
Cause of the Employees disengagement
Employee Engagement လို့ ဆိုလိုက်တာနဲ့ ၀န်ထမ်းတွေ အလိုလို အလုပ်လုပ်ချင်စိတ်၊ တာ၀န်ခံမှု တာ၀န်ယူမှု အပြည့်အ၀ ရှိခြင်းနဲ့ ပြည့်စုံပြီး ကောင်းမွန်သော ရလာဒ်များကို စွမ်းဆောင်နိုင်မယ့် အခြေအနေအဖြစ် တော်တော်များများသိထားပြီးဖြစ်မှာပါ ။ ၀န်ထမ်းတွေ အလုပ်အပေါ်မှာ ဘယ်လောက်ထိ Engagement ရှိလဲ ဆိုတာကို သိဖို့အတွက် Employee Engagement Survey တွေ တောင် သေသေချာချာလေးလုပ်ကြပြီး ဆောင်ရွက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ် ။
ဒီနေရာမှာ ကြုံတုန်း တစ်ခုမျှဝေချင်တာလေး ရှိပါတယ် ၊ Employee Engagement နဲ့ Employee Satisfaction ကမတူညီဘူးဆိုတာကိုပါ ။ ၀န်ထမ်းတစ်ယောက်က အလုပ်မှာ ကျေနပ်နေတယ်ဆိုတာနဲ့ စိတ်ပါ၀င်စားမှု ရှိခြင်း၊ တတ်ကြွခြင်းလုပ်ဆောင်တတ်ခြင်း ၊ တာ၀န်သိခြင်း၊ တာ၀န်ရှိခြင်းက မတူပါဘူး ။၀န်ထမ်းတစ်ယောက်က သူ့အလုပ်မှာကျေနပ်နေတယ် ဆိုတာက လုပ်ငန်းက သိပ်အများကြီး မရှုပ်လို့ လည်းဖြစ်နိုင်သလို ၊ အတူတူလုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေနဲ့ အဆင်ပြေပျော်ရွင်နေတာ ၊တွဲလုပ်ရတာ အဆင်ပြေတာ ၊ လစာနဲ့ လုပ်အား မျှတတယ်လို့ ယူဆတာ ဆိုပြီး တနည်းနည်းနဲ့ လည်း ဖြစ်နိုင်ပါတယ် ။
ဒါပေမဲ့ Engagement ရှိတဲ့ ၀န်ထမ်းကတော့ မိမိအဖွဲ့အစည်းအတွက် ရေရှည်မျှော်မှန်းချက်တွေကို သေချာရှင်းလင်းစွာသိရှိတယ် ၊ မသိသေးရင်လည်း သိအောင် ကြိုးစားတယ် ၊ဒါကြောင့် Engagement ဘယ်လောက်ထိရှိသလဲ (Level of Engagement) နဲ့ မိမိအဖွဲ့အစည်းအတွက် အဲ့လို ၀န်ထမ်းတွေ ဘယ်လောက်များများ ရှိမလဲ ဆိုတာ အဖွဲ့အစည်းတိုးတတ်ရေးအတွက်ပိုပြီး အရေးပါတယ် ဆိုတာ မှားမယ် မထင်ပါဘူး ။
ခက်တာ ဒီ Engagement ဆိုတဲ့ အရာကြီးက သူ့အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး ၊ ဖန်တီးရပါတယ် ၊ အခြေအနေ တစ်ခုအထိ ရောက်အောင် ဖန်တီးရပါတယ် ၊ အဲ့လို ဖန်တီးဖို့လိုတဲ့အပြင် ဘာလို Engagement တိုးတတ်လာအောင် လုပ်မလဲ ဆိုတာကို သိဖို့လည်း လိုအပ်ပါတယ် ၊
ကနဦး Engagement of components (၂) မျိုးကို အရင်ဆုံးရှင်းပြချင်ပါတယ် ။
အဖွဲ့အစည်းအပေါ်မှာ ရှိနေတဲ့ Engagement လား ? Manager တွေအပေါ်မှာ ရှိနေတဲ့ Engagement လား?
