွက်နိုင်ဖို့ သူတို့ …
တစ်လောက လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်ပြောင်းဖို့လာတိုင်ပင်တယ်၊ အလုပ်အသစ်တစ်ခုမှာ နေရာကျပါ့မလား? အဆင်ပြေချောမွေ့ပါ့မလားဆိုပြီး တော့ စိုးရိပ်စိတ်ကလေးလည်း ပါတာပေါ့ ။ ကိုယ်တိုင်ကလည်း အလုပ်ပြောင်းထားတာ မကြာသေးတော့ အတတ်နိုင်ဆုံးအကြံညဏ်ပေးလိုက်ပါတယ်။ အ ကောင်းဆုံးလို့ထင်မြင်ယူဆရင် ပြောင်းပါလို့၊ ဒီတော့ ဆက်မေးတာက ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲတဲ့ ?ဒါကလည်း တစ်ကယ်ခန့်မှန်းရခက်တဲ့ အရာပါပဲ ၊ကိုယ်အသစ်ရောက်ရှိမယ့် အဖွဲ့အစည်းမှာ အသားကျဖို့ပြင်ဆင်ရာမှာလည်း အဆင်မပြေမှုတွေ အများကြီးရှိနေမှာပါ။ ဒီလိုအခြေအနေတွေမှာ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ? ကိုယ့်အနေနဲ့အကောင်းဆုံး အခြေအနေ တစ်ခုအဖြစ် ကြိုတင်ပြင်ဆင်သင့်တာတွေက အများကြီးရှိနေမှာပါ။ ဒီတော့ အရေးကြီးတဲ့အပိုင်းလေးတွေကို အရင်ဆုံးတင်ပြချင်ပါတယ်။ ကိုယ်ရောက်နေတဲ့ …
အလုပ်တွေများလို့နေ့တိုင်းလိုလို Over Time အချိန်ပိုဆင်းနေရပြီလား ? သူများတွေ ရုံးပြန်တိုင်း ကိုယ်က နောက်ကျပြီးမှ မကြာခဏ ပြန်နေရပြီလား ? ဒါဆိုရင် မိမိ အလုပ်မှာ အချိန်ကို စီမံခန့်ခွဲနိုင်မှု အားနည်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့် အချိန်ပိုအလုပ်ဆင်းနေရတယ် ၊ ရုံးပြန်အမြဲလိုလို နောက်ကျနေတယ် ဆိုရင် စီမံခန့်ခွဲသူများအနေနဲ့ ဘာကြောင့်ဆိုတဲ့ အဖြေမျိုးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အချိန်ပို ဆင်းနေရတယ် ဆိုတာ အလုပ်ရှင်အနေနဲ့ကလည်း အချိန်ပိုလုပ်ခ ပေးရတာဖြစ်သလို ၊၀န်ထမ်းနေနဲ့လည်း မိမိ ကိုယ်ပိုင်အချိန်ထဲက အလုပ်အတွက် ထုတ်နုတ်ရတာဖြစ်လို့ …
ဒီစာသားလေးကို တကယ်တော့ သုံးတာ ခပ်တော့လန့်လန့်ပဲ ။ ကိုယ်က ဆရာမင်းသိင်္ခ ပရိတ်သတ်ဆိုတော့ မနေ့ညက မြင်းကပါအကျဉ်းသား ပြန်ဖတ်ရင်း ဒီခေါင်းစဉ်ပေးလိုက်တာ ၊ ခေါင်းစဉ်ပဲဖတ်ပြီး အလုပ်ထဲက လူတွေ ကို အကျဉ်းကျနေတယ် လို့ ပြောတယ် ထင်မှာလည်း စိုးမိသေးတယ် ။ ဒီတော့ သေချာလေး ဖတ်စေချင်ပါတယ်။ အလုပ်ဆိုတာ အသက်မွေးဝမ်းကြောင်းအရကော ၊ ဘ၀ရှင် သန်ရပ် တည်ဖို့အတွက်ကော မဖြစ်မနေ ကိုယ်ပိုင်ဖြစ်ဖြစ် ၊ ဝန်ထမ်းဖြစ်ဖြစ် လုပ်ကို လုပ်ရမယ့် အရာပဲဖြစ်ပါတယ် ။ …
