ကိုယ်ရည်ကိုယ်သွေဖွံ့ဖြိုးရေး ဆိုတာ ဘာလဲ လို့ သေသေချာချာစဉ်းစားဖူးတယ် ၊ ကနဦးအရင်ဆုံး လေ့လာမိ တာက ကိုယ်ရည်ကိုယ်သွေးဆိုတာပါပဲ ၊ ကိုယ်ရည်ကိုယ်သွေးဆိုတာ လူတိုင်းမှာ ရှိတယ် ၊ ကောင်းတာလည်း ရှိသလို ၊အားနည်းတာ ပြင်ဆင်ဖို့ လိုအပ်တာတွေကလည်း အတူဒွန်တွဲရှိနေမှာပါ ။ ကိုယ်ရည်ကိုယ်သွေးလို့ ပြောတဲ့ Personality ဆိုတာကို သေချာဖတ်ကြည့်တော့ လူတွေရဲ့ စိတ်ခံစားမှု အတွေးအခေါ် ၊ ရုပ်ပိုင်းဆိုင်ရာ ၊တုံပြန်မှု အားလုံးကို ကိုယ်ရည်ကိုယ်သွေးလို့ ဆိုရမှာပါပဲ ။ တနည်းအားဖြင့်ပြောရရင် ကိုယ်က ဘယ်လိုလူမျိုးလဲ …
ကျွန်တော်တို့ မကြာခဏ ကြားကြားနေရတဲ့ IQ, EQ တွေ အကြောင်းပါ ၊ IQ ကတော့ တော်တော်များများ သိပြီး သားမို့ အကျယ့်တ၀င့်မပြောလိုတော့ပါဘူး ။ EQ နဲ့ ပတ်သတ်ပြီး လေ့လာမှတ်သားခဲ့ရတဲ့ အပိုင်းကို စိတ်ပညာရပ်ပိုင်းဆိုင်ရာ ရှထောင်ကနေ ရှမြင် သုံးသပ်ပုံလေးကို မျှဝေ တင်ပြလိုပါတယ်။ ဒီတော့ EQ ဆိုတော့ အကြောင်းကို အရင်ဆုံး သွားကြည့်ရအောင်…. IQ ထက်မြက်သူတွေက ပိုပြီးသိသားထင်ရှားစွာမြင်တွေ့ရပါတယ် ။ ဒါပေမဲ့ EQ ကောင်းမကောင်းကတော့ ထင်ရှားစွာမြင်သာမှာတော့မဟုတ်ပါဘူး …
လုပ်ငန်းခွင်နဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှု ဆောင်းပါးတွေ ၊စာအုပ်တွေ ဒီဘက်ခေတ်မှာ တော်တော် များများ ထွက်လာကြတာ ဟာ လေ့လာလိုသူတွေအတွက် များစွာသော ထိရောက်မှုဖြစ်စေတာ သေချာပါတယ် ။ ကျွန်တော်တို့ အချိန်တုန်းကထက် ပိုပြီးကျယ်၀န်းတဲ့ လေ့လာမှု အသိုက်အ၀န်းကို တည်ဆောက်နေကြသူတွေ ၊ စဉ်ဆက်မပြတ် လေ့လာနေ သူတွေကို ကြည့်ပြီး ပိတိဖြစ်မိပါတယ် ။ ဒါနဲ့ဆက်စပ်ပြီး တွေးတောမိရင်း ဒီဆောင်းပါး လေးကို ရေးမိပါတယ် ။ ကျွန်တော်တို့ဆီမှာက လေ့လာသင်ယူလိုသူ လူငယ်တွေများများလာတာနဲ့အမျှ စီမံခန့်ခွဲမှု ၊ခေါင်းဆောင်မှု စွမ်းရည် အစရှိတဲ့ …
ခေါင်းဆောင်မှု ပုံစံတွေအကြောင်းဆွေးနွေးတဲ့အခါ ဒီနေ့မျှဝေပေးချင်တဲ့ သီအိုရီလေး တစ်ခုရှိပါတယ် ။ ဒီဆောင်းပါး ခေါင်းစဉ်က ကျွန်တော့ ကို သင်တန်းသားတစ်ယောက်မေးလာတဲ့ ကိစ္စလေးကို အခြေခံပြီးရေးဖြစ် တာပါ ။ လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေကို ကိုင်တွယ်တဲ့အခါ အလုပ်ပြီးမြောက်ဖို့ ဦးစားပေးရ တာတွေရှိပါတယ် ။ အဲ့လို အလုပ်ပြီးမြောက်ဖို့ တွန်းအားပေးရတဲ့ အခါ လက်အောက်ဝန်ထမ်းငယ်တွေနဲ့က အဆင်မပြေတာ၊ ခက်ခဲတာ တွေ ရှိလာပြီး အထက်အောက် ဆက်ဆံရေး အဆင်မပြေမှုတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းကိုဖြေရင်းနဲ့ လူတွေက …
လုပ်ငန်းခွင်တိုင်းမှာ Team တွေရှိနေကြပါတယ် ။ အဖွဲ့အစည်းတစ်ခုရဲ့ ဒေါက်တိုင်အဖြစ် တည်ဆောက်ကြတဲ့အခါ Teamတစ်ခုဖြစ်ဖို့ဆိုတာအရေးကြီးသလို အဲ့ဒိဖွဲ့စည်းလိုက်တဲ့ Team ကလည်း တကယ်ထိရောက်ပြီးအကျိုးဖြစ်ထွန်းစေတဲ့အဖွဲ့အစည်းအတွက် ဒေါက်တိုင်လေးတစ်ခုဖြစ်နေဖို့လိုပါတယ်။ အဲ့လို Teamလေးတွေဖွဲ့စည်းထားတဲ့ များစွာလှသောTeamများပေါင်းစုပြီး အဖွဲ့အစည်းတစ်ခုလုံးဖြစ်တဲ့ Organization Development ဖြစ်စေဖို့အတွက်ဆောင်ရွက်ရတာဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် ။ ဒီတော့ Team ဆိုတဲ့ အဓိပ္ပါယ်လေးကိုတစ်ချက်ကြည့်ရအောင် Team ဆိုတဲ့ စကားလုံးလေးကို တစ်လုံးချင်းအနက်ဖွင့်ရင် – T – Together E –Everyone A – Achieve …





