Back

Skill လား ? Talent လား ?

ဒီတစ်ပတ်အတွက်တော့ Skill နဲ့ Talent အကြောင်းလေးကို အနည်းငယ်ကွဲပြားအောင် တင်ပြချင်ပါတယ် ။ ဒီတလော Talent ဆိုတဲ့ အသုံးအနှုန်းလေးလည်း တော်တော် သုံးလာကြတော့ တွေ့တော့ တူသလိုလိုနဲ့ ကွဲပြားတဲ့ Skill နဲ့ Talent အကြောင်းကို တင်ပြချင်ပါတယ်။ လုပ်ငန်းတွေမှာ အရင်တုန်းက သုံးခဲ့ကြတဲ့ Skillful Employee ဆိုတာထက် Talent Employee ဆိုတာကို ပိုပြီး လိုအပ်လာကြသလို ၊တကယ်လည်း Talent Management & Talent Development ပိုင်းကို ဦးစားပေးသွားနေရတဲ့ အချိန်မို့ မိမိ၀န်ထမ်းက Skill Level လား Talent ရှိသူလားဆိုတာကို စီမံအုပ်ချုပ်သူတွေအနေနဲ့ ကွဲပြားစွာ သိရှိ အသုံးပြုနိုင်ဖို့လိုပါတယ်။

Talent မှာတောင် ခွဲခြားထားတာတွေရှိပါသေးတယ် ၊ နယ်ပယ်အလိုက်ဖြစ်စေ ၊ မိမိကျွမ်းကျင်ရာ နယ်ပယ် အ ပြင် တစ်ခြားနယ်ပယ်တစ်ခုခုပါ ထပ်မံ ကျွမ်းကျင်ခြင်းကိုပါ ခွဲခြားသတ်မှတ်ထားတာ ရှိပါတယ် ။ ဒီတော့ သက် ဆိုင်ရာ မိမိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ နယ်ပယ်မှာအားလုံးကို နှံ့စပ်ကျွမ်းကျင်တယ် ဆိုရင် ဒါကို Unidimensional Talent လို့ခေါ်ပါတယ် ။ဥပမာ HR ပိုင်းမှာ Unidimensional Talent ရှိသူဆိုပါစို့ HR ပိုင်းနဲ့ပတ်သတ်ပြီး အားလုံးကို နှံ့စပ်ကျွမ်းကျင်သူ ဖြစ်ပြီး သက်ဆိုင်ရာ Sector အားလုံးမှာ ကျွမ်းကျင်တတ်မြောက် ဆောင် ရွက်နိုင်သူလို့ ဆိုရပါမယ် ။

နောက်ထပ် Talent တစ်ခုကတော့ Multidimensional Talent ဖြစ်ပါတယ် ။ မိမိသက်ဆိုင်ရာနယ်ပယ်အပြင် တစ်ခြားနယ်ပယ်တစ်ခုမှာပါ Talent ရှိသူဖြစ်တာကြောင့် Multidimensional Talent လို့ သုံးပါတယ် ။ အထက်က ဥပ မာနဲ့ ပြောရရင် HR ပိုင်းအပြင် Marketing ပိုင်းမှာပါ Talent ရှိတယ် ၊ ပန်းချီဆွဲတာ ၊ ဂီတ အစရှိတာတွေမှာ ထူးချွန်သူတွေဆိုရင်တော့ ဒီလိုသုံးလို့ရပါတယ် ။ ဒီတော့ ၀န်ထမ်းတွေကို အရည်အချင်းပိုင်း ဆိုင်ရာ အဆင့်ဆင့်သတ်မှတ်ထားတာတွေ မှာ Skill နဲ့ Talent ကို ဘယ်လို အဆင့်ဆင့် သတ်မှတ်ထားသလဲ ဆိုတာကို သိဖို့လိုပါတယ် ။

ဒါတွေကတော့

၁။ Multidimensional Talent

၂။ Unidimensional Talent

၃။ Highly Skill

၄။ Skilled

၅။ Semi – Skill

၆။ Unskilled ဆိုပြီး ရှိပါတယ် ။

အရင်ဆုံး Talent အကြောင်းကို ဆက်သွားရအောင် McKinsey ရဲ့ အဆိုအရ Talent မှာ ရှိတဲ့ အချက်တွေကို တင်ပြချင်ပါတယ် ။

ဒါတွေကလည်း

Abilities

Intrinsic gifts

Skill, Knowledge, experience

Intelligence

Judgment, attitude, character, drive

Ability to learn and grow

ဒီအချက်တွေနဲ့ ပြည့်စုံပါ၀င်မှသာ ထိုက်သင့်တဲ့ Talent လို့ သတ်မှတ်လို့ရနိုင်မယ်လို့ဆိုထားပါတယ် ။ ဒီထဲမှာလည်း Skill ဆိုတာ ပါ၀င်လာတာမို့ Skill ဆိုတာကို လည်း သေချာစွာရှင်းပြဖို့လိုပါတယ်။ လုပ်ငန်းတစ်ခုလုပ်ကိုင်တဲ့ အခါ ကျွမ်းကျင်တတ်မြောက်နိုင်မှုအတွက် လေ့ကျင့်သင်ကြားရတာတွေ လုပ်ရပါတယ် ။

ဒီလို လေ့ကျင့်သင်ယူ တတ်မြောက်ခြင်းကနေ ရလာတဲ့ ကျွမ်းကျင်မှု ကို တနည်းအားဖြင့် Skill လို့ ခေါ်လို့ရပါတယ် ။ ဥပမာ – ကွန်ပျူတာ စာစီစာရိုက် လေ့ကျင်တယ်ဆိုပါစို့ ၊နေ့စဉ် အသုံးများသူက အချိန်ကြာလာတာနဲ့ အမျှ ပိုပြီး ကျွမ်းကျင်တတ်မြောက်လာမယ် ၊မြန်ဆန်တိကျလာမယ် ၊အမှားနည်းလာမယ် ဒါဆိုရင် သူက ဒီအပိုင်းမှာ Skill တစ်ခုရှိနေပြီလို့ ဆိုလို့ရပါတယ် ။

နောက်တစ်ခုက အားကစား သမားတစ်ယောက် အနေနဲ့ Skill ကို လေ့ကျင့် သင်ကြားမှုကနေ ရလာနိုင်ပါတယ် ။ ဒိထက်ပိုပြီး ကျွမ်းကျင်မှု ဖြစ်လာပြီဆိုရင်တော့ အထက်က တင်ပြခဲ့တဲ့ အချက်တွေပါ ထပ်ပေါင်းထည့်နိုင်ရင် Talent အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

လုပ်ငန်းခွင်တော်တော်များများမှာ Talent Employee တွေရှိတတ်ပါတယ် ။ ဒါကို ၀န်ထမ်းရေးရာ တာ၀န်ရှိသူတွေ ၊ သက်ဆိုင်ရာ Line Manager တွေနဲ့ စီမံခန့်ခွဲသူတွေက တွေ့မြင်ဖို့လိုအပ်ပါတယ် ။ ၀န်ထမ်းက လက်ရှိလုပ်ငန်းမှာ ကျွမ်းကျင်မှု မရှိဘူးဖြစ်နေတယ် ဆိုတာ အချက် (၃) ချက်အပေါ် အခြေခံပြီးစဉ်းစားလို့ ရပါတယ် ။

၁။ စိတ်ပါ၀င်စားမှု

၂။ သင်ယူလေ့လာလိုစိတ်

၃။ ကျွမ်းကျင်မှု နည်းပါးခြင်း ဆိုတဲ့ (၃)ချက်ပါ ။

တကယ်လို့ ဒီသုံးချက်ပြည့်စုံရင် Skill ရှိသူဖြစ်ပြီး ဒီကတစ်ဆင့် Talent အထိသွားလို့ရပါတယ် ။ဒီတော့ Talent ဆိုတာကလည်း ရှိနိုင်ဖို့ Result , Improve, Practice ဆိုတာတွေ မပါပဲဖြစ်နိုင်တာကြောင့် Talent ရှိသူကို ဒီအချက် တွေနဲ့ နှိုင်းယှဉ် ဆုံးဖြတ်လို့ရနိုင်ပါတယ် ။ ဒီလိုဆိုရင်တော့ Skill & Talent ကို အနည်းငယ် ကွဲပြားပြီလို့ ထင်ပါတယ် ။

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply