Back

လူတော်တွေကို ထိန်းနိုင်ဖို့ ထိန်းတဲ့လူကတော်ဖို့လိုပါတယ် …..

လုပ်ငန်းခွင်ထဲမှာ အတော်ဆုံးဝန်ထမ်းတွေ ရှိနေတာက ကိုယ့်အတွက် အကောင်းဆုံးအခြေအနေလို့ယူဆပါသလား?

❗ဒါမှမဟုတ်ယှဉ်ပြိုင်ဖက်တွေထက် သာလွန်တဲ့ အနေအထား တစ်ခု ရှိနေတယ်လို့ ထင်မြင်မလား ။

❗တစ်ခါတစ်လေ လူတော်တွေကိုထိန်းချုပ်ရတာခက်ခဲပါတယ်။

ကိုယ့်အဖွဲ့အစည်းက ကြီးမားတဲ့အနေအထားမှာဆိုရင် လူတော်တွေ ပိုပြီးလိုအပ်ပါတယ်။ပိုပြီးလိုအပ်လို့ ပိုပြီးရှိလာလေလေလူတော် များတဲ့ အဖွဲ့အစည်းက ထိန်းကောင်းရခက်လေပါပဲ။

ဒီနေရာမှာ တစ်ခုတင်ပြချင်တာက လူတော်တိုင်း လူကောင်းဖြစ်ပါ့မလားဆိုတာ ကိုလည်း တွေးဖို့လိုပါတယ်။

တော်တယ် မကောင်းဘူး ၊ကောင်းတယ်မတော်ဘူး ဆိုတဲ့ စရိုက်ပုံစံကွဲပြားခြင်းကို တော့ ကွဲပြားစွာနားလည် လက်ခံထားဖို့လိုပါတယ်။

ယူဆချက်ကြားဖူးတာလေး တစ်ခုတော့ရှိပါတယ်။

တကယ်တော်ရင် ကောင်းကိုကောင်းရမယ်ဆိုတဲ့ တွေးခေါ်ယူဆချက်မျိုးကိုကောလက်ခံနိုင်ပါ့မလားဆိုတာကို တွေးမိပါတယ်။

ဒီအပိုင်းကို ခဏထားလို့ လူတော်တွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတကာကို ဆက်ပြီးတင်ပြသွားပါမယ်။

HR သမားတစ်ယောက်အတွက် ဝန်ထမ်းကောင်းတွေကိုထိန်းသိမ်းရတာလည်း အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ချိုအဖြစ်ပါဝင်ပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေမှာ အခြေအနေအကြောင်းကြောင်းကြောင့် လူတော်တွေ ထွက်မသွားအောင်ထိန်းသိမ်းလိုက်ရတာလည်း ရှိပါတယ်။ တော်တဲ့ လူတွေကို ထိန်းသိမ်းရတာခက်ပါတယ်၊တော်တဲ့ လူပိုများတဲ့ အဖွဲ့အစည်းမှာဆိုရင်တော့ ပိုပြီးထိန်းကျောင်းရခက်ခဲလာပါတယ်။ဒါကလည်းHR တွေအတွက် ခေါင်းခဲရတဲ့ ပြသာနာပါ။ တော်တဲ့ လူတွေကို ပျံသန်းခွင့်ပေးလိုက်ချင်ပေမဲ့ တစ်ခါတစ်လေ အစားထိုးရခက်ခဲတဲ့ သူတွေအတွက် ဆက်ပြီးထိန်းသိမ်းလိုက်ရတာမျိုးလည်း ရှိကြမှာပါ။

ရေရှည်မဟုတ်ရင်တောင် ကာလတစ်ခုအထိ ထိန်းသိမ်းလိုက်ခြင်းကလည်း အစားထိုးဖို့အတွက် အချိန်ကာလ တစ်ခုရသွားစေနိုင်တာမို့ ပါ။်တွေထက် သာလွန်တဲ့ အနေအထား တစ်ခု ရှိနေတယ်လို့ ထင်မြင်မလား ။တစ်ခါတစ်လေ လူတော်တွေကိုထိန်းချုပ်ရတာခက်ခဲပါတယ်။ ကိုယ့်အဖွဲ့အစည်းက ကြီးမားတဲ့အနေအထားမှာဆိုရင် လူတော်တွေ ပိုပြီးလိုအပ်ပါတယ်။ပိုပြီးလိုအပ်လို့ ပိုပြီးရှိလာလေလေလူတော် များတဲ့ အဖွဲ့အစည်းက ထိန်းကောင်းရခက်လေပါပဲ။

ဒီနေရာမှာ တစ်ခုတင်ပြချင်တာက လူတော်တိုင်း လူကောင်းဖြစ်ပါ့မလားလူတစ်ယောက်ကို ထိန်းသိမ်းဖို့က သူရဲ့ လိုအပ်ချက် ၊လိုအင်ဆန္ဒ ဒါတွေကို အရင်ဆုံးသိရပါမယ်။ Need &Want တွေပေါ့။ ဒါကြောင့် တစ်ဦးချင်းတစ်ယောက်ချင်းစီမှာ မတူညီတဲ့ လိုအပ်ချက် ၊လိုအင်ဆန္ဒတွေကို ကိုယ်က သိအောင်လေ့လာရပါမယ်၊အကြမ်းမျဉ်းပြောကြရရင် Maslow’s hierarchy of needs တွေဖြစ်တဲ့ physiological , Safety , Love and belonging , Esteem , Self-actualization တွေကို တော့ ခွဲခြားသိမြင်ထားရမှာ ဖြစ်ပါတယ်။

ဒီတော့ လိုချင်တာကို ဖော်ထုတ်နိုင်ပြီဆိုရင် ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားလို့ ရလာနိုင်ပြီဖြစ်ပါတယ်။ကိုယ်က နောက်ဆုံးဆုံးဖြတ်ချက်ချ ရတဲ့ အနေအထားမဟုတ်ပဲ Top Management တင်ပြရမယ်ဆိုရင်တော့ အဲ့ဒိဝန်ထမ်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှု အပိုင်းတွေကိုအသေးစိတ်မှတ်တမ်းတင်ထားတဲ့ကိုယ်ရေးမှတ်တမ်းမျိုး ကိုသေချာစွာထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။

နောက်ပြီးဝန်ထမ်းအချင်းချင်းရဲ့ သဘောထားမှတ်ချက်တွေနဲ့အတူ တင်ပြထားနိုင်မှ အထက်လူကြီးတွေက အသိအမှတ်ပြုနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်တော့ ဒီဝန်ထမ်းက အရည်အချင်းရှိတဲ့သူတကယ်တော်တဲ့ လူဆိုတာ သေချာသွားပြီဆိုရင် သူ့ကိုထိန်းသိမ်းဖို့ ဆောင်ရွက်တဲ့အခါ ကိုယ့်အတွက် အထောက်အပံ့ ရရှိနိုင်မှာပါ။

ဝန်ထမ်းတစ်ယောက်အလုပ်ထွက်မယ်ဆိုရင် ကနဦး အရင်ဆုံးစဉ်းစားကြတာက လစာတိုးပေးဖို့ ၊ရာထူးတိုးပေးဖို့ပါပဲ။အခြေခံ အချက်အလက်အရတော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ဒါပေမဲ့ တိကျတဲ့ အဖြေလားဆိုတာတော့ မဟုတ်ပါဘူး။လူတိုင်းက လိုချင်တာချင်းမတူကြတဲ့ အခြေအနေမှာ ကိုယ်က သူတို့ကို ထိန်းသိမ်းနိုင်ဖို့ ပါးနပ်မှ ရပါလိမ့်မယ်။ တစ်ချို့က လစာကိုပိုလိုအပ်တယ်တစ်ချို့က နေရာ ၊တစ်ချို့က လုပ်ပိုင်ခွင့် ၊တစ်ချို့က ပျော်ရွင်ဖွယ် မိသားစုဆန်တဲ့ လုပ်ငန်းခွင် ၊တစ်ချို့ တစ်ချို့ တွေကြားမိတ်ဆွေကကောဘာလိုချင်တာလဲ။ဘာတွေလုပ်ပေးနိုင်မယ်ထင်သလဲ ဆိုတာတော့ ကိုယ့်ဝန်ထမ်းအကြောင်း ကိုယ်က ပိုသိဖို့လိုပါတယ်။

အခြေခံအချက်အလက်တွေဖြစ်တဲ့ လစာ၊ရာထူးကြောင့် ဆိုရင်တော့ အထက်က တင်ပြခဲ့သလို သူရဲ့ အရည်အချင်းမှတ်တမ်းနဲ့အတူသဘောထားမှတ်ချက်ပြုပြီး Top Management ကိုတင်ပေးကြည့်ပါ။တကယ်လိုအပ်ကြောင်း အရည်အချင်းရှိသူဖြစ်ကြောင်း ယုံကြည်လက်ခံလာမယ်ဆိုရင်တော့ ကိစ္စက ပြတ်ပြီပေါ့၊

