
HR Metrics & Analytics
HR Metrics အကြောင်းပြောတဲ့အခါ ကျွန်မတို့ဆီမှာတော်တော်လေး စိမ်းနေတာကို တွေ့ရမှာပါ။
တကယ်တော့ တော်တော်များများ လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ တွက်ချက်မှု အရာတွေပါပဲ။
HR Metrics ဆိုတာ မတူညီတဲ့ HR Functions တွေကို တိုင်းတာတွက်ချက်ပြီး အဖွဲ့အစည်းအတွက် အကျိုးရှိစေမယ့် ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်။
Metrics ဆိုတာ တိုင်းတာ သတ်မှတ်ချက် တွေအတွက် ရလာမယ့် Information ဖြစ်ပါတယ် ။
ရလာတဲ့ အချက်အလက်တွေကို မူတည်ပြီး ခွဲခြားသုံးသပ်ဆောင်ရွက်နိင်တဲ့ အခြေအနေမျိုးရောက်အောင် ဖန်တီးဆောင်ရွက်ရမှာဖြစ်ပါတယ် ။ဒါက Analytics အပိုင်းဖြစ်ပါတယ်။
ဒါကြောင့် Metrics အကြောင်းပြောရင် Analytics ပိုင်းက ဆက်မပါလို့ မရပါဘူး ။ Metrics က Information ဖြစ်ပြီး ၊ Analytics က Strategic ပိုင်းလို့ဆိုရမှာဖြစ်ပါတယ်။
ဥပမာ –
How many top sales reps left last quarter?
ဆိုတာမျိုးက Metrics ဖြစ်ပြီး
Why do my top performing employees keep leaving?
ဆိုတာကတော့ Analytics ဖြစ်ပါတယ် ။
ဒီအဆင့်ကို မရောက်ခင်မှာ လိုအပ်တဲ့ အခြေခံအဆင့် (၅) ဆင့်ရှိပါတယ်။
ဒီအချက်အလက်တွေပေါ်မူတည်ပြီး မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ အခြေအနေတွေကို မူတည်ပြီး သတ်မှတ်ဆောင်ရွက်ဖို့လိုပါတယ် ။ ဒါကြောင့် မိမိလုပ်ငန်းအဖွဲ့အစည်းမှာ တိကျတဲ့ အချက်အလက်တေွရရှိဖို့ အဆင့် (၅) ဆင့်ကို ဖော်ပြချင်ပါတယ်၊၊
Opinion
Data
Metrics
Analytics
Insights
အသေးစိတ် ဥပမာလေးတွေနဲ့ တစ်ချက်ကြည့်ရအောင်ပါ ။
Opinion – မိမိလုပ်ငန်းအတွင်းမှာ ဘာတွေ အားနည်းနေတယ်ဆိုတာ ကို ခံစားသိရှိနေတဲ့ အဆင့်ပါ ဒီအဆင့်မှာက မိမိရဲ့ သဘောထား အမြင်အဆင့်မှာပဲ ရှိပါသေးတယ် ။
ဥပမာ – ဒီလအတွင်း ဝန်ထမ်းတွေဖျားနာတဲ့သူ တော်တော်များများရှိနေတယ်လို့ ခံစားလာမိတယ်။
Data – အချက်အလက်တွေပေါ်ကနေ ကြည့်ရမယ့် အချက်အလက်တွေဖြစ်ပါတယ် ၊ ကိန်းဂဏန်း အချက် အလက် တွေကို ကြည့်ရတဲ့အပိုင်းပါ ဖြစ်ပါတယ်။
ဥပမာ – အလုပ်ပျက်တဲ့ ဝန်ထမ်းဦးရေ ပမာဏဟာ (၁၂ %) အထိ ဒီလအတွင်းမှာ ရှိနေတယ် ။
Metrics – ရလာတဲ့ Data တွေ အပေါ်ကနေ အသေးစိတ် သတင်းအချက်အလက် Information တွေကို ဆွဲထုတ်ရတဲ့ အဆင့်ဖြစ်ပါတယ် ။
ဥပမာ – Absence Rate ဟာ ဒီတစ်လလုံးအတွင်း (၄၀ %) ထက်ကျော်လွန်နေပြီဖြစ်ပါတယ် ။ ဒါက သိပ်ကောင်းတဲအခြေအနေမဟုတ်ပါဘူး ။လုပ်ငန်းရဲ့ ထုတ်လုပ်မှုကိုပါ ကျဆင်းစေမယ်။
Analytics – ရလာတဲ့ information အပေါ်မှာ မူတည်ပြီး လေ့လာသုံးသပ်ဆောင်ရွက်ရမယ့် ဆောင်ရွက်ချက် တွေကို ဖြစ်လာတဲ့ အကြောင်းအရင်းတွေကို ရှာဖွေ စဉ်းစားဖော်ထုတ်ရတာဖြစ်ပါတယ်။
ဥပမာ – Absence Rate (၄၀ %) ဖြစ်ပွားရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ ဆိုတော့ ဒီကာလက မိုးတွင်းကာလဖြစ်လို့ ရာသီအကူးအပြောင်းမှာ တုတ်ကွေးဖြစ်ကြတာများကြတယ်။
Insights -ဒီအဆင့်ကတော့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဆုံးဖြတ်အကောင်အထည်ဖော်ရတဲ့ အခြေအနေဖြစ်ပါတယ် ။ Action Plan နဲ့ Preventive action ပိုင်းကို ဆောင်ရွက်ရတာဖြစ်ပါတယ်။
ဥပမာ – ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ရောဂါထပ်မံမဖြစ်ပွားရအောင်နဲ့ ၊ ကူးစက်မှု မရှိစေဖို့ ကာကွယ်ဆေးထိုးတာနဲ့ ကြိုတင်ကာကွယ်တားဆီးရေးတွေ ဆောင်ရွက်ဖို့လိုပါမယ်။
အခုပြောခဲ့တာကတော့ Opinion – Insights အဆင့်ထိဖြစ်ပါတယ် ။ ဒါကြောင့်ရလာတဲ့ အချက်အလက် ကိန်းဂဏန်းအဆင့်မှာ ရပ်နေလို့မရပဲ Strategic Action အထိ ဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။
မိမိအဖွဲ့အစည်းကို မောင်းနှင်တဲ့အခါ ဘာတွေဖြစ်နေလဲ ဆိုတာကို သိရှိမှသာ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာကို သေချာစွာ သိရှိမှာဖြစ်ပါတယ်။
အဲ့လို ဆောင်ရွက်နိုင်ဖို့အတွက် HR Metrics အချက်အလက်တွေကနေပြောပြတဲ့ အကြောင်းအရာတွေကို Knowledge အဖြစ်အသုံးချပြီး မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်စေဖို့ လိုအပ်ပါတယ်။
ရေးသားသူ – Goldie Kyaw