အလုပ်တစ်ခုလုပ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတာကိုသိစေဖို့ လေ့ကျင့်သင်ကြားပေးခြင်းကို လုပ်ကိုင်ကြပါတယ်။ ခက်တာက သင်တော့သင်ပေးလိုက်တယ် အရည်အချင်းကတက်မလာတဲ့၀န်ထမ်းမျိုးတွေကို လုပ်ငန်းခွင်တွေထဲမှာတွေ့ရမှာသေချာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သင်ပေးလိုက်ရတဲ့အချိန်ကာလ ကုန်ကျမှုရင်းနှီးမြှပ်နှံခြင်းတွေက အဖွဲ့အစည်းဘက်ကဆုံးရှုံးသွားတာတော့အသေအချာပါပဲ… ဒါနဲ့ဆန့်ကျင်ဘက်အဖြစ် တစ်ချို့၀န်ထမ်းတွေက သင်လွယ်တတ်လွယ်မှု ရှိပြီး လေ့လာသင်ယူလိုစိတ်ပြင်းပြသူ ပြန်လည်အသုံးချသည်အထိ ဆောင်ရွက်နိုင်သည့် ၀န်ထမ်းများကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိတဲ့၀န်ထမ်းမျိုးအတွက် သင်ကြားမျှဝေသူကော လက်ခံသူပါ အပြင်အဖွဲ့အစည်းအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ လေ့လာသင်ယူပြုလုပ်သူဟာ ပိုမိုကောင်းမွန်တဲ့ ကြိုးစားမှုနဲ့ ရလဒ်ကိုဆောင်ရွက်နိုင်မယ်ဆိုတာ အငြင်းပွားဖွယ် ရာဖြစ်မယ်မထင်ပါဘူး ။ ဒီလိုမျိုးဖြစ်လာဖို့အတွက်လည်း လုပ်ငန်းခွင်တွေမှာလေ့ကျင့်သင်ကြားပေးမှုတွေကို ဦး တည်ဆောင်ရွက်ကြတာပါ။ ပညာရပ်တစ်ခု၊ နည်းပညာတစ်ခုအတွက်လေ့လာ သင်ယူတဲ့အခါ …
ကျွန်တော်တို့တွေ အလုပ်လုပ်ကိုင်ရာနယ်ပယ် အသီးသီးမှာ အခက်အခဲများစွာ ရှိကြပါတယ်။ အဲ့ဒိအခက်အခဲများကို မဖြေရှင်းဘူး ဒါမှမဟုတ် ဘယ်လိုဖြေရှင်းရမလဲမသိဘူးဆိုရင် ကျွန်တော်တို့အတွက် ထိခိုက်စရာတွေအများရှိလာနိုင်ပါတယ်။ ဥပမာ – စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်လာမှုတွေ၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရာတွင် စွမ်းဆောင်ရည်ကျဆင်းလာမှုတွေ၊ Motivation ကျလာတာတွေ အစရှိတဲ့ ဆိုးကျိုးတွေက ကို့အတွက် အများကြီးဖြစ်လာနိုင်ပါတယ်။ ထိုအခက်အခဲအများကြီးထဲကမှ ကျွန်တော်မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရရင် သင်ဘာလုပ်ရမလဲ။ ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံနေရပြီးဆိုလျှင် အမြန်ဆုံးဖြေရှင်းဖို့ တိုက်တွန်းချင်ပါတယ်။ ဖြေရှင်းဖို့နည်းလမ်းများစွာထဲက အောက်ပါနည်းလမ်းများကို မျှဝေလိုက်ပါတယ်။ လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခံရပါက၊ …
ယနေ့ခေတ် တိုးတက်လာတာနှင့်အမျှ လူတွေရဲ့ အတွေး အခေါ်တွေကလည်း မြင့်မားလာပြီး တစ်ဦးနှင့် တစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ များပြားလာကျပါတယ်။ အဲ့လို ယှဉ်ပြိုင်ကြတဲ့နေရာမှာ တစ်ဖြေးဖြေး မှေးမှိန်ပျောက် ကွယ်လာတဲ့အရာ တစ်ခုရှိပါတယ်။ အဲ့တာကတော့ “ Ethics “ ကျင့်ဝတ် (သို့) စည်း ပဲဖြစ်ပါတယ်။ Ethics သည် လုပ်ငန်းခွင်အပါအဝင် လူတစ်ဦးချင်းစီ၏ အပြုအမူများကို လမ်းညွှန်ပေးသော ကိုယ်ကျင့် တရားဆိုင်ရာ အခြေခံမူများကို ရည်ညွှန်းပါသည်။ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် အလုပ်အတွက် အဆင်ပြေသော ပတ်ဝန်းကျင်ကို ဖန်တီးပေးကာ …
လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နေဖို့က ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးပါတယ်။ မိတ်ဆွေတစ်နေ့တာရဲ့ သိသာထင်ရှားတဲ့အပိုင်းကို ပျော်ရွှင်မှုမယူဆောင်နိုင်တဲ့ အလုပ်တစ်ခုမှာ ဖြုန်းတီး ခြင်းက သင့်ကျန်းမာရေးကို ထိ ခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေဟာ အလုပ်မှာ ပျော်ရွှင်မှုရှိစေရန် ခြေလှမ်းများကို လုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုရှာဖို့က ပြည့်စုံတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဟန်ချက်ညီတဲ့ဘဝတစ်ခုကို ထိန်းသိမ်းထားနိုင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ အလုပ်မှာ မပျော်ဘူးဆိုရင် ဒါဟာ မိတ်ဆွေရဲ့ အလုံးစုံသော ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အလုပ် ကျေ နပ်မှုတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ယနေ့ခေတ် …
၀န်ထမ်းတွေ ဘာကြောင့် အလုပ်ထွက်ကြသလဲ ? ? သင့် သူဌေးဆီကို ဘယ်လို ကိုင်တွယ် စီမံ မလဲ ? ၀န်ထမ်းတွေ စွမ်းဆောင်ရည်တတ်အောင် ဘယ်လိုလုပ်မလဲ ? အရည်အချင်းရှိတဲ့ သူတွေကို ဘယ်လို ထိန်းသိမ်းမလဲ ? …. ရာထူး လစာတိုးဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ ?? …….. အစရှိတဲ့ ဆောင်းပါးပေါင်းစုံ ကို စာဖတ်သူတို့ ဖတ်ကြဖူးမှာပါ ။ ပြင်သင့်တာ ပြင် ဆင်သင့်တာဆင် ၊ မိမိ အဖွဲ့အစည်းနဲ့ …
ဒီအချိန်မှာ AI (Artificial intelligence) အကြောင်း တော်တော်များများပြောလာကြတော့ ကျွန်တော်တို့ HR နယ်ပယ်အတွက် AI (Artificial intelligence) အကြောင်းလေးဆွေးနွေးပေးဖို့ ဆရာနေလင်းရှိန်က ပြောလာတယ်။ နည်းပညာပိုင်း ကျွမ်းကျင်သူ မဟုတ်တာကြောင့် ဟိုဖတ်ဒီဖတ် စာလေးဖတ် မြင်တာတွေ့တာလေးတွေ ရေးဖြစ်တာပေါ့ ။ Open AI , ChatGP တွေ စသုံးလာကြပြီး ကျောင်းတွေမှာ ကျောင်းသားတွေက အိမ်စာတွေ ၊ Assignment တွေ ရေးခိုင်းတာကစလို့ AI (Artificial intelligence) နည်းပညာတွေအကြောင်း …
မိတ်ဆွေ ဆရာထိန် က ရုပ်တရက် စကားပြောရာက “ဆရာဝေ တဲ့ အရောင်းအဝယ်ရဲ့ ဆန်ကျင့်ဘက်က ဘာဖြစ်မလဲ တဲ့ ” ဆရာထိန် တွင် ထို အကျင့်ရှိတယ် အဲ့လို မေးတက်သည် ကျွန်တော်လဲ သိပ်စဥ်းစားမနေပဲ “မရောင်းမဝယ် ပေါ့ ဆရာ “ဟု ခပ်မြန်မြန်ဖြေလိုက်တယ်။ ထို့အဖြေကို ဆရာထိန် သဘောတွေ့ ဟန်ရှိသည် ပြုံး၍ “ဟုတ်တာပေါ့ ဆရာ” ဟု ပြန်ဖြေတယ်။ ကျွန်တော်လဲ စာရေးဖို့ အတွေး ရုပ်တရက် ရလိုက်သည် ” …
