Back

ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု နှင့် အလုပ် ဗဟိုပြု ခေါင်းဆောင်မှု (Michigan studies behavioral theory of leadership)

ခေါင်းဆောင်မှု ပုံစံတွေအကြောင်းဆွေးနွေးတဲ့အခါ ဒီနေ့မျှဝေပေးချင်တဲ့ သီအိုရီလေး တစ်ခုရှိပါတယ် ။

ဒီဆောင်းပါး ခေါင်းစဉ်က ကျွန်တော့ ကို သင်တန်းသားတစ်ယောက်မေးလာတဲ့ ကိစ္စလေးကို အခြေခံပြီးရေးဖြစ် တာပါ ။

လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေကို ကိုင်တွယ်တဲ့အခါ အလုပ်ပြီးမြောက်ဖို့ ဦးစားပေးရ တာတွေရှိပါတယ် ။

အဲ့လို အလုပ်ပြီးမြောက်ဖို့ တွန်းအားပေးရတဲ့ အခါ လက်အောက်ဝန်ထမ်းငယ်တွေနဲ့က အဆင်မပြေတာ၊ ခက်ခဲတာ တွေ ရှိလာပြီး အထက်အောက် ဆက်ဆံရေး အဆင်မပြေမှုတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကိုဖြေရင်းနဲ့ လူတွေက ဘယ်လိုပုံစံမျိုးအုပ်ချုပ်တာကို ကြိုက် နှစ်သက်သလဲ ၊ လုပ်ငန်းခွင်မှာ ဘယ်လို အုပ်ချုပ်သင့်သလဲ ဆိုတာကို ဆွေးနွေးဖို့ (Michigan studies behavioral theory of leadership) အကြောင်းကို အရင်ဆုံးပြောချင်ပါတယ် ။

သူက ပုံစံ ( ၂ ) မျိုးကို အဓိက သွားပါတယ် ။

ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု

အလုပ် ဗဟိုပြု ခေါင်းဆောင်မှု ပုံစံ ပါ ။

ဒီတော့ တစ်ခုချင်းစီကို အရင်ဆုံးရှင်းပြရအောင် ……

အလုပ် ဗဟိုပြု ခေါင်းဆောင်မှု (Job-centered Leadership)

လုပ်ငန်းပြီးမြောက်အောင်မြင်ဖို့အတွက် ဝန်ထမ်းတွေကို ကိုင်တွယ်တဲ့နေရာမှာ အလုပ်ပြီးမြောက်မှုကို အလေးအနက်ထားပြီး လုပ်ထုံးလုပ်နည်းတွေ ၊ Policy သတ်မှတ်ချက်များကို သေချာစွာရှင်းပြပြီး လုပ်ငန်းပြီး မြောက်မှု နဲ့ သူတို့ ရဲ့ စွမ်းဆောင်ရည်ကို ရဖို့ အားထုတ်တဲ့ ပုံစံပါ ။ အနီးကပ်ကြီးကြပ်မှု ပုံစံ ( Close Supervision) လို့ ဆိုရင် ပိုပြီးရှင်းလင်းမယ်ထင်ပါတယ် ။ သူက ဦးဆောင်သူရဲ့ Management Control ကိုပိုပြီးတိုးမြှင့်ထားတဲ့ ပုံစံလို့ ဆိုရပါမယ် ။

ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု (Employee-centered Leadership)

ဝန်ထမ်းတွေရဲ့ စိတ်ဝင်စားမှုနဲ့ လုပ်ဆောင်နိုင်မှုကို ဖော်ဆောင်ပြီး ၊ အားကောင်းတဲ့ Team Member တွေဖြစ်အောင် အရင် တည်ဆောက်တယ် ။ တစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်မှု ၊လိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်မှု၊ ခံယူချက် သဘောထား ဒါတွေကို ဦးစားပေးပြီး လုပ်ဆောင်တဲ့ ပုံစံမျိုးဖြစ်ပါတယ် ။ ဦးဆောင်သူကလည်း ဝန်ထမ်းတွေ အပေါ် အပြုသဘောဆောင်တဲ့တုံပြန်မှုတွေ၊ စေ့ဆော်မှုနဲ့ အားပေးကူညီမှု သွားတဲ့ပုံစံဖြစ်ပါတယ် ။

ဝန်ထမ်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုကို တိုးမြှင့်တဲ့ပုံစံ ( Employee Involvement ) လို့ ဆိုရင်ပိုပြီး ရှင်းလင်း မယ်ထင်ပါတယ် ။ Laissez-faire leaders ပုံစံမျိုးနဲ့ ပိုသွားတာပါ ၊ မိမိလက်အောက်ဝန်ထမ်းများအပေါ် ယုံကြည်မှုနဲ့ အားကိုးအားထားပြုတဲ့ခေါင်းဆောင်မှု ပုံစံလို့ ဆိုရပါမယ် ။

Michigan studies behavioral theory of leadership အကြောင်းတော့ အခြေခံလေးလောက်တော့ သိပြီ ဆိုရင် ပြောချင်တာက အခုမှ စပြီ ….