ဆိုတာကို သေချာရှင်းလင်းစွာ သိဖို့လိုအပ်ပါတယ် ။
Engagement with The Organization – အဖွဲ့အစည်းရဲ့ ပန်းတိုင်ယုံကြည်ချက် ၊ မျှော်မှန်းချက်တွေနဲ့ လုပ်ဆောင်ချက်တွေ ၊စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု ဆိုင်ရာကိစ္စများ ၊ တန်ဖိုးထားမှုတွေကို လက်ခံနားလည်ပြီး ရှိတဲ့ Engagement ရှိတဲ့အပိုင်းဖြစ်ပါတယ် ။
Engagement with My Manager – သူကတော့ ပိုပြီးတိကျတဲ့အပိုင်းဖြစ်ပါတယ် ၊ သူတို့ကို အနီးကပ်အုပ်ချုပ်နေတဲ့ ကြီးကြပ်သူတွေ ၊ မန်နေဂျာတွေအပေါ်မှာ မူတည်ပြီးရှိတဲ့ Engagement ပါ။ ယုံကြည်လေးစားမှု ၊အားကိုး တန်းဖိုးထားမှု တွေနဲ့အတူ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် အပြန် အလှန် လေးစားမှုတွေပါ ပါ၀င်ပါတယ် ။
ဒီတော့ Engagement လို့ ဆိုတိုင်း ဘယ်အပိုင်းမှာဖြစ်တည်နေသလဲ ဆိုတာကို သေချာစွာ လေ့လာ သုံးသပ်နိုင်ဖို့လည်းလိုအပ်ပါတယ် ။
အပေါ်က တင်ပြခဲ့တဲ့အထဲကမှ (၂)ခုထပ်ခွဲရင် အချက် လေးချက် ထပ်ရပါတယ်။
Engagement with The Organization မှာ (Culture of Engagement /Strategic Alignment) Engagement with My Manager ဆိုရင်
(Motivating and Relating / Managing Execution) ဆိုပြီး ပြန်ကြည့်ရမှာဖြစ်ပါတယ် ။
ဒီအကြောင်းကို အသေးစိတ် ဆောင်းပါး တစ်ပုဒ်ရေးပါဦးမယ် ။
ဒီတော့ Engagement က အရေးကြီးပါတယ် ဆိုတာ သိတဲ့အခါ ဘာကြောင့် Employee Engagement ကျဆင်းရတာလဲ ဆိုတာကို သိရှိဖို့လည်း လိုအပ်လာပြန်ပါတယ် ။ ဘယ်လို အခြေအနေတွေကြောင့် Employee Engagement ကျဆင်းရသလဲ ၊အဲ့အရာတွေက ဘာတွေလဲ ဆိုတာကို တင်ပြချင်ပါတယ် ။
1.Poor Management ( စီမံခန့်ခွဲမှုအားနည်းတာ)
2.Poor Communication ( လုပ်ငန်းခွင်အတွင်း ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းကြတာ)
3.Lack of career growth ( အသက်မွေး၀မ်းကြောင်းဆိုင်ရာ တိုးတတ်မှု အတွက် အခွင့်အလမ်းမရှိတာ)
4.Pay ( ထိုက်သင့် မျှတတဲ့ လုပ်ခလစာ မရရှိတာ)
5.Lack of recognition ( အသိအမှတ်ပြုမှု နည်းပါးတာ)
6.Poor leadership ( ခေါင်းဆောင်မှုပိုင်းမှာ အားနည်းတာ)
7.Lack of training ( လေ့ကျင့်သင်ကြားပေးမှုတွေ သိပ်မရှိတာ)
8.Excessive workload ( လုပ်ငန်းတာ၀န်တွေ အလွန်များပြားတာ)
9.Lack of tools and resources ( လုံလောက်သော အရင်းအမြစ်များနဲ့ ပံ့ပိုးပေးမှု မရှိတာ)
10.Lack of collaboration ( ပူးပေါင်းဆောင်ရွက်မှု မရှိတာ)
ဒိအချက်တွေက ၀န်ထမ်းတွေရဲ့ Engagement ကို ကျစေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ် ၊ ကိုယ်က Employee Engagement ကောင်းအောင် လုပ်ဆောင်တဲ့အခါ ဒီအချက်တွေကြောင့်လည်း ကျမသွားအောင် ပြင်ဆင်ထိန်းသိမ်းရမှာဖြစ်ပါတယ် ၊ ၀န်ထမ်းတွေရဲ့ Engagement ကောင်းအောင်လုပ်ဆောင်ဖို့ အတွက် ကတော့ ကြိုးစားဆောင်ရွက်ရင်း အထက်က ဖော်ပြခဲ့တာတွေကိုလည်း အကောင်းဆုံးပြင်ဆင်နိုင်ပါစေ …..
ရေးသားသူ – Htain Lin Kyaw (HR)