စွမ်းဆောင်ရည်စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်ဟာ လုပ်ငန်းအဖွဲ့အစည်းအတွက် အရေးအပါဆုံးသော လုပ်ငန်းစဉ်တွေထဲက တစ်ခုပါ။ ဒီလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ဆီမှာက ပုံမှန်လုပ်ရိုးလုပ်စဉ်အနေနဲ့သာ HR function တစ်ခုထဲက လုပ်ငန်းစဉ်တစ်ခုအနေနဲ့လောက်သာ လုပ်နေကြတာတွေ့နေရဦးမှာဖြစ်ပါတယ်။ ဒါကလည်း Strategic Human Resource Management အပိုင်းကို သေချာစွာအားမကောင်းသေးတဲ့ အခြေအနေတွေကြောင့်လည်းဖြစ်ပါတယ်။လုပ်ငန်းတွေမှာပုံမှန်လုပ်နေကြ Performance Appraisal ကိုတောင်သေချာစွာဆောင်ရွက်နိုင်တာ မတွေ့သေးပါဘူး။ တစ်ခါတစ်ခါ ကြားကြားနေရတဲ့ 360 Degree Performance Appraisal ဆိုတာကြီးကိုလည်းလုပ်ဆောင်ကြမယ့် ရဲရဲတောက် HR များကို တွေ့နေရပါသေးတယ်။ ပတ်၀န်းကျင် ပတ်ပတ်လည်က အကဲဖြတ်မှတ်တမ်းတွေကို လုပ်ဖို့ဆိုရင် …
ဒီတစ်ပတ်တော့ HR အကြောင်းပဲ ရေးနေရာကနေ အနည်းငယ်ကွဲပြားစွာ တင်ပြချင်ပါတယ် ၊ HR တွေ အနေနဲ့ကလည်း စီးပွားရေး လုပ်ငန်းတွေ မှာ ပတ်သတ်လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် မိမိ လုပ်ကိုင်လည်ပတ်နေတဲ့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းကို သိထားမှ ဖြစ်ပါလိမ့်မယ် ။ အခုနောက်ပိုင်းခေတ်စားလာတဲ့ HRBP ( Human Resource Business Partner ) တွေ မှာလည်းစီးပွားရေးရာ ဘက်မှာ ပံ့ပိုးမှု လုပ်ကိုင်နိုင်မယ့် နည်းလမ်းတွေပါ ထည့်သွင်းစဉ်းစားလာကြပါပြီ။ မိမိ တို့ …
Employee Engagement လို့ ဆိုလိုက်တာနဲ့ ၀န်ထမ်းတွေ အလိုလို အလုပ်လုပ်ချင်စိတ်၊ တာ၀န်ခံမှု တာ၀န်ယူမှု အပြည့်အ၀ ရှိခြင်းနဲ့ ပြည့်စုံပြီး ကောင်းမွန်သော ရလာဒ်များကို စွမ်းဆောင်နိုင်မယ့် အခြေအနေအဖြစ် တော်တော်များများသိထားပြီးဖြစ်မှာပါ ။ ၀န်ထမ်းတွေ အလုပ်အပေါ်မှာ ဘယ်လောက်ထိ Engagement ရှိလဲ ဆိုတာကို သိဖို့အတွက် Employee Engagement Survey တွေ တောင် သေသေချာချာလေးလုပ်ကြပြီး ဆောင်ရွက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ကြုံတုန်း တစ်ခုမျှဝေချင်တာလေး ရှိပါတယ် ၊ Employee …
ခေါင်းဆောင်မှုပုံစံတွေ အများကြီးရှိတဲ့ အထဲကနေ လုပ်ငန်းခွင်မှာ HR တွေနဲ့ သက်ဆိုင်ပြီး တကယ် အသုံးချနိုင်မယ့် Theory သဘောတရားတစ်ခုကို သိခဲ့တာလေးကို ပြန်လည်မျှဝေချင်ပါတယ်။ ဒါကတော့ Situational Leadership အကြောင်းပါ။ လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေကို စီမံအုပ်ချုပ်တဲ့အခါ လူတိုင်းကိုယ်စီမှာရှိကြတဲ့ အရည်အချင်း နဲ့ စိတ်နေသဘောထား အပေါ် မူတည်ပြီး စီမံခန့်ခွဲ ရတဲ့ အပိုင်းဖြစ်ပါတယ်။ ၀န်ထမ်းတစ်ယောက်က လုပ်ငန်းနဲ့ပတ်သတ်ပြီး အရည်အချင်းရှိတယ် ၊မိမိ လုပ်ကိုင်တဲ့ အလုပ်အတွက် သင့်တော်တဲ့ ကျွမ်းကျင်မှု ရှိပေမဲ့ အလုပ်အပေါ်မှာ တာ၀န်ယူတဲ့ …