အလုပ် ဗဟိုပြု ခေါင်းဆောင်မှု (Job-centered Leadership) နဲ့ ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု (Employee-centered Leadership) ပုံစံတွေမှာ ဘယ်ပုံစံမျိုးနဲ့သွားရမလဲ ဆိုတာပါ ။

ဒါကတော့ ကျွန်တော့ အတွေးအခေါ်သက်သက်ပါ

ဒီအတိုင်းပဲ သင်တန်းသား ကို အကြံပေးလိုက်တယ် ။

တစ်ချို ဝန်ထမ်းတွေက က လွှတ်ထားလို့ မရဘူး ၊ အလုပ်လုပ်ရင် မတိကျဘူး ၊တာဝန်ကို ခိုင်းမှ လုပ်တယ် ၊ သင်ယူလေ့လာလိုစိတ်နည်းတယ် ၊ အလုပ် အပေါ်မျှော်လင့်ချက်နဲ့ တန်ဖိုးထားမှု အားမကောင်းဘူး ဆိုရင် အဲ့လို ဝန်ထမ်းမျိုးများရင် Job –centered နဲ့သွားပေါ့ ။

ဒီလို မျိုး ဝန်ထမ်းအများစုက Close Supervision လုပ်မှ Work Performance ကောင်းတာလည်းရှိတယ် ။ လွှတ်ပေးထားလို့လည်းမရဘူး ဆိုရင် လုပ်ထုံးလုပ်နည်းတွေ ၊ ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို သေချာရှင်းပြပြီး အဲ့အတိုင်း လိုက်လုပ်ဖို့ ကြီးကြပ်ဖို့လိုပါတယ် ။

တစ်ချို့ဝန်ထမ်းတွေက တာဝန်ယူလိုစိတ် ရှိတယ် ၊သေချာလုပ်တက်တယ် ၊ အသင်းအဖွဲ့နဲ့လည်းလိုက်လျှော်ညီ ထွေလည်းဖြစ်တယ်၊ နည်းနည်းပြရင်များများမြင်တယ် ၊သင်ယူလေ့လာမှု အားကောင်းတယ် အဲ့လို ဝန်ထမ်းမျိုးများရင် Employee – centered နဲ့ သွားပါလို့ ။

သူတို့ တွေကိုတော့ ယုံကြည်မှုနဲ့ အားကိုးမှုကို ပြရတယ် ။ လိုအပ်တာလည်း ပံ့ပိုးပေးရသလို ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့် ပေးရပြီး သူတို့နဲ့ အယူအဆတွေကိုလည်း နားလည် တန်ဖိုးထားပေးဖို့လိုတယ် ။

အဲ့တော့ ကိုယ့်အလုပ်မှာ လက်အောက်ဝန်ထမ်းက ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သေချာအကဲခတ်ပါလို့ ဒါမှ သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သိမှာပါလို့ အကြံပေးဖြစ်ပါတယ် ။

ဒီတော့ တစ်ဆက်တည်း မိမိအောက်က ဝန်ထမ်းတွေရဲ့ အခြေအနေကို သိဖို့ Follower’s Readiness ဖြစ်တဲ့ ( Competence +Commitment ) ကို ရှာဖို့ ကိုယ်ရေးထားခဲ့ဖူးတဲ့ Situational Leadership ဆောင်းပါးလေးကိုပါ တစ်ခါတည်း link ကနေ ပို့ပေးလိုက်တယ် ။

( အသေးစိတ် ဖတ်ချင်သူများအတွက် Link ပါ)

https://www.facebook.com/100008197532495/posts/1972886626327903/?mibextid=Nif5oz

သီအိုရီအားလုံးမှာတော့ အားသာချက် /အားနည်းချက်တွေရှိကြတာပါပဲ၊ လက်တွေ့လုပ်ငန်းခွင်မှာ ပေါင်းစပ်လုပ်ကိုင်နိုင်ဖို့ လိုပါတယ် ။

ဒါကြောင့်လည်း ဒီဆောင်းပါး ကို ရေးဖြစ်တာပါပဲ ။ ဦးဆောင်သူ ကောင်းများဖြစ်ကြပါစေ …..

Ref ; “A Handbook of Leadership Styles”, Demirtas and Karaca, Cambridge Scholars Publishing.

ရေးသားသူ – Htain Lin Kyaw (HR)

Leave A Reply