
Situational Leadership
ခေါင်းဆောင်မှုပုံစံတွေ အများကြီးရှိတဲ့ အထဲကနေ လုပ်ငန်းခွင်မှာ HR တွေနဲ့ သက်ဆိုင်ပြီး တကယ် အသုံးချနိုင်မယ့် Theory သဘောတရားတစ်ခုကို သိခဲ့တာလေးကို ပြန်လည်မျှဝေချင်ပါတယ်။
ဒါကတော့ Situational Leadership အကြောင်းပါ။ လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေကို စီမံအုပ်ချုပ်တဲ့အခါ လူတိုင်းကိုယ်စီမှာရှိကြတဲ့ အရည်အချင်း နဲ့ စိတ်နေသဘောထား အပေါ် မူတည်ပြီး စီမံခန့်ခွဲ ရတဲ့ အပိုင်းဖြစ်ပါတယ်။ ၀န်ထမ်းတစ်ယောက်က လုပ်ငန်းနဲ့ပတ်သတ်ပြီး အရည်အချင်းရှိတယ် ၊မိမိ လုပ်ကိုင်တဲ့ အလုပ်အတွက် သင့်တော်တဲ့ ကျွမ်းကျင်မှု ရှိပေမဲ့ အလုပ်အပေါ်မှာ တာ၀န်ယူတဲ့ စိတ် ၊တတ်ကြွစွာ လုပ်ဆောင်တဲ့ စိတ်ရှိမနေဘူး ဆိုရင် ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာက အရေးပါတဲ့ အရာတစ်ခုပါ ။
HR တွေတင် မကပါဘူး မန်နေဂျာတိုင်း မိမိလက်အောက်က ၀န်ထမ်းတွေက ဘယ်လို ပုံစံမျိုး ရှိသလဲ ဆိုတာကို သိထားနိုင်မှ ဘယ်လိုစီမံခန့်ခွဲ မလဲ ဆိုတာကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ် ။
ဒါဆိုအရင်ဆုံး သတ်မှတ်ချက်ကလေးတွေကို ကြည့်ရအောင် လုပ်ငန်းခွင်အတွင်းမှာ ၀န်ထမ်းတွေအပေါ် သတ်မှတ်ရမယ့် အခြေခံ အချက် (၂ ) ချက် ရှိပါတယ် ။
ဒါတွေကတော့ ၀န်ထမ်းတစ်ယောက်အနေနဲ့ မိမိ လုပ်ငန်းခွင်မှာ တာ၀န်ယူဆောင်ရွက်မယ့် အဆင့်သင့်ဖြစ်မှုအခြေအနေ ၊တနည်းအားဖြင့် ရင့်ကျက်မှုကို သတ်မှတ်တဲ့အချက် (၂) ချက်ရှိပါတယ် ၊
Follower’s Readiness = Competence +Commitment လို့ ဆိုပါတယ် ။
Competence: မှာ ဘာတွေပါလဲ ဆိုတော့ Task, Knowledge and Skills တွေပါပါတယ် ။ ဒီအလုပ်အတွက် ထိုက်သင့်တဲ့ ကျွမ်းကျင်မှု ၊အသိပညာ ၊အရည်အချင်းစတာတွေကို သတ်မှတ်ထားတာပါ
။နောက်တစ်ချက်တော့ Commitment: ဖြစ်ပါတယ် ၊
Commitment မှာတော့ Attitude, Motivation and Confidence ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ တုံပြန်မှု ၊တတ်ကြွနိုးကြားမှုနဲ့ တာ၀န်ယူဆောင်ရွက်မှုတွေ ပါ၀င် ပါတယ်။
ဒီအချက် နှစ်ချက်အပေါ် အခြေခံပြီး ၀န်ထမ်းတွေကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရသလဲ ဆိုတာ ကို သတ်မှတ်ရပါမယ် ။ ဒီတော့ အခြေခံအားဖြင့် ၀န်ထမ်းတွေကို အုပ်စု (၄) စု ခွဲခြားသတ်မှတ်ရပါတယ်။ ဒါကို Levels Of Development လို့ သတ်မှတ်ပါတယ် ။
D1 – Low Competence, High Commitment “Enthusiastic Beginner”
