Back

Knowledge Management

“Knowledge is a treasure, but practice is the key to it.” ဆိုတာနဲ့ စရအောင်ပါ ၊

အသိပညာဆိုတာ ရတနာ တစ်ပါး ဖြစ်ပြီး ၊ အဲ့တာကို အသုံးချနိုင်မှသာလျှင် တန်ဖိုးရှိတယ်လို့ ဆိုရမှာပါ ။

လူတိုင်းမှာ အသိပညာ လေ့လာမှု ဆိုတာ အမြဲအစဉ်တစ်ဆက်ပြုလုပ်ရပြီး မှန်ကုန်တဲ့ Knowledge ဖြစ်ဖို့အတွက် မဖြစ်မနေသိထားရမယ့် အဆင့်တွေကို တင်ပြချင်ပါတယ် ။

ကနဦးကျွန်တော်တို့ဆီမှာ Data ဆိုတဲ့အချက်အလက်တွေ ရှိပါတယ် ၊အကြောင်းအရာတွေပေါ်ကနေ ရလာတဲ့ အချက် အလက်တွေပါ ။

ဒါတွေကို ကြည့်ပြီး ဘာဖြစ်လာမလဲ ဆိုတဲ့ သတင်းအချက်အလက် Information အဖြစ် ပြောင်းလဲ လာရပါတယ်ရလာတဲ့ Information တွေကိုမှ မိမိအတွက် လိုအပ်တဲ့ Knowledge အဖြစ် ပြောင်းလဲ အသုံးချရတာဖြစ်ပါတယ်နောက်ဆုံးမှာမှ Knowledge တွေကို Practices ဖြစ်အောင် လုပ်ပြီး စစ်မှန်တဲ့ ပညာ Wisdom ဖြစ်အောင် ဆောင် ရွက်ရမှာဖြစ်ပါတယ် ။

ဆက်ပြီးတော့

▪️Data

▪️Information

▪️Knowledge ဆိုတဲ့

အဆင့် (၃) ဆင့် တစ်ဆင့်ချင်းစီကနေ တိုးတတ်ဖို့ လုပ်ဆောင်ရမယ့် တစ်ခုချင်းစီမှာ အတွက် Functions (၂ ) ခုစီရှိနေပါတယ်။

ဒါတွေကတော့

❗Collecting

❗Organizing

❗Summarizing

❗Analyzing

❗Synthesizing

❗Decision Marking ဆိုပြီး ရှိပါတယ် ။

Data အဆင့်မှာ အချက်အလက်တွေ စုဆောင်းရမယ် ၊ အချက်အလက်များ ပြည့်စုံအောင် ဆောင်ရွက် ရတာဖြစ်ပြီး Information မှာ အချက်အလက်များကို အသေးစိတ် ခွဲခြားခြင်း ၊ အနှစ်ချုပ်အချက် အလက်များ ပြူလုပ် ဆောင်ရွက်ရတာဖြစ်ပါတယ် ။ Knowledge အနေနဲ့တော့ ရလာတဲ့ Information များအပေါ် မူတည်ပြီး ပေါင်းစပ် စဉ်းစားကာ ဆုံးဖြတ်ချက်များချမှတ်ရတာဖြစ်ပါတယ် ။

ဒါကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ဆိုတာ မှန်ကန်တဲ့ အချက်အလက်တွေ ၊ တိကျတဲ့ သတင်းအချက် အလက်တွေ ရှိမှသာလျှင် ပြည့်စုံကောင်းမွန်တဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်များကို ဆောင်ရွက် နိုင်မှာဖြစ်ပါတယ် ။

ဒီတော့ မှန်ကုန်တဲ့ Knowledge ဖြစ်စေဖို့ လုပ်ဆောင်ရမယ့် Management Process တွေ ရှိပါတယ် ။

တစ်ချက် ကြည့်ရအောင်ပါ ။

Acquisition Knowledge

Knowledge တွေကို စုဆောင်းဖို့လိုပါတယ် ၊ ဘယ်ကနေ ရနိုင်မလဲ ဆိုတော့ လေ့လာ သင်ယူခြင်းကနေ ရနိုင်သလို ၊ အတွေ့ အကြုံတွေက တဆင့်ရနိုင်ပါတယ် ။

Create Knowledge

Knowledge တွေကို စုဆောင်းဖို့လိုသလို ကိုယ်တိုင်ရလာမယ့် Knowledge တွေ ကနေလည်း အသစ်တွေ ဖန်တီးဖို့လိုပါတယ် ။ ရှိပြီးသား တွေထဲကနေလည်း တိုးတတ်ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ လိုပါတယ် ။

Storage Knowledge

မိမိမှာ ရှိတဲ့ အသိညဏ်ပညာတွေကို လက်ခံရရှိလာတဲ့ အခြေ အနေဖြစ် ပါတယ် ။ စုဆောင်းထားရှိတဲ့ Knowledge များကို အသုံးချနိုင်အောင် သိမ်းဆည်းထားဖို့ လိုပါတယ် ။

Use Knowledge

လက်တွေ့မှာ အမှန်တကယ်အသံုံးချရမယ့် အခြေအနေကို ရောက်ပါပြီ ၊ ဒီအခါမှာ မှန်ကုန်ပြီး အသုံး၀င်တဲ့ အသိညဏ်ပညာ ဖြစ်စေလားဆိုတာကို လေ့လာ သုံးသပ်လို့ရပြီဖြစ်ပါတယ် ။

Share Knowledge

အသုံးချလို့ ရတဲ့ အသိညဏ်ပညာ မှန်သမျှကို ပြန်လည်မျှဝေပေးဖို့ တာ၀န်ရှိပါတယ်၊ တစ်ခြားသူကော ၊မိမိ ပတ်၀န်းကျင် အတွက်ပါ အသုံး၀င်မယ့် Knowledge များကိုပြန်လည်မျှဝေဖို့လိုပါတယ် ။

Maintenance Knowledge

Measurement Knowledge

Improvement Knowledge ကိုတော့

တစ်ပေါင်းတည်း ပြောချင်ပါတယ် ။

စစ်မှန်တဲ့ အသိညဏ်ပညာကို အမြဲ ထိန်းသိမ်းထားနိုင်ဖို့နဲ့ တိုင်းတာ ထားနိုင်ဖို့ အစဉ်အမြဲတိုးတတ်အောင် ဖွံ့ဖြိုးအောင် လုပ်ဖို့ စဉ်ဆက်မပြတ်လိုအပ်နေတယ် ဆိုတာကို နားလည် ထားရမှာဖြစ်ပါတယ် ။

ဆက်ပြီးတော့ တင်ပြချင်တာက

Knowledge Management Wheel ဖြစ်တဲ့

Learn – Simplify

Synergize – Create ဆိုတဲ့ အတိုင်း

လေ့လာသင်ယူမှုကနေ ရိုးရှင်းလွယ်ကူစွာ ဖြစ်ဖို့ ၊ ပေါင်းစပ်မှု တွေကနေ ဖန်တီးနိုင်မှု တွေဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို Knowledge improvement ဖြစ်ချင်တဲ့ သူတိုင်းသိထားဖို့ လိုလာပါပြီ။

နောက်ဆုံးအနေနဲ့ Knowledge Marketplace ဖြစ်လာတဲ့ အကြောင်းကို သိစေချင်ပါတယ် ၊ လူတွေက မိမိရဲ့ အသုံးချနိုင်တဲ့ အသိညဏ်ပညာကို ရောင်းချနိုင်တဲ့ ခေတ်ရောက်လာနေပြီလို့ ဆိုပါတယ်။

ဒါကြောင့် Knowledge တွေကို ပြန်လည်မျှဝေတဲ့ အစီအစဉ်တွေကို တစ်ချို့ နိုင်ငံတွေမှာ အသုံးချလာ ကြပြီဖြစ်ပါတယ် ။ ၀န်ထမ်းတစ်ယောက်မှာရှိတဲ့ Knowledge က သူအလုပ်ထွက်သွားတာနဲ့ တစ်ခါတည်း ပါသွားတာကြောင့် Knowledge Bank လို့မျိုး မိမိအဖွဲ့အစည်းအတွင်းမှာ တည်ဆောက်ထားဖို့ လိုပါတယ် ။

ဒါတွေကို HR တွေက ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။

❗Knowledge is power ဖြစ်ပါတယ်

လူတစ်ယောက် အသိညဏ်ပညာမည်မျှ ရှိခြင်းက အဲ့လူရဲ့ တိုးတတ်မှု နဲ့ အောင်မြင်ခြင်းကို ဖြစ်စေပါတယ်…….

စစ်မှန်တဲ့ knowledge ကနေ တစ်ဆင့် Windom ဖြစ်စေဖို့ လက်တွေ့အသုံးချနိုင်ကြပါစေ …….

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply