
မရောင်းမဝယ်
မိတ်ဆွေ ဆရာထိန် က ရုပ်တရက် စကားပြောရာက “ဆရာဝေ တဲ့ အရောင်းအဝယ်ရဲ့ ဆန်ကျင့်ဘက်က ဘာဖြစ်မလဲ တဲ့ ” ဆရာထိန် တွင် ထို အကျင့်ရှိတယ် အဲ့လို မေးတက်သည် ကျွန်တော်လဲ သိပ်စဥ်းစားမနေပဲ “မရောင်းမဝယ် ပေါ့ ဆရာ “ဟု ခပ်မြန်မြန်ဖြေလိုက်တယ်။ ထို့အဖြေကို ဆရာထိန် သဘောတွေ့ ဟန်ရှိသည် ပြုံး၍ “ဟုတ်တာပေါ့ ဆရာ” ဟု ပြန်ဖြေတယ်။
ကျွန်တော်လဲ စာရေးဖို့ အတွေး ရုပ်တရက် ရလိုက်သည် ” အရောင်းအဝယ် နှင့် မရောင်းမဝယ် ” ဒီဆောင်းပါးမှာ လေ့လာသူတို့ သိပြီးသာ ဖြစ်သည့် အရောင်းအဝယ် ကိစ္စ ရပ်တွေကို မပြောပဲနဲ့ မရောင်းမဝယ်ဖြစ်တဲ့ လုပ်ဆောင်ချက်တွေကို လေးထားဖော်ပြသွားပါမယ်။
မရောင်းမဝယ်ခြင်း
အရောင်းသမား တစ်ယောက်က ရောင်းချခြင်းလုပ်ဆောင်များ ကို ဆရာ့့ဆရာ တို့ လမ်းနည်းများအတိုင်း ပြုလုပ်နေသော်လည်း ယခုဆောင်းပါးတွင် စာရေးသူဖော်ပြပေးမည့် အကြောင်းအရာ ၅ မျိုး ကိုပြုလုပ် နေလျှက် စျေးကွက် မရောင်းမဝယ်မှု ကို ဖြစ်ဖော်စေမည် ယခု ဖော်ပြပေးမည့် မရောင်းမဝယ်မှု အကြောင်းအရာ ၅ မျိုးကို လေ့လာသူတို့ ရှောင်ရှာနိုင်စေရန် စာရေးသူ အရောင်းသမားဘဝ မှ ရရှိခဲ့သော လက်တွေ့ အကြောင်းအရာ များကို မျှဝေမှာ ဖြစ်ပါတယ်။
(၁ ) ဝယ်သူဖောက်သည်ဆီ သို့ ပုံမှန်မသွားရောက်ခြင်း
အရောင်းသမား တချို့ သည် မိမိတို့ နေ့စဥ် Sales Way
Plan တွင် ပါဝင်နေသော ဝယ်သူဖောက်သည် ဆိုင်များသို့ ပုံမှန် ဝင်ရောက်မိတ်ဆက်ရောင်းချရန် ပျက်ကွက်နေခြင်းသည် မရောင်းမှုပြုလုပ်ခြင်း၏ အဆိုးအဝါး ဆုံး အကြောင်းအရာ ဖြစ်ပါတယ်။ ဥပမာ ပြောရလျှက်အရောင်းသမား ဝင်ရောက် ရောင်းချခြင်းဆိုင်မရှိသော ဆိုင်သည် သူ့ကို အရောင်းခဏခဏငြင်းထားသောဆိုင် သို့မဟုတ် အကြောင်းအမျိုးမျိုး ကြောင့် ကောင်းမွန်တဲ့ ဆက်ဆံရေမရှိသော ဆိုင်မတည်ဆောက်ထားဆိုင် ဖြစ်ရမည်။ဒါက အရောင်းဆုံးရခြင်း၏ အဓိက အကြောင်းအရာဖြစ်ပါတယ်။
(၂) ဝယ်သူဖောက်သည် နှင့် ကတိပျက်ထားခြင်း
အရောင်းသမားတိုင်း ဖြစ်လေ့ဖြစ်ထ ရှိသည့် အချက်ဖြစ်ပါတယ်။ သို့သော် ကတိပျက်ခြင်းကို ထက်၍ တောင်းပန်းဖို့ ပျက်ကွက်ခြင်းက အရောင်းအခြေအနေ ကို ပိုဆိုးစေသည့်အပြင် အရောင်းသမား၏စကားများကိုပါ အယုံအကြည်မရှိတော့ချေ။ အရောင်းသမား က ဘယ်လိုပဲ ကတိတွေပေးလဲ ပထမအကြိမ် ကတိပျက်ခြင်းကို အမှတ် ရပြီး ရောင်းချခြင်းကို မဝယ်မှုပြုကြသည်ကို စာရေးသူ လက်တွေ့ ခံစားရဖူးပါတယ်။ ကိုယ်တွေ့အဖြစ်ဆိုရသော်အင်းစိန်စျေး၌ အရောင်းသမားဘဝ က ဝယ်သူဖောက်သည် အပေါ် Promotion ပစ္စည်းခံစား ခွင့်ကို ပေးမယ်ပြောပြီး ပေးဖို့ ပျက်ကွက်ခဲ့သည့်အပြင်တောင်းပန်းဖို့ပါ ပျက်ကွက်ခြင်းကြောင့် ဆက်ဆံရေးပျက်သည့် အဖြစ်ဆိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ အဲ့ဒီ ဝယ်သူဖောက်သည်နှင့် ၂နှစ်နီးပါးကြာအောင် ဆက်ဆံရေးပြန်ယုံကြည်လာအောင်ပြန်တည်ဆောက်ခဲ့ရပါတယ်။
(၃) ဝယ်သူဖောက်သည် အပေါ် လိမ်ရောင်းခြင်း သို့မဟုတ် သစ္စာမရှိရောင်းချခြင်း
အရောင်းသမား အပေါင်းတို့ သတိထားကြရမည့် အချက်ဖြစ်ပါတယ်။ ဝယ်သူဖောက်သည် အပေါ်ယနေ့ခေတ် စကားအရဆိုရလျှက် ဂျင်းထည့်ဖို့ မကြိုးစားပါနဲ့ ဘယ်တော့မှ မကြိုးစားပါနဲ့ ဒါကို သတိပေးစေလိုပါတယ်။ ကိုယ့်ရဲ လုပ်ဆောင်ချက်ကို အခုမသိလဲ နောက်တစ်ချိန်မှာ သိခဲ့ရင် ဝယ်သူဖောက်သည်၏ နောက်ထပ် မဝယ်မှု ပြုခြင်းကို ခံရမည်။ ကိုယ့် အဖွဲ့အစည်း၏ ပုံရိပ် ထိခိုက်စေမည့် အပြင် အရောင်းသမားကိုပါ စျေးကွက် Black List အသွင်းခံရပြီး မဝယ်ယူပြုကြရန် အခြားဝယ်သူများကိုပါ သတင်းစကားပြောပေးပါလိမ့်မည်။
(၄) ဝယ်သူဖောက်သည် အပေါ် သဘောထားမကြီးခြင်း
အရောင်းသမားအများစု စိတ်ရှည်ဖို့ လိုအပ်မည်ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရဝယ်သူများ၏ 85% သည် သူတို့ကို စိတ်ရှည်ရှည် နဲ့ ရောင်းချမှုပြုလုပ်ပေးနေသော အရောင်းသမားများကို သဘောကျနှစ်သက်ကြပါတယ်။ ဒါအပြင် သူတို့၏ စောဒက တက်မှုတို့ကိုလည်း စိတ်ရှည်စွာ ရှင်းလင်းပေးနိုင်ဖို့ အရေးအကြီးပါတယ်။ ဥပမာ TV အရောင်းဆိုင်တွင် လုပ်ကိုင်နေရသော အရောင်းသမားဆိုပါတော့ ဆိုင်သို့ လာရောက်သော ဝယ်သူများသည် TV ကို ချက်ချင်း ဝယ်မည်မဟုတ်ပါ TV၏ Size ကိုကြည့်မည် ရုပ်ထွက်ကောင်းမကောင်းကြည့်မည် အသံအားကောင်းမကောင်းကြည့်မည် အခုကြည့်နေတဲ့ TV ကိုမကြိုက်၍ နောက်တစ်လုံး နောက်တစ်လုံး ကြည့်နိုင်မည် အဲ့မှာ အရောင်းသမားသည် စိတ်သဘောထားကြီးဖို့ လိုအပ်မည် သဘောထားကြီးမှု အားနည်းပါကဝယ်သူက မဝယ်မှုပြု သွားလိမ့်မည်ဖြစ်ပါတယ်။ ထိုအပြင် မိမိတို့၏ စျေးကွက်ရပ်တည်မှု ကိုပါ ထိခိုက်နိုင်မည်။
(၅) ဝယ်သူဖောက်သည် ကို ချစ်ခင်နှစ်သက်မှုမရှိခြင်း
အရောင်းသမားတို့သည် နှလုံးသားလှကြသူများသာ ဖြစ်ပါတယ်။ အချစ်တွေ အများကြီးပေးနိုင်သူကအရောင်းသမားများပင်ဖြစ်ပါတယ်။ အပြုံး နှင့် ချစ်ခြင်းတရား က အရောင်းသမား၏ အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။ မိမိတို့ ၏ ဝယ်သူဖောက်သည်များကို ချစ်ခင်နှစ်သက်ဖို့ လိုသည် “ရောင်းသူဝယ်သူအသံတူ ” ဆိုတဲ့ စကားကို လေ့လာသူတို့ ကြားဖူးကြလိမ့်မည်။ ရောင်းသူ၏ အသံလေးကို ကြားသိပြီ ဝယ်သူက ချစ်ခင်လာကာ ဝယ်ယူမှုပြုခြင်းဖြစ်ပါတယ်။
လက်တွေ့ အရောင်းသမား တွေ လိုက်နာ ရမည်က
အပြော အပြုံး နှလုံးသား ကို လက်ကိုင်ထားကြရမည်ဖြစ်ပါတယ်။ ထို့မှ မဟုတ်ပါက ဝယ်သူဖောက်သည် ၏ အကြိမ်ကြိမ် မဝယ်မှု ပြုခြင်းကို ခံကြရမည်ဖြစ်ပါတယ်။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
ရေးသားသူ – Dr.Wai Htet Aung



