
Bad Employees
လုပ်ငန်းခွင်ထဲမှာ ခပ်ဆိုးဆိုးမန်နေဂျာတွေနဲ့အတူ ပြသာနာရှိမယ့် ၀န်ထမ်းတွေလည်း ရှိနေတတ်ပါတယ် ၊ လုပ်ကိုင်နေရတဲ့ လုပ်ငန်းပတ်၀န်းကျင်ပေါ် မူတည်ပြီး အခြေအနေ ချင်းတော့ ကွာကောင်းကွာပါလိမ့်မယ် ၊ အခြေခံ အလုပ်သမားတွေ များတဲ့ လုပ်ငန်းပတ်၀န်းကျင်နဲ့ ရုံးလုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရတဲ့ လုပ်ငန်းခွင်က ၀န်ထမ်းတွေ ချင်းတော့ နည်းနည်း ကွာပါ လိမ့်မယ် ။ ( နှစ်မျိုးစလုံးကတော့ အလုပ်ရှင်တွေ စိတ်ပျက်ကြောက်ရွံ့ရတဲ့ ပြသာနာရှိတဲ့ ၀န်ထမ်းမျိုးတွေ ပါပဲ )
လူတစ်ဦးချင်းစီတစ်ယောက်ချင်းစီကို မကောင်းဘူးလို့ ပြောတာထက် လုပ်ဆောင်ပြုမူချက်တွေက အဖွဲ့အစည်းနဲ့ သွားနေတဲ့ လမ်းကြောင်းကို အတူတကွရှိမနေတာ ၊ တာ၀န်ကျေပွန်မှု မရှိတာတွေက အစချီလို့ အလုပ်မှာ အံ၀င်ခွင်ကျဖြစ်မနေတဲ့ ၀န်ထမ်းမျိုးတွေ အကြောင်းကို ဆိုလိုချင်တာဖြစ်ပါတယ် ။ တနည်းအားဖြင့် ဘယ်၀န်ထမ်းတွေက ပြသာနာရှိသလဲ ဆိုတာကို ညွန်ပြချင်တာ ဖြစ်ပါတယ် ။ မိတ်ဆွေများလည်း လုပ်ငန်းခွင်မှာ အဲ့လို ၀န်ထမ်းမျိုးကို ကြုံတွေ့ဖူးကြမှာပါ၊ ကိုယ်က စီမံခန့်ခွဲသူ ဖြစ်လာခဲ့ရင်လည်း သင့်ဘယ်လို စီမံခန့်ခွဲ သင့်သလဲဆိုတာ ဆောင်ရွက်ဖို့အတွက် သင့်လုပ်ငန်းအတွင်း ပြသာနာရှိ နိုင်မယ့် ၀န်ထမ်းတွေရဲ့ အပြူအမူ တစ်ချို့ကို ဖော်ပြချင်ပါတယ်၊ အခုဖော်ပြပါ အချက်တွေက သင်သူတို့ကို စီမံခန့်ခွဲရတဲ့ အခါ အထောက် အကူဖြစ်စေမှာပါ ။
Poor job performance
အရေးအကြီးဆုံး တစ်ချက်နဲ့စရရင် စွမ်းဆောင်ရည်မကောင်းတဲ့ ၀န်ထမ်းတွေဖြစ်ပါတယ် ၊ လုပ်ငန်း ဆောင်ရွက်ချက် မကောင်းတဲ့ ၀န်ထမ်းတွေကို သင်စောင့်ကြည့်လေ့လာဖို့လိုပါတယ် ။ ဒါကလည်း လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ် ။ ဒီတစ်ချက်တည်းနဲ့တော့ ပြသာနာရှိတဲ့ ၀န်ထမ်းလို့တော့ သတ်မှတ်လို့မရသေးဘူးဗျ။
Doesn’t work well with others
တစ်ခြားလူတွေနဲ့အလုပ်တူတူ တွဲလုပ်ရင် အဆင်မပြေတဲ့ ၀န်ထမ်းတွေကို သင်လေ့လာဖို့လည်း လိုအပ်ပါတယ် ။ တစ်ခါတစ်လေ တစ်ယောက်တည်း လုပ်လို့ အဆင်ပြေချင် ပြေပေမဲ့ လုပ်ငန်းခွင်ထဲမှာတော့ တော်တော်များများက တစ်ယောက်တည်း လုပ်လို့ရတာ နည်းပါတယ် ။ ဒီတော့ တစ်ခြားသူနဲ့ အလုပ်အတူတူတ တွဲလုပ်တိုင်း ပြသာနာ တစ်ခုခု ရှိနေတဲ့ ၀န်ထမ်းမျိုးကိုလည်း သတိပြုသင့်ပါတယ် ။