လုပ်ငန်းအတွက် သင့်လျော်တဲ့ အရည်အချင်း နည်းပါတယ် ၊
ဒါပေမဲ့ Commitment မြင့်မားတဲ့ ၀န်ထမ်းမျိုးပါ ။ တော်တေ်ာများများတွေ့ရတာက အလုပ်စတင်၀င်ရောက်တဲ့ ၀န်ထမ်းတွေမှာ ရှိတတ်ပါတယ် ။ သင်ယူလို စိတ်ပြင်းပြတယ် ၊လုပ်ကိုင်ဆောင်ရွက်လိုစိတ်များတယ် ၊တတ်ကြွတယ် ၊တာ၀န်ပေးရင် လုပ်ကိုင်ချင်တယ် ၊ဒါမျိုးတွေရှိကြပါတယ် ၊ ဒါပေမဲ့ သင့်လျော်တဲ့အရည်အချင်းလိုအပ်နေတဲ့ ၀န်ထမ်းတွေပါ ။ ဒီအုပ်စုကိုတော့ D-1 အဖြစ်သတ်မှတ်ထားလို့ရပါတယ်။
D2 – Some Competence, Low Commitment “Disillusioned Learner”
နောက်ထပ်အုပ်စုတစ်ခုကတော့ အရည်အချင်းအချို့ရှိတယ် ၊ပြည့်စုံသလားဆိုတော့ ပြည့်စုံမှုတော့ သိပ်မရှိဘူး ဆိုတဲ့ ၀န်ထမ်းမျိုးပါ ၊ Commitment ကလည်း နည်းတယ် အခြေအနေမှာရှိပါတယ် ၊
ဒီလို ၀န်ထမ်းမျိုးကိုတော့ လုပ်ငန်းခွင်မှာတော်တော် များများတွေ့ရတတ်ပါတယ် ၊ ထိုက်သင့်တဲ့ အရည်အချင်း အချို့တော့ရှိပေမဲ့ တာ၀န်ပေးရင် တာ၀န်မယူချင်တာတွေ ၊ဆင်ခြေများတာတွေနဲ့ လွဲချတတ်တဲ့ အလေ့အကျင့်မျိုး ရှိပါတယ် ။ ဒါတွေကိုတော့ D-2 အဖြစ်သတ်မှတ်ပါတယ်။
D3 – Moderate to High Competence, Variable Commitment “Reluctant Contributor”
ဒီအုပ်စုကတော့ အရည်အချင်း ရှိပြီး လုပ်ငန်းနဲ့သင့်တော်တဲ့ ၀န်ထမ်းမျိုးတွေပါ ။ လုပ်ငန်း တာ၀န် ဆောင်ရွက် ရာမှာ ကျွမ်းကျင်တဲ့ Competence တွေ ရှိပါတယ်၊ ဒါပေမဲ့ စိတ်ပါမှ သေချာ လုပ်တတ်တာမျိုး ၊တစ်ခါတစ်လေ တာ၀န်ယူချင်စိတ်မရှိတာတွေ ဖြစ်တတ်ပြီး စိတ်အခြေအနေက ပြောင်းလဲ နေတတ်ပါတယ် ။ အနေကြာပြီး လုပ်ငန်းကျွမ်းကျင်တဲ့ ၀န်ထမ်းမျိုးဖြစ်ပါတယ် ။ သူတို့ကိုတော့ D-3 အဖြစ်သတ်မှတ်ပါတယ်။
D4 – High Competence, High Commitment “Peak Performer”
နောက်ဆုံးအုပ်စု၀င်တွေကတော့ လုပ်ငန်းအတွက်လိုအပ်တဲ့ တကယ့်အရည်အချင်းပြည့်၀သူတွေပါ ၊ Competence နဲ့ Commitment လည်း မြင့်မားတာကြောင့် ဒီလိုလူတွေကို အဖွဲ့အစည်းတွေက တတ်နိုင်သလောက် ထိန်းသိမ်းထားသင့်တဲ့ သူတွေပါ ။ သူတို့တွေက D-4 လို့သတ်မှတ်ရပါမယ်။
ဒီလိုသတ်မှတ်ပြီးပြီဆိုရင်တော့ ဒီအုပ်စုလေးခု အတိုင်း ၀န်ထမ်းတွေကို ခွဲခြားသတ်မှတ်ရပါတော့မယ် ၊ဒီအခြေအနေမှာ အရေးကြီးတာက သေချာစွာသတ်မှတ်ထားနိုင်ဖို့ပါ ။ လုပ်ငန်းကျွမ်းကျင်မှုနဲ့ ဆိုင်တဲ့ Competence ကတော့ ခွဲခြားသတ်မှတ်ရာမှာ သိပ်မခက်ခဲနိုင်ပေမဲ့ ၊ Commitment ကိုသတ်မှတ်ရာတော့ စံသတ်မှတ်ချက်တွေကို အရင်ဆုံးထားရှိပြီး ခွဲခြားသတ်မှတ်ရင် အကောင်းဆုံးပါ ။