လတ်တလော လုပ်ငန်းခွင်မှာ ကြားနေရတာက အရည်အချင်းရှိတဲ့ ၀န်ထမ်းတွေ ၊တကယ်တော်တဲ့သူတွေ ခဏခဏ ထွက်ကြတယ်ဆိုတာပါပဲ ။ ဘာကြောင့်ပဲထွက်ထွက် သူတို့ဆီမှာ ရှိနေတဲ့ အရည်အချင်းက အဖွဲ့အစည်းပေါ် အမှန်တကယ် အကျိုးပြုနိုင်တယ် ဆိုရင် ကိုယ့်အတွက် ဆုံးရှံးမှုတော့ရှိတာပါပဲ ။ သူဌေးတွေကတော့ လက်သုံးစကားစကားအနေနဲ့ ငကန်းသေ ငဆွေ လာလိမ့်မယ်လို့ သုံးကြတယ်။ ငဆွေတွေ များနေရင် တော့ အဲ့အဖွဲ့အစည်းကလည်း ဆွေစောင်းနေယုံမှ တပါးဘာရှိမှာပါလဲ။ လုပ်ငန်းခွင်ထဲမှာ အတော်ဆုံးဝန်ထမ်းတွေ ရှိနေတာက ကိုယ့်အတွက် အကောင်းဆုံးအခြေအနေလို့ ယူဆပါသလား ? ဒါမှမဟုတ်ယှဉ်ပြိုင်ဖက်တွေထက် …
KPIs အကြောင်းတွေ ရေးတာ အများကြီးတွေ့လို့ တစ်ချို့က မေးကြတာရှိပါတယ်။ Organization တစ်ခုလုံးရဲ့ Business အပိုင်းကိုကော KPIs တိုင်းတာလို့မရဘူးလားတဲ့? KPIs က ဝန်ထမ်းတွေမှ မဟုတ်ပါဘူး မိမိ လုပ်ငန်းရဲ့ စွမ်းဆောင်ရည် ကိုလည်း တိုင်းတာနိုင်ပါတယ် ။ ဆိုလိုတာက ကိုယ့်လုပ်ငန်းအတွက် လိုချင်တဲ့ ပန်းတိုင် သတ်မှတ်ချက် တွေကို ချမှတ်ပြီးရင် Business တစ်ခုလုံးကိုလည်း တိုင်းတာလို့ရပါတယ် ။ မတူညီတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ အများကြီးရှိတာကြောင့် တိုင်းတာသတ်မှတ်ချက်တွေက အားလုံး မတူညီနိုင် ကြပေမဲ့ …
လုပ်ငန်းခွင်ထဲမှာ ခပ်ဆိုးဆိုးမန်နေဂျာတွေနဲ့အတူ ပြသာနာရှိမယ့် ၀န်ထမ်းတွေလည်း ရှိနေတတ်ပါတယ် ၊ လုပ်ကိုင်နေရတဲ့ လုပ်ငန်းပတ်၀န်းကျင်ပေါ် မူတည်ပြီး အခြေအနေ ချင်းတော့ ကွာကောင်းကွာပါလိမ့်မယ် ၊ အခြေခံ အလုပ်သမားတွေ များတဲ့ လုပ်ငန်းပတ်၀န်းကျင်နဲ့ ရုံးလုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရတဲ့ လုပ်ငန်းခွင်က ၀န်ထမ်းတွေ ချင်းတော့ နည်းနည်း ကွာပါ လိမ့်မယ် ။ ( နှစ်မျိုးစလုံးကတော့ အလုပ်ရှင်တွေ စိတ်ပျက်ကြောက်ရွံ့ရတဲ့ ပြသာနာရှိတဲ့ ၀န်ထမ်းမျိုးတွေ ပါပဲ ) လူတစ်ဦးချင်းစီတစ်ယောက်ချင်းစီကို မကောင်းဘူးလို့ ပြောတာထက် လုပ်ဆောင်ပြုမူချက်တွေက အဖွဲ့အစည်းနဲ့ သွားနေတဲ့ …
HR Metrics အကြောင်းပြောတဲ့အခါ ကျွန်မတို့ဆီမှာတော်တော်လေး စိမ်းနေတာကို တွေ့ရမှာပါ။ တကယ်တော့ တော်တော်များများ လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ တွက်ချက်မှု အရာတွေပါပဲ။ HR Metrics ဆိုတာ မတူညီတဲ့ HR Functions တွေကို တိုင်းတာတွက်ချက်ပြီး အဖွဲ့အစည်းအတွက် အကျိုးရှိစေမယ့် ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်။ Metrics ဆိုတာ တိုင်းတာ သတ်မှတ်ချက် တွေအတွက် ရလာမယ့် Information ဖြစ်ပါတယ် ။ ရလာတဲ့ အချက်အလက်တွေကို မူတည်ပြီး ခွဲခြားသုံးသပ်ဆောင်ရွက်နိင်တဲ့ အခြေအနေမျိုးရောက်အောင် ဖန်တီးဆောင်ရွက်ရမှာဖြစ်ပါတယ် ။ဒါက …




