Not responsive to coaching
လုပ်ငန်းနဲ့သက်ဆိုင်တဲ့ တစ်စုံတစ်ခုအတွက် နည်းလမ်းပြဆောင်ရွက်ပေးတဲ့အခါမှာဖြစ်စေ ၊ မျှဝေ သင်ကြား ပေးတဲ့အခါမှာဖြစ်စေ သူတို့ဆီက ဘာမှ တုံပြန်မှု တွေပြန်မရတတ်သလို ၊ ပြန်လည်မေးမြန်း အကြုံပြုတင်ပြချက်တွေလည်း ထွက်မလာပါဘူး၊ ဒီလို အခြေအနေမျိုးက ကောင်းမွန်တဲ့ အခြေအနေ မဟုတ်တာကြောင့် ဒီလို ၀န်ထမ်းမျိုးတွေကိုလည်း သင်ကိုင်တွယ်ဖို့ခက်ခဲပါမယ် ။
Resistant to change
တော်တော်များများ ကြုံတွေ့ရတဲ့အရာဖြစ်ပါတယ် ၊ မပြောင်းချင်ဘူးလို့ မပြောပေမဲ့ အပြောင်းအလဲကို ခုခံချင်တဲ့ ပုံစံနဲ့ လိုက်ပါ ဆောင်ရွက်မှု မရှိတဲ့ ပုံစံမျိုးက သင့် လုပ်ငန်းခွင်မှာ ရှိနေတတ်ပါတယ် ။ ဘာကြောင့်လဲဆိုတာ အဖြေရှာဖို့လိုအပ်သလို ၊ အဲ့လို ၀န်ထမ်းမျိုးတွေကိုလည်း ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ စဉ်းစားဖို့လိုပါတယ် ။
Never takes ownership (or) Not Responsible for own actions
သင်သာ အလုပ်ရှင်ဆိုရင် ဒီအချက်ကို ကြိမ်းသေ လိုချင်မှာပါ ။ သင့်အလုပ်မှာ Ownership ရှိတဲ့ ၀န်ထမ်းမျိုး ရှိနေတာကအားသာချက်ဖြစ်သလို ၊ ယုံကြည်စိတ်ချမှု ရှိနေစေမှာအမှန်ပါပဲ ၊ တစ်ချက်ဖြည့်ပြော လို တာ ကတော့ ပိုင်ရှင်စိတ်ဓာတ်မျိုးဆိုတာထက် မိမိအလုပ်ကို မိမိတာ၀န်ယူဆောင်ရွက်ရတဲ့အခါ သက်ဆိုင်ရာ တာ၀န်ရှိသူ တစ်ယောက်ကဲ့သို့ ဆောင်ရွက်လိုစိတ်ကို ရည်ညွန်းချင်တာပဲဖြစ်ပါမယ် ။ အလုပ်ရှင် တစ်ယောက်လို စဉ်းစားလုပ်ဆောင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပဲ မိမိဆောင်ရွက်ရတဲ့ အလုပ်အပေါ်မှာ တာ၀န်ရှိသူတစ်ယောက် တာ၀န်ယူတတ်တဲ့ သူတစ်ယောက်အဖြစ် လိုချင်တာမျိုးဖြစ်ပါတယ် ။ အဲ့လို အခြေအနေ မရှိရင်တော့ သင်သတိထားလေ့လာသင့်တဲ့အခြေအနေမှာ ရှိပါတယ် ။
Negative attitude