အကယ်၍ မရခဲ့ဘူးဆိုရင်တောင် ကာလတစ်ခုအတွက် အာမခံချက်ပေးတာမျိုးကို တောင်းဆိုပြီး အဲ့ဝန်ထမ်းကို ပြန်လည် ရှင်းလင်းပေးပါ။ လက်မခံနိုင်ခဲ့ရင်တော့ သူ့ဘဝအတွက် လွတ်လပ်စွာပျံသန်းနိုင်ပါစေပေါ့။

ဆက်ပြီးတင်ပြချင်တာက ရာထူးလစာထက် ၊ပိုပြီးကြီးလေးတဲ့ တာဝန် လုပ်ငန်းတွေကိုဆောင်ရွက်ချင်တဲ့ ဝန်ထမ်းမျိုးတွေကိုထိန်းသိမ်းရာမှာတော့ သူတို့ တကယ်လုပ်ကိုင်နိုင်လားဆိုတာကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။လူတိုင်းက အသေးအဖွဲလေးတွေမလုပ်ချင်ကြဘူး။လုပ်ငန်းမှာ အရေးပါအရာရောက်တဲ့ အပိုင်းတွေမှာပဲ ပိုပြီးစိတ်ဝင်စားတယ်။

ဒါဆိုရင် ဒီအပိုင်းတွေကို တကယ်လုပ်ကိုင်ဆောင်ရွက်နိုင်ပြီလားဆိုတာကို ထည့်သွင်စဉ်းစားရမယ့် Skill ,Knowledge ,Attitude တွေ ဘယ်လောက်ထိတိုးတက်နေပြီလဲ ၊ ဒီအဆင့်တွေကို ကော တကယ်ဆောင်ရွက်နိုင်နေပြီလားဆိုတာကို ကနဦးစစ်ဆေးမှုတွေ လုပ်ပါ။

တကယ်တော်ရင်လုပ်နိုင်ရင် ပေးလုပ်လိုက်ပါ။အားလုံးမဟုတ်တောင် တစ်ချို့တစ်ဝက်ကို လွှဲအပ်လုပ်ကိုင်နိုင်ဖို့ စဉ်းစားပါ။နောက်ပြီး တကယ်လုပ်လာနိုင်ရင်လည်း ချီးမြှင့်မြှောက်စားမှုပြုပေးပါ။ အကယ်၍များ လုပ်သာ လုပ်ချင်စိတ်ရှိတယ်၊အရည်အချင်းက အဲလောက်ထိ မလုပ်နိုင်သေးဘူးဆိုရင်တော့ တွဲဖက်သင်ယူမှု ပြုလုပ်နိုင်သည့်အထိ လက်တွဲခေါ်ယူနိုင်ပါတယ်။အတင်းဇွတ်လုပ်ဖို့ ချည်းပဲတောင်းဆိုနေရင်တော့ ဆက်လက်ဆွဲခေါ်ထားဖို့ မသင့်ပါဘူး။

လုပ်ငန်းအဖွဲ့အစည်းတိုင်းကတော့တကယ်တော်တဲ့လူတွေကိုထိန်းသိမ်းထားချင်ကြပါတယ်။အဲလိုထိန်းသိမ်းနိုင်ဖို့လည်းအစီအမံတွေထားရှိကြတယ်။သင်တန်းပေးတတ်တာတွေ၊နိုင်ငံခြားခရီးစဉ်တွေ ၊ငွေကြေး ချေးဌားမှုတွေ ပြုလုပ်ပြီးထိန်းသိမ်းကြတာရှိသလို စာချုပ်စာတမ်းတွေနဲ့လည်း ကာလတစ်ခုအထိ ထိန်းချုပ်ထားတာ ရှိပါတယ်။ဘယ်လိုပဲထိန်းသိမ်းပါစေ ကိုယ့်အဖွဲ့အစည်းရဲ့ ဓလေ့စရိုက်နဲ့ကိုက်ညီတဲ့နည်းလမ်းတွေကို အသုံးပြုကြတာများပါတယ်။ ဒီတော့ အခြေခံအချက်အလက်လေး တစ်ချို့ကိုပဲတင်ပြပါရစေ။

(1) Promote appropriately

ဝန်ထမ်းတွေအနေနဲ့ မျှော်လင့်ချက်ကိုယ်စီရှိကြမယ်။ကြိုးစားမှုအတိုင်းအတာကို လိုက်ပြီး အချိန်အပိုင်းအခြားအလိုက်ရာထူး၊လစာလုပ်ပိုင်ခွင့်တွေတိုးမြှင့်ပေးမယ်ဆိုရင် တော်တဲ့လူတွေအနေနဲ့ ပြောင်းရွှေ့ဖို့ ပြန်ပြီးစဉ်းစားပါလိမ့်မယ်။အချိန်ကာလကိုတော့သတိထားမိဖို့လိုပါ တယ်။ကိုယ်က ဘယ်အချိန်မှာဒီလိုလုပ်ပေးဖို့လိုတာလည်းဆိုတာကို ကောင်းစွာနားလည်သဘောပေါက်ရင်တော့ အကောင်းဆုံးပါ။

(2) Pay above-standard rates

ဒီအချက်က ငွေကြေးပိုင်းအရေးကြီးလာတဲ့အတွက် ြဦ တွေချမှတ်ပေးဖို့က အရေးကြီးပါတယ်။ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်၊ဥပမာယာဉ်မောင်းတစ်ယောက်လစာက (၂)သိန်းထားမယ်ဆိုပါစို့MarketRateအရဒီလောက်တော့ရှိမယ်ဆိုရင်အနည်းငယ်ပိုစေဖို့ပြောတာပါ။ဒါပေမဲ့ ဆောင်ရွက်ဖို့ကြတော့ ငွေကြေးကုန်ကျမှုတွေရှိနေပြန်တော့ သေချာတော့ စဉ်းစားမှုပြုရပါလိမ့်မယ်။ လစာကောင်းတဲ့ အလုပ်ကို အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေက စုပြုံတိုးကြတာ သဘာဝကျပါတယ်။

(3) Get employees’ input — then apply it

ကိုယ်က အရည်အချင်းရှိတဲ့ ဝန်ထမ်းဆီက ကိုယ့်လုပ်ငန်းအတွက် ဘာတွေရနိုင်မလဲ ၊သူ့ရဲ့ ဖြည့်သွင်းထားတဲ့အရည်အချင်းတွေကိုရရှိအောင် ဆောင်ရွက်ပြီး ပြန်လည်အသုံးချခိုင်းဖို့လိုအပ်ပါတယ်။

(4) Encourage creative innovation

အရည်အချင်းရှိတဲ့သူတွေကစိန်ခေါ်မှုအသစ်တွေ၊တီထွင်ဆန်းသစ်မှုများကိုလုပ်ဆောင်နိုင်ကြပါတယ်။ဒါကိုဖော်ထုတ်ပါ အားပေးပါ။ ဒီအားသာချက်က ကိုယ့်အဖွဲ့အစည်းဆီကို အကောင်းဆုံး တိုးတက်မှုတွေ ယူဆောင်လာနိုင်ပါတယ်။

(5) Use friendly competition

လုပ်ငန်းခွင်မှာ ဝန်ထမ်းအချင်းချင်းယှဉ်ပြိုင်လုပ်ဆောင်နိုင်မှုက အရေးကြီးပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေမှာ အချင်းချင်းယှဉ်ပြိုင်မှုတွေကနေ မလိုမုန်းတီးစိတ်တွေ ၊အာဃာတ တရားတွေနဲ့အတူ အချင်းချင်းအဆင်မပြေမှုတွေဖြစ်ပေါ်စေပြီး အဖွဲ့အစည်းပါပြိုကွဲတက်ပါတယ်။ဒိတော့ ဖော်ရွေရင်းနှီးတဲ့ ယှဉ်ပြိုင်မှုပုံစံမျိုးကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

ဒီအချက်အလက်လေးတွေက အခြေခံအချက်အလက်လေးတွေပဲဖြစ်ပါတယ်။ တကယ်တော့ လူတော်တွေကို ထိန်းသိမ်းဖို့ခက်ခဲပါတယ်။နေရာထိုင်ခင်း ၊လုပ်ခလစာ ၊ခံစားခွင့်တွေ ပေးရင်တောင်ကျန်းမာရေး၊မိသားစုအရေး၊တစ်ခြားလူမှုရေးကိစ္စရပ်တွေကြောင့်လည်းကိုယ်ဆီကထွက်ခွာသွားတက်ပါတယ်။ဒီတော့ကိုယ်ကဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို တော့ကိုယ်တိုင်ဆုံးဖြတ်စေချင်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ လူတော်တွေကိုထိန်းသိမ်းနိုင်ဖို့ ထိန်းတဲ့သူက တော်မှဖြစ်နေရပါမယ် ဆိုတာကိုပဲ စကားလက်ဆောင်အဖြစ်ပေးချင်ပါတယ် …..

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply