
ကြွက်ထောင်ချောက်နှင့် အဖွဲ့အစည်းသံသရာ
အဖွဲ့အစည်းတွေမှာ အမြဲတွေ့နေရတဲ့ အကြောင်းအရာတစ်ခုက ဒီကိစ္စ ငါနဲ့ မဆိုင်ဘူးဆိုတာပါပဲ ။
အလုပ်မှာ ၀န်ထမ်းတစ်ယောက် မသမာမှု လုပ်တယ် ၊ ငါနဲ့ မဆိုင်ပါဘူး ဆိုပြီး သက်ဆိုင်ရာတာ၀န်ရှိသူကို မပြောဘူး ၊
ဖောက်သည်တစ်ယောက်စျေး၀ယ်လာလို့ ကိုယ့်ဆိုင် ကိုယ့်၀န်းထဲ ရောက်လာရင် အရောင်းတာ၀န်ရှိသူက လွဲလို့ တစ်ခြားဌာနက ၀န်ထမ်းတွေက ငါနဲ့ မဆိုင်ဘူးဆိုပြီးနေတတ်တဲ့ အလေ့အကျင့်တွေ၊
အဖွဲ့အစည်းမှာ အရိုးစွဲလာရင် ဒီပုံပြင်လေးကို ဖတ်ကြည့်ပါ ။
တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမာတစ်ဦးရဲ့အိမ်မှာနေသတဲ့။ တစ်နေ့ လယ်သမားက
ကြွက်ထောင်ချောက် တစ်ခု့ဝယ်လာတာကို ကြွက်ကလေးမြင်သွားပါတယ်။ ကြွက်ကလေးဟာ စိုးရွံ့စွာနဲ့
ခြံထဲကိုဆင်ပြီး တခြားတိရစ္ဆာန်တွေကို လိုက်သတိပေးပါတယ်။
“အိမ်ထဲမှာကြွက်ထောင်ချောက်ရှိတယ်”လို့အကြိမ်ကြိမ်လိုက်ပြောသတဲ့။
ကြက်ဖကြီးဆီရောက်တော့ကြက်ဖကြီးက
” ဟေ့ရောင်ငကြွက် အဲ့ဒါ မင်းနဲ့ပဲဆိုင်တယ်… ငါပူစရာမလိုဘူး” လို့ပြောလိုက်တယ်။
ဒါနဲ့ ဝက်ကြီးဆီ ရောက်ပြန်တော့ဝက်ကြီးကလည်း
” စိတ်မကောင်းပါဘူး ငကြွက်ရာ…ငါ မင်းအတွက်ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး” ပြောလိုက်ပြန်တယ်
နွားကြီးဆီရောက်ပြန်တော့လည်း”
ဒီမှာငကြွက်… အဲ့ဒါမင်းကိစ္စ… အဲ့ဒါကိုစိတ်မဝင်စားဘူးဒိုးတော့လို့” နှင်ထုတ်လိုက်တယ်။
ဒါနဲ့ ကြွက်ကလေးဟာ စိတ်ပျက်လက်ပျက်နဲ့ပဲ ဒီထောင်ချောက်ကို သူတစ်ကောင်းတည်း ဘယ်လို ဖြုတ်ရပါ့မလဲလို့
စဉ်းစားနေမိပါတော့တယ်။
အဲ့ဒီညမှာပဲကြွက်ထောင်ချောက်က အသံကြားတာနဲ့လယ်သမားကြီးရဲ့ မိန်းမဟ ဘာများမိနေမလဲ ဆိုပြီး
မှောင်ကြီးမည်းထဲသွားကြည့်ပါတယ်။ မမြင်မစမ်းနဲ့ကိုင်လိုက်တဲ့ ထောင်ချောက်မှာ မြွေတစ်ကောင်ရဲ့
အမြီးကို မိနေတာဆိုတော့ဒေါသထွက်နေတဲ့မြွေကကိုက်လိုက်ပါရောတဲ့။
ဒါနဲ့ဆေးရုံးရောက်သွားပါတယ်……
ဆေးရုံးကဆင်းလာတဲ့ အခါမှာလည်းနေမကောင်းဘဲအိပ်ယာထဲလဲနေပါတယ်။ လယ်သမားကြီးက လူမမာ
အားရှိအောင် ကြက်စွတ်ပြုတ်လေး တိုက်မှပဲဆိုပြီး ခြံထဲကကြက်ဖကြီးကို သတ်လိုက်ပါသတဲ့ ။
ဒါပေမယ့်လူနာကမသက်သာတော့အိမ်နီးနာချင်တွေလာမေးကြတာပေါ့။ လာမေးတဲ့ဧည့်သည်တွေဧည်ခံရ အောင်ဆိုပြီးဝက်ကြီးကိုလည်းပေါ် လိုက်ရပြန်ပါသတဲ့။
နောက်ဆုံးတော့ လယ်သမားကြီးမိန်းမဟာ သေသွားပါတယ်။ဒါနဲ့ရက်လည်ဆွမ်းသွပ်ဖို့အတွက်နဲ့နွားကြီးလည်းသွားပါလေရောတဲ့။
ကြွက်ကလေးကတော့ ဒီအဖြစ်အပျက်တွေကိုစိတ်မကောင်းစွာနဲ့ပဲ လက်ပိုက်ကြည့်နေခဲ့ရပါတော့တယ်။
မိမိ အသိုက်အ၀န်း အဖွဲ့အစည်းအတွင်းက တစ်စုံတစ်ဦးဒုက္ခရောက်တဲ့အခါ ငါနဲ့မဆိုင်ဘူးလို့ မတွေးပါနဲ့။ အားလုံးမှာတာဝန်ရှိ တယ်ဆိုတာ မမေ့ပါနဲ့ ။
သင့် ခေါင်းရင်းအိမ်က မီးပေါ့ဆရင် သင့်အိမ်လည်း မီးလောင်တဲ့ အထဲပါမှာပါပဲ ၊ ကိုယ့်ဌာန ကိုယ့်အလုပ်က အရေးကြီးတာမှန်ပေမဲ့ မိမိအဖွဲ့အစည်းအတွင်းမှာ ဆက်စပ်နေတဲ့ လုပ်ငန်းတွေရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းဟာ လည်း သင်နဲ့ သက်ဆိုင်မှုရှိနေတာ ဆိုတာ မမေ့သင့်ပါဘူး ။
သံသရာလည်နေတဲ့ အဖွဲ့အစည်းအတွင်းမှာ သင်လည်းပါ၀င်နေတယ်ဆိုတာ အသေအချာပါပဲ ။
ရေးသားသူ – Htain Lin Kyaw (HR)