တစ်ချို့သော စီမံခန့်ခွဲသူတွေက မိမိနဲ့ အဆင်မပြေရင် ၊ လုပ်ငန်းနဲ့သက်ဆိုင်ပြီး ပြန်ဆွေးနွေးတာတို့ နဲ့ပတ်သက်ပြီး ဆင်ခြေများတယ် ၊တတ်ကြွစွာမလုပ်ဘူးလို့ သံုံးသပ်မှုတွေဖြစ်လာနိုင်တာကြောင့် Commitment ကိုသတ်မှတ်ရာမှာ သေချာစွာ သုံးသပ်နိုင်ဖို့လိုပါတယ် ။
Situational Leadership Style မှာ ဒီလိုခွဲခြား သတ်မှတ်ပြီးပြီဆိုရင်တော့ သူတို့တွေကို ဘယ်လိုကိုင်တွယ်ရ မလဲ ဆိုတဲ့ အပိုင်းကို ရောက်လာပါပြီ ။ ဒီတော့ D 1,2,3,4 ကို ကိုယ်တွယ်ဖို့ S1,2,3,4 အဖြစ်သတ်မှတ် ထားတာရှိပါတယ် ။ ဒါတွေကတော့
– D1 (Low competence, high commitment) – S1 (Directing)
– D2 (Some competence, low commitment) – S2 (Coaching)
– D3 (High competence, variable commitment) – S3 (Supporting)
– D4 (High competence, high commitment) – S4 (Delegating) တို့ပဲဖြစ်ပါတယ်။
D1 ဖြစ်တဲ့ ၀န်ထမ်းတွေကို ကိုင်တွယ်ရာမှာ S1 ဖြစ်တဲ့ Directing လုပ်တဲ့ ပုံစံမျိုးနဲ့သာ သွားရမှာဖြစ်ပါတယ် ။ သူတို့တွေက ကျွမ်းကျင်မှု နည်းပါးပြီး လုပ်ကိုင်လိုစိတ်ပြင်းပြသူတွေဖြစ်ပါတယ် ။ ဒါပေမဲ့ မကျွမ်းကျင်မှု အမှားတွေကြောင့် လုပ်ငန်းအတွင်းအခက်အခဲ တွေဖြစ်နိုင်တာမို့ Directing လုပ်တဲ့ နည်းနဲ့ ကိုင်တွယ် ထိန်းသိမ်းရမှာဖြစ်ပါတယ် ။
D2 အုပ်စု၀င်တွေကိုတော့ S2 ဖြစ်တဲ့ Coaching နဲ့ ကိုင်တွယ်ပြီး ၊ D3 ၀န်ထမ်းတွေကိုတော့ S3 ဖြစ်တဲ့ Supporting ပေးတဲ့ စီမံခန့်ခွဲမှု နည်းလမ်းနဲ့သာ ကိုင်တွယ် ဆောင်ရွက် ရပါမယ် ။
နောက်ဆုံးအုပ်စု၀င်ဖြစ်တဲ့ “Peak Performer” D4 တွေကိုတော့ တာ၀န်ခွဲဝေဆောင်ရွက်ပေးတဲ့ ပုံစံမျိုးနဲ့ ကိုင်တွယ်ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။
ဒီအချက်တွေကို သေချာစွာ သတ်မှတ်အကောင် အထည်ဖော်ဆောင်နိုင် ရင် မိမိ ၀န်ထမ်းတွေအပေါ်မှာ ထိရောက်တဲ့ စီမံခန့်ခွဲနည်းနဲ့ ကိုင်တွယ်နိုင်ဖို့ ဆိုတာ မခက်ခဲပါဘူး ။
ဒါကြောင့် Situational Leadership ပုံစံမှာ ၀န်ထမ်းတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းကိုပေးထားပါတယ်။
ဒါကိုထိရောက်စွာ အသုံးချနိုင်စေဖို့ မျှဝေလိုက်ရပါတယ်။
Ref : : Hersey, P. and Blanchard, K. H. (1977). Management of Organizational Behavior: Utilizing Human Resources (3rd ed.) New
ရေးသားသူ – Htain Lin Kyaw (HR)



