Back

ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်ခြင်း (Personality Development)

ကိုယ်ရည်ကိုယ်သွေဖွံ့ဖြိုးရေး ဆိုတာ ဘာလဲ လို့ သေသေချာချာစဉ်းစားဖူးတယ် ၊ ကနဦးအရင်ဆုံး လေ့လာမိ တာက ကိုယ်ရည်ကိုယ်သွေးဆိုတာပါပဲ ၊ ကိုယ်ရည်ကိုယ်သွေးဆိုတာ လူတိုင်းမှာ ရှိတယ် ၊ ကောင်းတာလည်း ရှိသလို ၊အားနည်းတာ ပြင်ဆင်ဖို့ လိုအပ်တာတွေကလည်း အတူဒွန်တွဲရှိနေမှာပါ ။

ကိုယ်ရည်ကိုယ်သွေးလို့ ပြောတဲ့ Personality ဆိုတာကို သေချာဖတ်ကြည့်တော့ လူတွေရဲ့ စိတ်ခံစားမှု အတွေးအခေါ် ၊ ရုပ်ပိုင်းဆိုင်ရာ ၊တုံပြန်မှု အားလုံးကို ကိုယ်ရည်ကိုယ်သွေးလို့ ဆိုရမှာပါပဲ ။

တနည်းအားဖြင့်ပြောရရင် ကိုယ်က ဘယ်လိုလူမျိုးလဲ ဆိုတာဖော်ပြထားတဲ့ အရာကို တနည်းအားဖြင့် Personality လို့ ဆိုလို့ရပါတယ် ။

စိတ်ဆိုးလွယ်တာ ၊ ပျော်ပျော်နေတတ်တာ ၊ ကူညီချင်စိတ်ရှိတာ ၊ အကောင်းမမြင်တတ်တာ ၊ ရုပ်ပိုင်းဆိုင်ရာတုံပြန်မှု အားလုံးကလည်း Personality တွေပါပဲ ။

ဒါကိုဘာကြောင့် တိုးတတ်အောင်လုပ်သင့်သလဲဆိုတာလည်း အရေးကြီးလာပြန်ပါတယ် ၊ လူတိုင်းမှာ ကြုံရတဲ့ အခက်အခဲတွေ ၊စိန်ခေါ်မှု တွေ ပြသာနာတွေကို ကြုံလာရတဲ့အခါ ပိုပြီးအားကောင်းတဲ့ ကိုယ်ရည် ကိုယ်သွေးကြံ့ခိုင်မှု ရှိမနေရင် ယိုင်လဲသွားတတ်ပါတယ် ။ ဒါတွေကို ကျော်လွှားဖို့ အတွက် ကိုယ့်မှာ ကောင်းမွန်တဲ့ စိတ်ထား Positive Attitude တွေ အားကောင်း ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတတ်ဖို့က လိုကို လိုအပ်တာပါ ။

သင့်ဘ၀မှာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားလေလေ ၊ သင်ဖြစ်ချင်တဲ့ အောင်မြင်ခြင်း တွေကို ပိုပြီးနီးကပ်လေလေပါပဲ ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆက်စပ်ပြီးပြောရရင် လုပ်ငန်းခွင်ထဲမှာ အလုပ်ခန့်မယ့်သူတွေ တော်တော်များများက ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့ သူတွေကို ပိုပြီးလိုအပ်ကြတယ် ၊ အလုပ်လုပ်တတ်ယုံနဲ့တင်မကပဲ အဲ့လူရဲ့ Personality ကိုလည်း သိနိုင်စေဖို့ လိုအပ်ရင် Personality Test တွေ စစ်ဆေးကြတာမျိုးတွေလုပ်ကြပါတယ် ။

ဘာကြောင့်လဲဆိုတော့ အဲ့လူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အလုပ်တာ၀န်နဲ့ကိုက်ညီမှု ရှိမရှိကိုစစ်ဆေးချင်ကြလို့ပါ ။ နောက်ပြီး လူတစ်ယောက်ရဲ့ Personality Type က အခြားလူတွေအပေါ်မှာလည်း အများကြီးသက်ရောက်မှု ရှိပါတယ် ၊ သူနဲ့အတူတွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေမပြေ ကြိုတင်သိထားရင်လည်း ပိုပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ် ။

ဒါကြောင့် Personality Development ဆိုတာကို ဒီဘက် ခေတ်မှာ မဖြစ်မနေ လုပ်ရတော့မယ် အရာပါပဲ ။

ဆက်ပြီးတော့ Personality အကြောင်းပြောတဲ့အခါ အပိုင်း (၂) ပိုင်းခွဲပြောရပါမယ်

ကိုယ်နဲ့ ဆိုင်တဲ့အပိုင်းရယ်

သူတစ်ပါးနဲ့ သက်ဆိုင်တဲ့ အပိုင်းရယ်ပါ ၊

တနည်အားဖြင့် Mindset and Attitude လို့ပြောရမယ် ၊

ကိုယ့်ဆီမှာ ရှိနေတဲ့ စိတ်ထားရမယ့် အပိုင်းက Mindset ဖြစ်ပြီး သူတစ်ပါးနဲ့ သက်ဆိုင်ပြီး စိတ်ထားရမယ့် အပိုင်းက Attitude ဖြစ်ပါတယ် ။ ဒါကြောင့် ဒီနှစ်ပိုင်းလုံးက အရေးကြီးသလိုမဖြစ်မနေလည်း ပိုပြီးကောင်းမွန်အောင်တည်ဆောက်ပေးရမှာဖြစ်ပါတယ် ။