ဘာလုပ်လုပ်အကောင်းမမြင်တတ်တဲ့ သူတွေ များနေရင် ပြသာနာ ရှိပါတယ် ၊ လုပ်ဆောင်ချက်တိုင်းက အကောင်းပဲရှိတာ မဟုတ်သလို ၊ မကောင်းတာလည်းဖြစ်နေတတ်ပါတယ် ၊ သေချာတာကတော့ အလုပ်မှာ ဘယ်သူမှ မကောင်းတာကို ရည်ရွယ်လုပ်ဆောင်ဖို့ စဉ်းစားကြမှာ မဟုတ်ပါဘူး ၊ဆောင်ရွက်ချက်တိုင်းက မကောင်းနဲ့ ရှမြင်ချက်တွေနဲ့ ဝေဖန်နေတတ်တဲ့ ၀န်ထမ်းမျိုးတွေဆီက သင် ဘာအကြံညဏ်ကောင်းမှ ရမှာမဟုတ်သလို မျှော်လင့်ထားလို့လည်း မရပါဘူး ၊ သူတို့တွေက သင့်အတွက် သတိထားရမယ့် သူတွေပဲဖြစ်ပါတယ် ။ ဒီနေရာမှာ ဝေဖန်တာနဲ့ အကောင်းမမြင်တာကိုတော့ သင်သေချာ ကွဲလွဲဖို့ လိုပါလိမ့်မယ်။
Poor work Ethic
လုပ်ငန်းခွင်အတွင်းမှာ ၀န်ထမ်းတွေ အနေနဲ့ လိုက်နာ ဆောင်ရွက်ရမယ့် Work Ethic တွေ ရှိပါတယ် ။ ဥပမာ – Always Professional , High Productivity , Teamwork and Cooperation အစရှိတဲ့ လုပ်ငန်းခွင်အတွင်းမှာ ၀န်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေစဉ် ကာလအတွင်းမှာ လိုက်နာ ဆောင်ရွက် ရမယ့် အရာတွေပါ ။ ဒီအချက်အလက်တွေအပေါ်မှာ နည်းပါးနေရင် လည်း စွမ်းဆောင် ရည်ဆိုင်ရာ ပြသာနာ တွေ ဖြစ်ပေါ်တတ်ပါတယ် ၊ ဒီလို ၀န်ထမ်းမျိုးတွေကိုလည်း သင်အနေနဲ့ စောင့်ကြည့်ထားဖို့လိုပါတယ်။
Arrogance
တစ်ခြား၀န်ထမ်းတွေနဲ့ ပြသာနာ မကြာခဏဖြစ်တတ်တဲ့ ၀န်ထမ်းမျိုးတွေဖြစ်ပါတယ် ၊ မိမိ သိကြောင်း တော်ကြောင်း တတ်ကြောင်း မာနထောင်လွှား တတ်ခြင်းက တရားဟောအရပြောရင် ပျက်စီးရာပဲဖြစ်ပါတယ် ၊ သူတို့နဲ့အတူတွဲဖက်လုပ်ကိုင်လိုသူတွေ နည်းပါးကြတာလည်းတွေ့ရပါတယ် ၊ ဒါကြောင့် သင်ကိုယ်တိုင် ဒီလိုမဖြစ်အောင် နေဖို့လည်း အရေးကြီးပါတယ် ။
Poor Communication Skill
ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း ၊ တွဲဖက်လုပ်ကိုင်လိုမှုအားနည်းခြင်း ၊ အသင်းအဖွဲ့စိတ်မရှိခြင်းတွေကလည်း Employee Relationships နည်းပါးရခြင်းရဲ့ အခြေခံ ပြသာနာတစ်ခုလို့ ပြောလို့ရပါတယ် ။၀န်ထမ်းတွေကြားကောင်းမွန်တဲ့ ဆက်ဆံရေးမရှိတဲ့အခါ ပူးပေါင်းလုပ်ဆောင်ခြင်းရဲ့ ရလာဒ်မျိုးကို ရရှိစေမှာ မဟုတ်သလို ၊ တစ်ဦးနဲ့ တစ်ဦး ပြစ်တင်ဝေဖန် ပြောဆိုတတ်တဲ့ ၀န်ထမ်းတွေဟာ ပြသာနာတွေ အစပဲဖြစ်ပါတယ်။
Skill don’t match job
ကိုက်ညီမှု မရှိတဲ့ အရည်အချင်းတွေကြောင့် သင်ဦးဆောင်တဲ့ အဖွဲ့အစည်းမှာ ခေါင်းခဲရတဲ့ ပြသာနာများစွာကို ရင်ဆိုင်ဖူးမှာပါ ။ အရည်အချင်းမရှိတာတော့ မဟုတ်ပေမဲ့ ရှိတဲ့ အရည်အချင်းက ကိုက်ညီမှု မရှိတာကြောင့် သင့်လုပ်ငန်းခွင်အတွက် အဆင်မပြေဖြစ်တတ်တာပါ ။ ဒီလို အခြေအနေမျိုးမှာ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာကို သေချာစွာစဉ်းစားဖို့လိုပါတယ် ။
“ Yes , But ………… weakness ”
အမြဲတမ်း ဟုတ်ကဲ့လိုပြောတတ်တယ် ၊သူတို့တွေကိုတော့အလွယ်ဆုံးမှတ်ရရင် “Yes people”. လို့ ပြောလို့ရပါတယ် ၊ ခေါင်းဆောင်ပြောသမျှ အရာအားလုံးကိုထောက်ခံမယ် ၊ ခိုင်းတာ အကုန်လုပ်မယ် ၊ ပြန်လည်ဆွေးနွေးပြောဆိုတာတွေ မလုပ်ကြတဲ့ သူတွေပါ ။ သူတို့ဆီက အကြံညဏ်တွေကိုလည်း ရနိုင်မှာ မဟုတ်သလို ၊ဆုံးဖြတ်ချက်ချရမယ့်အပိုင်းအတွက် သူတို့တွေက ခေါင်းဆောင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု ကို ဘာပြောပြော ဟုတ်ကဲ့လို့ ပြောမယ့်သူတွေဖြစ်ပါတယ် ။
ဒိလိုအခြေအနေမျိုးက အလုပ်မှာဆိုရင် လူကြီးအကြိုက် လုပ်တတ်သူတွေ ၊ဆုံးဖြတ်ချက်တစ်ခုခု ချတဲ့အပေါ်မှာ ဝေဖန်ကန့်ကွက် ၊အကြံညဏ် ပေးတာတွေ မလုပ်ပဲ အမြဲကောင်းပါတယ် ပြောတတ်တဲ့ ၀န်ထမ်းတွေမှာ ရှိတတ်ပါတယ် ။ ခက်တာက လူကြီးတစ်ချို့ကလည်း ဒီအခြေအနေအပေါ်မှာ အကဲဖြတ်မှုတွေ မှားယွင်းစွာ ဆုံးဖြတ်ကြပြီး သူတို့တွေကို နေရာပေးတတ်ကြပါတယ် ။ သူတို့တွေက ပြသာနာဖြစ်မှာ ကြောက်ကြတယ် လည်းဖြစ်ကြပါတယ် ။ ပြန်မပြောတာ ၊အမြဲ ဟုတ်ကဲ့ ပြောနေတာတွေကို အမှန်ထင်ပြီး ဆက်လုပ် ရင်း အဖွဲ့အစည်းက ဆုံးဖြတ်ချက် အမှားတွေနဲ့ ကျရှံးဖို့ အရှိန်အဟုန်နဲ့ ပြင်ဆင်နေသလို ဖြစ်နေပါလိမ့်မယ် ။ ဒီလိုအခြေအနေတွေ သင့်အဖွဲ့အစည်းအတွက် ပြသာနာ ရှိတဲ့ ၀န်ထမ်းမျိုးဖြစ်ပါတယ် ။
အဖွဲ့အစည်းဆိုတာ လူပေါင်းစုံရှိနေတဲ့ နေရာဖြစ်လို့ သင်ကြုံတွေ့ရတာက အများကြီးဖြစ်နေမှာ တစ်ချို့အချက်တွေက တစ်ယောက်ချင်းစီမှာ နည်းနည်းချင်းစီရှိနေပြီး ၊ တစ်ချို့ ကလည်း (၁) (၂) ချက်လောက်ပဲ ရှိနေတတ်သလို ၊ တစ်ချို့ကလည်း တော်တော်များများ ရှိနေတတ်ပါတယ် ။
( အားလုံးရှိနေရင် တော့ သင်ဘာလုပ်သင့်သလဲ ဆိုတာ သိမှာပါ )
အကောင်းဆုံးပြင်ဆင်ဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်ကုန်မနေရအောင် သင့်လုပ်ငန်းခွင်ထဲက ပြသာနာ ရှိနိုင်တဲ့ သူတွေကို အလျင်အမြန်ရှာဖွေ တွေ့ရှိ ပြင်ဆင်နိုင်ပါစေ ….
Ref : :11 behaviour that indicate you’re a ‘problem employee’ (Ruth Umoh)
ရေးသားသူ – Htain Lin Kyaw (HR)



