
Stage of Team Development
လုပ်ငန်းခွင်တိုင်းမှာ Team တွေရှိနေကြပါတယ် ။ အဖွဲ့အစည်းတစ်ခုရဲ့ ဒေါက်တိုင်အဖြစ် တည်ဆောက်ကြတဲ့အခါ Teamတစ်ခုဖြစ်ဖို့ဆိုတာအရေးကြီးသလို အဲ့ဒိဖွဲ့စည်းလိုက်တဲ့ Team ကလည်း တကယ်ထိရောက်ပြီးအကျိုးဖြစ်ထွန်းစေတဲ့အဖွဲ့အစည်းအတွက် ဒေါက်တိုင်လေးတစ်ခုဖြစ်နေဖို့လိုပါတယ်။
အဲ့လို Teamလေးတွေဖွဲ့စည်းထားတဲ့ များစွာလှသောTeamများပေါင်းစုပြီး အဖွဲ့အစည်းတစ်ခုလုံးဖြစ်တဲ့ Organization Development ဖြစ်စေဖို့အတွက်ဆောင်ရွက်ရတာဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် ။
ဒီတော့ Team ဆိုတဲ့ အဓိပ္ပါယ်လေးကိုတစ်ချက်ကြည့်ရအောင်
Team ဆိုတဲ့ စကားလုံးလေးကို တစ်လုံးချင်းအနက်ဖွင့်ရင် –
T – Together
E –Everyone
A – Achieve
M – More
လို့ဆိုပြီး အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းက ပိုပြီးအောင်မြင်မှုကိုရရှိနိုင်တယ်ဆိုတဲ့အချက်အဖြစ်ဖွင့်ဆိုချင်ပါတယ်။
ဒီတော့ လူတစ်ဦးချင်းတစ်ယောက်ချင်းစီ ဆောင်ရွက်နေရတဲ့လုပ်ငန်းခွင်တွေမှာ ပူးပေါင်းဆောင်ရွက်ရတဲ့အခါ ပိုပြီးထိရောက်တဲ့စွမ်းဆောင်ရည်ကိုရရှိအောင် Teamအဖြစ် ဆောင်ရွက်သလို Team ကိုလည်း Developmentဖြစ်အောင် ဆောင်ရွက်ပေးရတဲ့အပိုင်းကလည်း အရေးကြီးတဲ့အပိုင်းဖြစ်လာပါတယ်။
နောက်တစ်ချက်ကတော့ Team work နဲ့ပတ်သက်တဲ့ Theory တစ်ခုဖြစ်တဲ့ Synergy Theory အရ 1+1>2 ဖြစ်တဲ့အတွက် တစ်ယောက်ချင်းစီလုပ်ရတဲ့အခါထက် နှစ်ယောက်ပေါင်း လုပ်ဆောင်ကြတဲ့အခါ (၂) ဦးထက်ပိုမိုတဲ့စွမ်းဆောင်ရည်မျိုးရရှိနိုင်တယ်ဆိုတာ အသေအချာပါပဲ။
ဒါပေမဲ့ အဲ့ဒီဖွဲ့စည်းထားတဲ့ Teamကလည်း တကယ်ထိရောက်ပြီး Effectiveဖြစ်စေဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြောနေကျစကားတွေအရ (၂) ယောက်ရှိရင် (၃) ဖွဲ့ကွဲတယ်ဆိုတာမျိုးကတော့ အောင်မြင်တဲ့ အသင်းအဖွဲ့ တစ်ခုဖြစ်စေမှာမဟုတ်ပါဘူး။
ဆက်ပြီးတော့ အသင်းအဖွဲ့တစ်ခုတည်ဆောက်ကြတဲ့အခါ ဒီလိုမျိုးမဖြစ်စေဖို့ လိုအပ်တဲ့ Team Development နဲ့ပတ်သက်တဲ့ အဆင့်လေးတွေကိုတစ်ဆင့်ချင်းတည်ဆောက်ရင်း မိမိ အဖွဲ့အစည်းကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ဖို့လိုပါတယ် ။ တကယ်လို့ ဒီအဆင့်တွေအတိုင်းသာ အဆင့်ဆင့်ပြောင်းလဲသွားမယ်ဆိုရင် အောင်မြင်တဲ့ Team Developmentတစ်ခုဖြစ်မယ်ဆိုတာကိုအသေအချာပါပဲ။
(Stage 1: Forming)
ဒီအဆင့်ကတော့ ပထမဆုံးအသင်းအဖွဲ့တွေ စတင်တည်ထောင်တဲ့အခါမှာ ဘာတွေကိုပြင်ဆင်သတ်မှတ်သင့်သလဲဆိုတာကို ဖော်ပြထားရမယ့်အဆင့်ပါ။ ကြိုးစားတည်ဆောက်ရတဲ့ အခြေအနေ ပထမအဆင့်မှာ လူတွေကိုပါ၀င်ပတ်သက်စေကို အစပိုင်းအဆင့်အနေနဲ့ ဆောင်ရွက်ရပါတယ်။ တစ်ဦးချင်းရဲ့ မတူညီတဲ့ အရည်အချင်းတွေ ၊ ကျွမ်းကျင်မှုတွေကို စုပေါင်းဆောင်ရွက်နိုင်ဖို့ တည်ဆောက်ရတဲ့အဆင့်ဖြစ်ပါတယ်။ Team တစ်ခုရဲ့ အစပိုင်းကိုတည်ဆောက်ရတဲ့အဆင့်အခြေအနေမှာ ပါ၀င်သူများအကြားစုစည်းတည်ဆောက်ရတဲ့အချိန်ဖြစ်ပါတယ်။ မိမိအသင်းအဖွဲ့အတွက် ကနဦးချမှတ်ထားရမယ့် Vision ,Mission တွေကို ချမှတ်အကောင်အထည်ဖော်ရမယ့်အဆင့်ပါ။ ရှေ့လုပ်ငန်းစဉ်များအတွက် တိကျတဲ့လမ်းညွန်ချက်တွေ ၊ ဖွဲ့စည်းပုံတွေကို သေချာစွာပြင်ဆင်ရေးဆွဲရမယ့်အဆင့်ဖြစ်ပါတယ်။
(Stage 2: Storming)
ဒုတိယအဆင့်ကတော့ မိမိတို့ အသင်းအဖွဲ့ရဲ့ချမှတ်ထားတဲ့ မူဝါဒတွေ ၊ Vision , Mission တွေအပေါ်မှာ သဘောထားကွဲလွဲမှုတွေ စဉ်ဆက်မပြတ်ဖြစ်တတ်တဲ့အချိန်ပဲဖြစ်ပါတယ် ။ တစ်ဦးအပေါ်တစ်ဦး ပိုပြီးနားလည်စေတတ်ဖို့နဲ့ တစ်ယောက်ဆီကနေနောက်တစ်ယောက်က အပြန်အလှန်လေ့လာသင်ယူစေတတ်စေဖို့ ပေါင်းစပ်ဆောင်ရွက်မှုတွေဖြစ်ကြတဲ့အဆင့်လို့ပြောလို့ရပါတယ် ။ ရင်းနှီးစွာဆက်ဆံရေးရှိကြပြီး အပြန်အလှန်နားလည်နိုင်မှုတွေကိုပြုနိုင်ကြတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်စေလာနိုင်သလို ၊ ဒီအခြေအနေမှာပဲ တစ်ချို့Team Member တစ်ချို့ နှုတ်ထွက်သွားတတ်လာလည်း ကြုံတွေ့ရနိုင်ပါတယ်။
(Stage 3: Norming)
ဒီအဆင့်ကိုရောက်လာရင်တော့ ယုံကြည်ချက်၊ မသိစိတ်တွန်းအားတွေနဲ့ ဖြစ်စေ မိမိအဖွဲ့အစည်း တိုးတက်ရေးအတွက် လုပ်ငန်းခွင်အတွင်းမှာ ဆက်သွယ်ရေးတစ်ခုထားရှိက စံချိန်းစံညွှန်းတစ်ခုကို သဘောတူတည်ဆောက်ပြီး ဆောင်ရွက်ကြတဲ့အခြေအနေတစ်ခုဖြစ်တတ်ပါတယ်။
(Stage 4: Performing)
ဒီအဆင့်ကတော့ Real work of the team is progressing လို့ဆိုလိုရပါတယ်။ ဒီအဆင့်မှာ လုပ်ငန်းခွင်အတွင်းက ဆက်ဆံရေးတွေ၊ လုပ်ငန်းဆောင်ရွက်ချက်တွေကောင်းမွန်ထိရောက်အောင် အသင်းအဖွဲ့ တစ်ခုရဲ့ မူလရည်ရွယ်ချက်ကို အတူတကွပူးပေါင်းဆောင်ရွက်ကြရတဲ့အဆင့်ဖြစ်သလို ဆောင်ရွက်ရတဲ့အပိုင်းဖြစ်ပါတယ် ။ တက်ညီလက်ညီလုပ်ဆောင်နေကြတဲ့ အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။
(Stage 5: Adjourning or Transforming)
ဒီနောက်ဆုံးအဆင့်မှာတော့ Teamတစ်ခုက ဘယ်လောက်ကြာရှည်စွာတည်တံ့နေမလဲဆိုတာကို အတူတကွလုပ်ကိုင်နေတယ်ဆိုတာကို မှီခိုနေပါတယ် ။ ဒီအဆင့်ကတော့ ကျန်တဲ့အဆင့်လေးဆင့်ကို ခြုံငုံသုံးသပ်ပြီးလုပ်ဆောင်ခဲ့တဲ့အဆင့်တိုင်းအတွက် အားနည်းချက် ၊ အားသာချက်တွေကို ပြန်လည် သုံးသပ်ရမှာဖြစ်ပါတယ်။ တကယ်လို့ မိမိ Team က Project Base ဖြစ်နေခဲ့မယ်ဆိုရင် နောက်ထပ် Project အသစ်တစ်ခုအတွက် ထပ်မံပြင်ဆင်ရမှာဖြစ်ပါတယ်။
အထက်ကတင်ပြခဲ့တဲ့ Team Development ဖြစ်စဉ်အတွက် အဆင့် (၅) ဆင့်ကို သေချာစွာသုံးသပ်ပြီး မိမိ Team ကို ဘယ်လိုပုံစံနဲ့ ဖွံ့ဖြိုးတိုးတတ်အောင်လုပ်မလဲဆိုတာကို ရောက်ရှိနေတဲ့ Stageအပေါ် မူတည်ပြီး ဆောင်ရွက်နိုင်ပါတယ်။
ရေးသားသူ – Goldie Kyaw