ဆက်ပြီးတော့ လူတိုင်းအတွက်မဖြစ်မနေ သိရှိထားရမယ့် Personality Tips တစ်ချို့ကို လည်း တစ်ခါတည်း မျှဝေပေးချင်ပါတယ်။

1.Be Confident

အရာရာကို ယုံကြည်မှုနဲ့တည်ဆောက်ရပါတယ် ၊ အရင်ဆုံးမိမိ ကိုယ်တိုင်ယုံကြည်မှု ရှိပါစေ

2.Improve Your Communication Skills

၂၁ ရာစုမှာ မဖြစ်မနေပါလာရတော့မှာက Communication Skills ပါပဲ ၊ သင်ဘယ်လောက်တော်တော် ဒီအချက်ကို မပိုင်ဆိုင်နိုင်သေးရင် တိုးတတ်သင့်သလောက် မတိုးတတ်နိုင်ပါဘူး ။

3.Dress Up Well (Appearance)

လှလှပပ မဖြစ်ရင်တောင် သပ်သပ်ရပ်ရပ်ဖြစ်ဖို့လိုပါတယ် ၊ ဒါကို အမြဲဂရုပြဖို့ လိုသလို ၊အလေ့ အကျင့်လုပ် ဖိုကလည်း လိုအပ်ပါတယ် ။

4.Be Optimistic

လူတွေအပေါ် အကောင်းမြင်တတ်တဲ့စိတ်ဆိုတာ ပြောတာ လွယ်သလောက်နားလည်ဖို့ ခက်သလို ၊ လိုက်လုပ်ဖို့ နည်းခက်ပါတယ် ၊ တော်တော်များများက သိရက်နဲ့ လိုက်လုပ်နိုင်ဖို့ ခက်ပါတယ် ၊ ဒါကလည်း အကောင်းမြင် တတ်တဲ့ စိတ်အခြေအနေဖြစ်တဲ့ နားလည်မှု ၊ လိုက်လျောညီထွေနေတတ်ဖို့နဲ့ စိတ်အခြေ အနေ သဘောထား တွေကို လေ့ကျင်ထားရပါမယ် ။

5.Be a Good Learner

နားထောင်တတ်ပါစေ ၊ ကိုယ်သိချင်သိရဖို့ နားထောင်တတ်ခြင်းက အရေးကြီးပါတယ် ၊ လူမှုဆက်ဆံ ရေးနယ်ပယ်မှာ ဒါက မဖြစ်မနေလိုက်နာရမယ့်အရာပါပဲ ။

6.Passion for work

စိတ်မပါရင်ဘာမှ မလုပ်ပါနဲ့ ၊ ကိုယ်လုပ်တဲ့ အလုပ်ကို စိတ်ပါ၀င်စားဖို့ ဆိုတာ အရေးကြီးသလို ၊ စိတ်ပါတဲ့ အလုပ်ကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ် ။

7.Body Language

သင့်နဲ့ အပြုအမူတုံပြန်မှု ဖြစ်တဲ့ စကားပြောဆိုပုံ ၊ ကိုယ်ဟန်အမူအရာ ၊နေထိုင်မှု ပုံစံတွေကလည်း အရေးကြီးတဲ့ Personality တွေပဲဖြစ်ပါတယ် ။

8.Social Skills

Social ကောင်းဖို့လိုတယ် ဆိုတာလည်း အရေးကြီးပါတယ် ၊ သင့်ပတ်၀န်းကျင်မှာ လုပ်ဖော်ကိုင်ဖက်တွေ ၊ တွဲဖက်လုပ်ကိုင်သူတွေ ၊ သူငယ်ချင်းမိတ်ဆွေများများနဲ့အတူ Social Community ကိုပိုပြီးချဲထွင်ပြီး Social Network ကောင်းအောင် လုပ်ထားဖို့ လိုပါတယ် ။

9.Learning Mind

ရပ်နေရင် ကျန်ခဲ့ပါမယ် ၊ သင့်အနေနဲ့ လေ့လာသင်ယူစိတ်ဆိုတာ မရှိရင် တော့ ပိုပြီးခက်ခဲမှာဖြစ်သလို ၊ ဆက်သွားဖို့လည်း ခက်ခဲပါလိမ့်မယ် ။

10.Leadership Qualities

ထွေထွေထူးထူးပြောစရာမလိုတဲ့ ခေါင်းဆောင်မှု အရည်အသွေးဆိုတာ သင့်ဘ၀အတွက် ဘယ်မှာ ရောက်နေနေ မရှိမဖြစ် အရေးကြီးတဲ့ အပိုင်းပါ ။

အထက်ပါ အချက်တစ်ချို့ကတော့ သင့်အတွက် ထားရှိရမယ့် Personality Tips တွေပဲဖြစ်ပါတယ် ၊ အားလုံးမဟုတ်ရင်တောင် တစ်ခု နှစ်ခုလောက်ပဲဖြစ်ဖြစ် ကောင်းမွန်အောင် တည်ဆောက်ခြင်းဖြင့် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ …..

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply