
Business KPIs ( သင့်စီးပွားရေးကို တိုင်းတာနိုင်မယ့်အချက်များ )
KPIs အကြောင်းတွေ ရေးတာ အများကြီးတွေ့လို့ တစ်ချို့က မေးကြတာရှိပါတယ်။
Organization တစ်ခုလုံးရဲ့ Business အပိုင်းကိုကော KPIs တိုင်းတာလို့မရဘူးလားတဲ့?
KPIs က ဝန်ထမ်းတွေမှ မဟုတ်ပါဘူး မိမိ လုပ်ငန်းရဲ့ စွမ်းဆောင်ရည် ကိုလည်း တိုင်းတာနိုင်ပါတယ် ။ ဆိုလိုတာက ကိုယ့်လုပ်ငန်းအတွက် လိုချင်တဲ့ ပန်းတိုင် သတ်မှတ်ချက် တွေကို ချမှတ်ပြီးရင် Business တစ်ခုလုံးကိုလည်း တိုင်းတာလို့ရပါတယ် ။
မတူညီတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ အများကြီးရှိတာကြောင့် တိုင်းတာသတ်မှတ်ချက်တွေက အားလုံး မတူညီနိုင် ကြပေမဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ရှင်သန်ကြီးထွားရပ်တည်ဖို့အတွက် အရေးကြီးတဲ့ တိုင်းတာ သတ်မှတ်ချက် တွေကတော့ အခြေခံသတ်မှတ်ချက်တွေ ရှိပါတယ် ။
ဒါကြောင့် Business KPIs အချက်အလက်တွေကို ကြည့်ပြီး မိမိလုပ်ငန်းရဲ့ စီးပွားရေးဆိုင်ရာတိုးတတ်ဖွံ့ဖြိုးမှုကို တိုင်းတာ သတ်မှတ်ပြီး ပိုမို အောင်မြင်အောင် ဆောင်ရွက်နိုင် မှာဖြစ်ပါတယ် ။
The Number of Sales ( မိမိလုပ်ငန်းရဲ့နှစ်စဉ် ၊လစဉ်အရောင်းမမာဏ % သတ်မှတ်ချက်တွေကို တိုင်းတာခြင်း)
The number of monthly sales,
The percentage increase in the number of sales to new customers each month,
Percentage increase in monthly sales, etc
Profit and Loss ( အရှုံး/အမြတ် ၊ အသုံးစရိတ်စတာတွေနဲ့ပတ်သတ်ပြီး တိုင်းတာသတ်မှတ်ခြင်း)
Quarterly profits
The quarterly cost of running your business
The amount of profit and loss you’re making after excluding the expenses per month
Annual Sales Growth (နှစ်စဉ်အရောင်းတိုးတတ်မှုကို တိုင်းတာသတ်မှတ်ခြင်း)
Sales growth during a specific time period and compare it with the previous times
Inventory (ကုန်ပစ္စည်းသိုလှောင်မှုနှင့်ရောင်းချခြင်းဆိုင်ရာ သတ်မှတ်ချက်များကို တိုင်းတာသတ်မှတ်ခြင်း)
Stock to sales ratio
Liquidity ratio
Number of Consumer Complaints (သုံးစွဲသူများမှ အဆင်မပြေမှုများနှင့်ဖြေရှင်းဆောင်ရွက်မှုများကို တိုင်းတာခြင်း)
The number of complaints in one quarter
The number of complaints resolved in one quarter
Revenue Growth Rate (အမြတ်ဝင်ငွေတိုးတတ်မှုနှုန်းများကို တိုင်းတာခြင်း)
The net profit in a quarter
ဒါတွေက မိမိရဲ့စီးပွားရေးဆိုင်ရာတိုးတတ်မှုကို တိုင်းတာလို့ရနိုင်မယ့်အခြေခံကျတဲ့ Business KPIs အချို့ပဲ ဖြစ်ပါတယ် ။ လုပ်ငန်းသဘောသဘာ၀ မတူတာကြောင့် မိမိလုပ်ငန်းရဲ့အခြေခံလိုအပ်ချက် ၊ Business Goals and Objectives တွေပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ အခြားသော တိုင်းတာသတ်မှတ်ချင်တဲ့ KPIs တွေကို ထုတ်ဖော်ပြီး တိုင်းတာနိုင်ပါတယ် ။
အခုတင်ပြခဲ့တဲ့ Business KPIs တွေကိုတော့ ပုံမှန်အားဖြင့် အဖွဲ့အစည်းကို ဦးဆောင်တဲ့သူတွေအနေနဲ့နဲ့တာဝန်ယူပြီး ဆောင်ရွက်ရတာရှိသလို ၊ မိမိတာဝန်ယူရတဲ့ Business Key Area အလိုက်ခွဲဝေ တာဝန်ယူရတာလည်းရှိပါတယ် ။ ဘယ်လိုပဲဖြစ်စေ ဒီအချက်တွေကတော့ သင့်စီးပွားရေး တိုးတတ်မှု အခြေအနေကို ညွန်ပြပေးနိုင်တာ အသေအချာပါပဲ ။
ရေးသားသူ – Htain Lin Kyaw (HR)



