
AI in HR
ဒီအချိန်မှာ AI (Artificial intelligence) အကြောင်း တော်တော်များများပြောလာကြတော့ ကျွန်တော်တို့ HR နယ်ပယ်အတွက် AI (Artificial intelligence) အကြောင်းလေးဆွေးနွေးပေးဖို့ ဆရာနေလင်းရှိန်က ပြောလာတယ်။
နည်းပညာပိုင်း ကျွမ်းကျင်သူ မဟုတ်တာကြောင့် ဟိုဖတ်ဒီဖတ် စာလေးဖတ် မြင်တာတွေ့တာလေးတွေ ရေးဖြစ်တာပေါ့ ။
Open AI , ChatGP တွေ စသုံးလာကြပြီး ကျောင်းတွေမှာ ကျောင်းသားတွေက အိမ်စာတွေ ၊ Assignment တွေ ရေးခိုင်းတာကစလို့ AI (Artificial intelligence) နည်းပညာတွေအကြောင်း ပိုပြီး သတိထားမိလာတယ် ။ ပုံတွေဆွဲခိုင်းတာ ၊ သီချင်းတွေ စပ်ခိုင်းတာအထိ ဖန်တီးမှု တွေပါ လုပ်လာနိုင်တဲ့ AI (Artificial intelligence) ရဲ့နည်းပညာ ခေတ်ဦးက အရှိန်အဟုန်နဲ့လာနေတာတော့ ငြင်းမရတဲ့အချက်ပါပဲ ။ ကျွန်တော်တို့နိုင်ငံ အတွက် တော့ အချိန်ကာလ တစ်ခုအထိ ယူရဦးမယ် ဆိုပေမဲ့ ကမ္ဘာတစ်ဝှမ်းဖြစ်လာမယ့် AI (Artificial intelligence) ရဲ့ HRM ပိုင်းကို သက်ရောက်မှုလေးတွေ ၊အကျိုးဖြစ်ထွန်းမှုလေးတွေ၊ အားသာချက် ၊အားနည်းချက်နဲ့ လိုအပ်ချက်များကို ပြောပြချင်ပါတယ် ။
အချိန်ကာလတစ်ခုမှာ AI (Artificial intelligence) က HRM ရဲ့ လုပ်ငန်းတော်တော်များများကို နေရာ ယူလာဖို့ရှိပါတယ် ။ အဲ့လိုနေရာယူလာတာနဲ့အမျှ တစ်ချို့ သော HRM လုပ်ငန်းစဉ်တွေက AI (Artificial intelligence) က လုပ်ပေးလာနိုင်ပါလိမ့်မယ်။
ခပ်ကြမ်းကြမ်းပြောရရင် ပုံမှန်လုပ်နေတဲ့ HRM Function တွေလောက်သာ လုပ်နေရင် အနာဂတ်မှာ ကျွန်တော်ရေးထားတဲ့ စာအုပ် ခေါင်းစဉ် ဖြစ်တဲ့ HR ခေတ်ကုန်သွား နိုင်တယ်
ဒီတော့ AI (Artificial intelligence) က ဘာတွေလုပ်နိုင်သလဲ ဆိုတာ စဉ်းစားကြည့်ရအောင် …
အရင်ဆုံးနဲ့ အလွယ်ဆုံးတွေးပြီးပြောရရင် Data Analysis ပိုင်းတွေ တော်တော်များများ အကုန်လုပ်နိုင်လိမ့်မယ် ။ ကျွန်တော်တို့ သုံးနေတဲ့
Employees Survey
Performance Appraisal
HR Metric and Reporting တွေ AI (Artificial intelligence) က လုပ်ပေးသွားမှာ ၊ Job Analysis , Job description, Job Design တွေက အစ ဆွဲပေးလိမ့်မယ်လို့ ကျွန်တော်ကတော့ ယူဆတယ် ။
Recruitment ပိုင်းအတွက် CV တွေ ကို AI (Artificial intelligence) ကဖတ်ပြီး Candidates Ranking ပေးတာတွေ , အင်တာဗျူးချိန်းဆို Email ပို့တာတွေက အစောဆုံးဖြစ်လာလိမ့်မယ် လို့ထင်တယ် ။
Orientation and On-boarding ပိုင်းတွေမှာလည်း အလုပ်စဝင်တာနဲ့ မိမိကွန်ပျူတာက နေတစ်ဆင့် လုပ်ငန်းအတွက် သိချင်တာတွေ မေးလို့ရမယ် ။ လုပ်ငန်းမှာချမှတ်ထားတဲ့ စည်းကမ်းတွေ ၊policy တွေကို ဖတ်ဖို့ စကားပြောဖို့ဆိုတာ သိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်နိုင်ပါဘူး ။
အခုတောင် HRM & Payroll Software တွေက နေတစ်ဆင့် HRM ရဲ့ လုပ်ငန်းတစ်ချို့ကို Systems နဲ့ အလုပ်လုပ်နေပြီဆိုတာ လက်တွေ့ ကြည့်ရင် ဖြစ်လာနိုင်မယ့်ဟာကို တွေးထားလို့ရနေပါပြီ ။ Performance Management ပိုင်းတို့ KIPs တို့ ဆိုတာကလည်း Result ပေါ် မူတည်တာမို့ Job Performance ကို Management တွေ အနေနဲ့ AI (Artificial intelligence) အကူအညီနဲ့ လွယ်လွယ်ကူကူ မြင်နိုင်မယ့်အခြေအနေပဲ ။
Job description ကိုကြည့်ပြီး ဝန်ထမ်းရဲ့ စွမ်းဆောင်ရည်ရလာဒ်တွေကို နှိုင်းယှဉ်ပြီး လိုအပ်မယ့် Skills and Knowledge’s တွေကို စီစစ်ပေးမယ့် Training Need Analysis လုပ်ပေးတာတွေ ၊ HR Planning အတွက် ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီမယ့် အချက်အလက်အတိအကျပေးနိုင်ရင် ဆွဲပေးနိုင်တာတွေက သိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်တော့ပါဘူး ။ အခုတောင် ChatGP မှာ ဆွဲခိုင်းရင် အခြေခံလောက်တော့ ရနိုင်တဲ့ အခြေအနေပဲ။
AI (Artificial intelligence) က ဘာလုပ်နိုင်လဲပြောရင် ကျွန်တော်လည်း နည်းပညာသမားမဟုတ်လို့ အကုန်လုံး တော့ သေချာမပြောနိုင်ပါဘူး ။ ပြောလို့လည်း စုံချင်မှစုံမယ် ၊ကုန်ချင်မှလည်း ကုန်မယ် ။ သေချာပိုသိချင်ရင်တော့ Google မှာ စုံအောင်လိုက်ဖတ်ရင် ပိုပြီးစုံပါလိမ့်မယ် ။
ဒါပေမဲ့ ခေတ်တစ်ခုကိုတော့ ကျွန်တော်တို့ အချိန်တစ်ခုမှာဖြတ်သန်းရမှာပါ၊ ကိုယ်က နောက်မကျစေဖို့ လိုပါတယ် ။ ကျွန်တော်တို့နိုင်ငံအတွက်တော့ AI (Artificial intelligence) က လိုဦးမှာတော့ သေချာပါတယ်။
နည်းပညာ အခြေခံ သဘောအရ နားလည်သလောက်ပြောရရင် မှန်ကန်တဲ့ Data အချက်အလက်တွေကို AI (Artificial intelligence) က လေ့လာပြီးဖြစ်နိုင်တာတွေကို ထုတ်ပေးတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဆီမှာ သုံးဖို့ လိုတာတွေ အများကြီးရှိပါတယ် ။ AI (Artificial intelligence) ရှိလို့ လူတွေ မလိုတော့ဘူးလားဆိုရင်တော့ လိုတယ်လို့တော့ပြောရမှာပါပဲ ၊ HRM ပိုင်းအတွက် Employees Relationship , Coaching and Consulting ပိုင်းတွေမှာ လူတွေက လူတွေနဲ့ ဆွေးနွေးပြောကြား ၊ရင်ဖွင့်၊တိုင်ပင် ရတာတွေကို လူသားဆန်စွာ ပိုပြီးကြိုက် နှစ်သက်ကြပါတယ် ။
AI (Artificial intelligence) က သင်ကြားရေးပိုင်းတွေထဲ အထိ ပါဝင်လာနိုင်တယ်ဆိုပေမဲ့ လူတွေက လူတွေနဲ့ အဖွဲ့အစည်းနဲ့ နေရတာပိုပြီးကြိုက်ကြတယ် ဆိုတာ သေချာပါတယ် ။
နောက်တစ်ချက်က AI (Artificial intelligence) အတွက် လက်ရှိဖြစ်နေတဲ့ Barriers တွေက လက်ရှိမှာ
- Lack of Skilled Talent ( ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု )
- Privacy Concern (Confidential ကိုယ်ရေးကိုယ်တာကိစ္စတွေ)
- Ongoing Maintenance ( ဆက်လက်ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တာတွေ )
- Complex Integrating capabilities ( နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးပြီး ပေါင်းစပ်လုပ်ရတာ)
- Accurate Data Sets ပိုင်းတွေမှာ လည်း လိုအပ်ချက် တွေရှိတာကြောင့် လက်တွေ့ သုံးဖို့ တားဆီးနေတဲ့အရာတွေတော့ ရှိပါလိမ့်မယ် ။
နောက်ဆုံးတင်ပြချင်တာက အနာဂတ်မှာတော့ ကျွန်တော်တို့ချည်းပဲ သွားလို့ မရတော့ပါဘူး ၊ AI + Human အဖြစ် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်သင့်တာတွေကို စဉ်းစားထားတာ အကောင်းဆုံးပါပဲ ။ AI (Artificial intelligence) က လုပ်ဆောင်နိုင်တာတွေကို အသုံးချပြီး အနာဂတ်မှာ မိမိလုပ်ငန်းအဖွဲ့အစည်းအတွက် အကောင်းဆုံးပြင်ဆင်ထားဖို့ လိုပါတယ် …
အခုတောင် ဒီဆောင်းပါးကို AI (Artificial intelligence) ကို ရေးခိုင်းထားတာ …
Ref;
Artificial Intelligence in Human Resource Management- By Scott W. O’Connor | January 2, 2020
Artificial Intelligence for HR: Use AI to Support and Develop a Successful Workforce -Ben Eubanks (Author) ( 2018 )
Artificial Intelligence in Human Resources: Human in the Machine (AI in Business Book 110) Kindle Edition
ရေးသားသူ – Htain Lin Kyaw (HR)



